ရခိုင်နိုင်ငံတော်လို့ ပြောဆိုနေကြတဲ့ စကားလုံးဟာ သမိုင်းမှာ မှားယွင်းနေပါတယ်။ ရခိုင်လူမျိုးစုတစ်စုတည်းက မောင် ပိုင်စီးပြီး အမည်နာမ ကင်းပွန်းတပ် ခေါ်ဆိုထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ပင်လယ်ကမ်းမြောင် ဒေသကြီးဟာ နိုင်ငံတစ်ရပ်အနေနဲ့ ဘီစီ ၃၃၂၅ ခုနှစ်ကတည်းက တည်ရှိခဲ့တယ်လို့ သမိုင်းမှာ ဖေါ်ပြပြီး- ရခိုင်နေပြည် တော်ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ နာမည်နဲ့ နိုင်ငံကို ထူထောင်ခဲ့ခြင်း မဟုတ်ပါ။ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး- ဆိုတဲ့ နေရာဒေသအမည်များနဲ့သာ တိုင်းပြည်အဖြစ် ထူထောင်ခဲ့တာ ကိုတွေ့ရပါတယ်။
ဓည၀တီနေပြည်တော်ခေတ်မှသည် မြောက်ဦးနေပြည်တော်ခေတ်အထိ တိုင်းပြည်အုပ်ချုပ်မှု ဧရိယာဟာ စစ်တကောင်းမှ သည် မော်ဒင်စွန်းထိ ရှိခဲ့ပါတယ်။ အထူးသဖြင့် မြောက်ဦးခေတ် အေဒီ ၁၄၃၃ ခုနှစ် မင်းစောမွန် (မွတ်စလင်အမည် အလီ ခန်) က စပြီး အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ သတ်မှတ်ထားတဲ့ နိုင်ငံရဲ့ ထက်ဝက် စစ်တကောင်းနယ် တစ်ခုလုံးနဲ့ ဒါ့က်ကားထိ ဓည၀တီနိုင်ငံတော်ထဲမှာ ပါဝင်ခဲ့ပါတယ်။ မြောက်ဦး နေပြည်တော် နိုင်ငံရဲ့ နောက်ဆုံးမင်း မဟာသမ္မတရာဇာ နန်းတက် လာတော့၊ သူဟာ ရမ်းဗြဲ- ဇိန်ချောင်း ဇာတိဖြစ်လို့ မြောက်ပိုင်းသားများက မကျေမနပ် ဖြစ်လျှက် ကုန်းဘောင်မင်း ဘိုး တော်ဦးဝိုင်းဆီမှာ စစ်ကူတောင်းပြီး တောင်ပိုင်းသား သမ္မတမင်းကို ထီးနန်းဖြုတ်ချစေခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာ မြောက်ဦး နေပြည်တော်ကို ဗမာက သိမ်းလိုက်တယ်။ ဒီလိုသိမ်းလိုက်တော့လည်း- မြောက်ဦးနေပြည်တော် ပိုင်မြေသည် မောင်းတော မြို့မှ ဂွမြို့ထိ ဖြစ်စေရမည်ဟု သတ်မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦးနေပြည်တော်ကို သိမ်းပိုက်သည် ဆိုခြင်းမှာ မြောက်ဦးနေ ပြည်တော် ပိုင်ဆိုင်ရာ နယ်နမိတ်အားလုံးကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗမာများရဲ့ လက်အောက်မှာ မနေလို လို့ အင်္ဂ လိပ်ကို စစ်ကူတောင်းပြီး ဗမာကို ပြန်လည်တော်လှန်ခဲ့ပြီး ၁၈၂၆ ခု ရန်တပို စာချုပ်အရ အင်္ဂလိပ် လက်အောက်ကို ရောက် သွားတဲ့ မြောက်ဦးနေပြည်တော်ဟာ- မောင်းတောမှ ဂွမြို့ထိ ဖြစ်စေရမယ်လို့ သတ် မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦး နေပြည် တော်က ပိုင်စိုးအုပ်ချုပ်ခဲ့ရာ ဒေသတစ်ခုလုံးကို အင်္ဂလိပ်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက မင်းတွေ ခေတ်တွေပဲ ပြောင်းသွားတယ်၊ မြောက်ဦးနေပြည်တော်ရဲ့ အကျယ်အ၀န်းနဲ့ အဲ့ဒီမှာ နေခဲ့တဲ့ တိုင်းရင်းမျိုးနွယ်စုတွေက ပျောက်ပျက်သွား ခြင်း မရှိခဲ့ပါ။
ဘီစီ ၃၃၂၅ ခုနှစ်- ဓည၀တီခေတ်ကစ စစ်တကောင်းထိ ကျယ်ဝန်းခဲ့တဲ့ နိုင်ငံတစ်ခုကို ၁၉၄၈ (နု- အက်တလီ) စာချုပ်မှာမှ ပိုင်းခြားခံလိုက်ရခြင်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မင်းတွေက မွတ်စလင်ဘွဲ့ မခံယူခဲ့တဲ့ အကြောင်းရင်း က အဲ့ဒီခေတ်တွေက အစ္စလာမ်သာသနာလည်း မပေါ်သေးသလို၊ စစ်တကောင်း ဒေသကိုလည်း အစ္စလာမ် သာသနာ မရောက်သေးပါ။ အဲ့ဒီ ဒေသကို အစ္စလာမ်သာသနာက အေဒီ ၁၂ ရာစု လောက်မှစတင်ရောက်လာခဲ့တာပါ။ ဒီရာစုတွေ မတိုင်မှီ ရှေးပဝေဏသီကပဲ ဒီလူမျိုးတွေဟာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နေပြည်တော်အတွင်းနေ လူမျိုးများ ဖြစ်ပြီး- သူတို့ဟာ သူတို့ လွတ်လပ်စွာ ဘာသာကူး ပြောင်း သွားခဲ့ခြင်းသာ ဖြစ်တယ်။ အဲ့ဒီ ခေတ်က ဘုရင်မင်းများကလည်း တိုင်း သူပြည်သားများ ကြိုက်နှစ်သက်ရာကို ကိုးကွယ်ယုံကြည်စေခဲ့လို့ သူတို့ကိုယ်တိုင် သာသနာပြောင်းခွင့် ရခဲ့ခြင်း ဖြစ်တယ်။ မဂိုမင်းတွေက နယ်လု သာသနာပြုခဲ့ခြင်း မဟုတ်ပါ။ မဂိုမင်းများ စစ်တကောင်းနယ်ကို ရောက်လာတဲ့ သမိုင်းက ၁၆၆၆ ခုနှစ် ဖြစ်တယ်။ ဒီမတိုင်မှီကတည်းက မြောက်ဦးပြည့်ရှင် မင်းစောမွန်က အလီခန် ဆိုတဲ့ မွတ်စလင်ဘွဲ့ကို ကိုယ်တိုင် ခံယူပြီး ဖြစ်နေခဲ့ပါပြီ။ ၁၆၆၆ ခုနှစ်မှာ မဂိုမင်းတွေ စစ်တကောင်းကို သိမ်းပိုက်ခဲ့ပေမယ့်- သူတို့က စစ်တကောင်း နယ်ကို မြောက်ဦးနေပြည်တော်ထံပဲ ပြန်အပ်ခဲ့ပါတယ်။
နေပြည်တော် တစ်ခုတည်း အတွင်း နေထိုင်ခဲ့တဲ့ လူမျိုးစုံဟာ အဲ့ဒီနေပြည်တော်အတွင်းမှာ လွတ်လပ်စွာ သွားလာနေထိုင် အခြေချခဲ့ပါတယ်။ ရခိုင်ဗုဒ္ဓဘာသာများ စစ်တကောင်းနယ်ထဲမှာ အင်နဲ့အားနဲ့ တည်ရှိသလို၊ ရိုဟင်ဂျာများ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲထိ အင်နဲ့အားနဲ့ တည်ရှိနေခဲ့ပါတယ်။ မြန်မာပြည်မထဲက မွန်နဲ့ ဗမာကဲ့သို့ တည်ရှိနေခဲ့ပါတယ်။ (ဒီကိစ္စက သမိုင်းလိမ် မဟုတ်ပါ။ ရခိုင်ရာဇ၀င်ကျွမ်းကျင်သူ ရခိုင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့ သမိုင်းအထောက်အထား အားဖြင့် သော်လည်းကောင်း၊ ယုတ္တဗေဒအားဖြင့် သော် လည်း ကောင်း ဖျောက်ဖျက်၍ မပျောက်နိုင်သေးသော လက်တွေ့ သမိုင်းအထောက်အထားများဖြင့် သော်လည်း ကောင်း မည်သူနှင့်မဆို ရှင်းနိုင်ပါတယ်။)
ကိုလိုနီဖြစ်ရတဲ့ ကမ္ဘာ့နိုင်ငံငယ်တွေ လွတ်လပ်ရေး ရတော့မယ် ဆိုတော့-၊ အင်္ဂလိပ်တို့ရဲ့ ဘုရင်ခံခွဲ အုပ်ချုပ်မှု ဒေသ တစ်ခုစီကို နိုင်ငံတစ်ခုအဖြစ် လွှဲအပ် လွတ်လပ်ရေးပေးရတော့မှာပါ။ ဒီအချိန်အခါမှာ ဘာသာရေးအရ ဖြစ်စေ၊ သမိုင်း အရဖြစ်စေ သီးခြားဖြစ်တည်ခဲ့တဲ့ ဒေသနဲ့ လူမျိုးများက ခွဲထွက်ရေးကို လုံးပန်းခဲ့ပါတယ်။ အနီး စပ်ဆုံး အိန္ဒိယပြည်ကို ကြည့်ပါ။ အင်္ဂလိပ်မအုပ်ချုပ်မှီက မဂိုလ်မင်းများ လက်ထက် တစ်နိုင်ငံတည်း ဖြစ်ခဲ့တဲ့ ဒေသကြီးကို လွတ်လပ်ရေး ရယူစဉ် မှာ အိန္ဒိယနဲ့ ပါကစ္စတန်လို့ ခွဲယူခဲ့ကြပါတယ်။ ပြသနာက ခေါင်းဆောင်ချင်း အာဏာလုတဲ့ ကိစ္စပါ။ အလီဂျင်းနားကြီးနဲ့ ဂန္ဒီကြီးတို့ အချင်းချင်း အစာကြေအောင် မဆွေးနွေးနိုင်ခဲ့တာက စတယ်လို့ ဆိုရပါမယ်။ လူများစုကြီး ဖြစ်တဲ့ ဟိန္ဒူများက လူနည်းစု မွတ်စလင်တွေကို ဖိနှိပ်လာရင် ဘယ်လို လုပ်မလဲ ဆိုတာ ဥပဒေ မပြုနိုင်ခဲ့လို့ မွတ်စလင်များက စိုးရိမ်ပြီး မွတ်စလင်များရာ နယ်များကို သီးခြားခွဲယူ ခဲ့ရတဲ့ အဖြစ်ပါ။ ဒီလို နိုင်ငံခွဲယူတာက အရေးမကြီးဘူး ပြသနာက နိုင်ငံခွဲတဲ့ အခါမှာ မွတ်စလင်များ မွတ်စလင်များရာ ဒေသကိုပြောင်း၊ ဟိန္ဒူများက ဟိန္ဒူများရာ ဒေသကိုပြောင်း- (မပြောင်းချင်ရင် လည်း အတင်းအဓမ္မ ပြောင်း)နဲ့ လူသန်းပေါင်းများစွာ သေကျေခဲ့ရပါတယ်။
လွတ်လပ်ရေး သမိုင်းတစ်လျှောက် အိန္ဒိယနဲ့ ဆင်တူခဲ့တဲ့ မြန်မာဟာ အိန္ဒိယ အတုကို အကုန်ခိုးချခဲ့တယ်လို့ ပြောနိုင် တယ်။ အဓိက ပြသနာက ရခိုင်က စခဲ့ပြန်တယ်။ ရခိုင်ဘုန်းကြီး ဦးစိန္တာဟာ ရခိုင်ကို မြန်မာက သီးခြားခွဲ ထွက်ပြီး သီးခြား နိုင်ငံ ထူထောင်လိုခဲ့တယ်။ ဒါပေမယ့် သူ့အိပ်မက် ရခိုင်နိုင်ငံ ဆိုတာ မြောက်ဦးနေပြည်တော် လွတ်လပ်ရေးဆုံးရှုံးခဲ့တဲ့ နိုင်ငံတစ်ခုလုံး မဟုတ်ဘဲ- ရခိုင်ဗုဒ္ဓဘာသာများသာ သီးသန့်နေထိုင်တဲ့ ရခိုင်နိုင်ငံ တော် အဖြစ် စိတ်ကူးယဉ်ခဲ့တယ်။ ဒီအတွက် ပါကစ္စတန်နဲ့ အိန္ဒိယ လူချင်း ကူးပြောင်းနေရာရွှေ့မှုကို အတုယူပြီး ရခိုင်ဒေသက မွတ်စလင်များကို စစ်တ ကောင်းထဲကို မောင်းထည့်၊ စစ်တကောင်းဒေသက ရခိုင်ဗုဒ္ဓဘာသာများ ကို ရခိုင်ပြည်ထဲကို မောင်းထည့်တဲ့ စီမံချက်ကို စတင်ခဲ့တယ်။ ဒီကိစ္စကို သူနဲ့ အပေါင်းပါ တစ်စုသာ လက်ခံခဲ့ပြီး သာမန်ပြည်သူကြီး ဘယ်မှာနေနေ ကိုယ့်ဒေသကို ကိုယ်ချစ်နေတော့ ရွေ့ပြောင်းရ ခက်ခဲခဲ့တယ်။
ဒီအတွက် လူဆိုးလူမိုက် တစ်ချို့ကို မွေးပြီး မွတ်စလင်လူနည်းစုနေ ကျေးရွာများက မွတ်စလင်တွေရဲ့ အိမ်တွေ ကို မီးရှို့၊ မွတ်စလင်တွေကို သတ်ဖြတ်မောင်းထုတ်ခဲ့တယ်။ ဒီတော့ မွတ်စလင်တွေဘက်ကလည်း မခံမရပ်နိုင် ဖြစ်- မွတ်စလင်များတဲ့ ဒေသက ရခိုင်ဗုဒ္ဓဘာသာ အိမ်တွေကို မီးရှို့၊ ရခိုင်ဗုဒ္ဓဘာသာများကို မောင်းထုတ် အပြန် အလှန်ဖြစ်ကုန် တယ်။ ဒီကစ လူမျိုးရေး အဓိကရုန်းကြီး ဖြစ်သွားတယ်။ ဒီကိစ္စကြီးက မြန်မာပြည် လွတ်လပ်ရေး ရလုရလု အချိန် ၁၉၄၂ ခုနှစ်က ဖြစ်ရပ်ပါ။ လွတ်လပ်ရေး ရပြီ ဆိုတာနဲ့ ပါကစ္စတန်ကို အတုခိုးပြီး- ဦးစိန္တာက ရခိုင် ဗုဒ္ဓဘာသာ နိုင်ငံထူထောင်ဘို့ စိတ်ကူးယဉ်ခဲ့ပါတယ်။
ဦးစိန္တာရဲ့ ရည်ရွယ်ချက်ကို စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ တို့မှာ ရှိတဲ့ ဆရာတော်ကြီးတွေက သဘောမတူ ခဲ့ဘူး။ ဆရာတော်ကြီးများက ဘုန်းကြီးနဲ့ နိုင်ငံရေး မပတ်သက်လို့ ခံစားခဲ့တယ်။ ဒါကြောင့် ဦးစိန္တာကို ကန့်ကွက် ခဲ့တယ်။ အထူး သဖြင့် ရမ်းဗြဲဆရာတော်၊ သံတွဲဆရာတော်ကြီးများက ကန့်ကွက်ခဲ့ခြင်း ဖြစ်တယ်။ ဒါကြောင့် ရမ်းဗြဲနဲ့ သံတွဲနယ်က လူတွေ ကို ဗမာလူ- (အောက်သား) များလို့ ကင်ပွန်းတပ်ခဲ့တယ်။
ဦးစိန္တာရဲ့ လှုပ်ရှားမှု အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်များကို အတော်အတန် သွင်းနိုင်ခဲ့သလို၊ ရခိုင်ပြည်ထဲက မွတ်စ လင်များကိုလည်း အတော်အတန် မောင်းထုတ်နိုင်ခဲ့တယ်။ အထူးသဖြင့် လူနည်းစုနေ နေရာဒေသ များမှာ ဖြစ်ခဲ့တယ်။
၁၉၄၂ ခုနှစ်- ရခိုင်ခွဲထွက်ရေး ခေါင်းဆောင် ဘုန်းကြီးဦးစီန္တာရဲ့ ပရောဂဖြင့် ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့ အထိကရုန်းကြီးကို- အမှန်တကယ်မှာ ဗမာလူမျိုး ဗိုလ်ရန်နိုင်ရဲ့ ပရောဂ ဖြစ်ပြီးတယ်၊ ဂျပန်ခေတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထားတဲ့ ရခိုင်ဘက်သို့ ဗိုလ်ရန်နိုင်ရဲ့ စစ်ကြောင်း ချီတက်လာစဉ် လမ်းခရီးမှာ လုယက်မှုများ၊ မုဒိန်းမှုများ၊ မတရားသတ်ဖြတ်မှုများ များစွာ ကျူးလွန်ခဲ့ပြီး အဲ့ဒီရာဇ၀တ်မှုများအား လမ်းကြောင်းလွှဲရန် မွတ်စလင်၊ ဗုဒ္ဓဘာသာ အဓိကရုန်းကြီးကို ဖန်တီးလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာအေးကျော် အပါအ၀င် ရခိုင်သမိုင်းသုတေသီ တစ်ချို့က ပြောဆိုကြတယ်။
ဒီအဆိုကို ရိုဟင်ဂျာ ပညာရှင်များက လက်မခံပါ။ ဒီစကားက “လူလိမ္မာ ပိန္နဲသီးစား လူမိုက်ပါးသုတ်” ခြင်းသာ ဖြစ်တယ်။ ဗမာနဲ့ ငါတို့ကြားမှ ဘာပြသနာမှာ မရှိခဲ့၊ ၁၉၄၂ ခု အထိကရုန်း မဖြစ်မှီကပဲ--၊ ရခိုင်ဗုဒ္ဓဘာသာ များ ကြားထဲမှာ ဂျပန် အားကိုးနဲ့ မွတ်စလင်မုန်းစိတ်များကို ဦးစိန္တာအုပ်စုက လှုံ့ဆော်ပြီးသား ဓါတ်ခံက ရှိနေပြီလို့ ပြောဆိုကြတယ်။
မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေး ရယူခြင်းကို ဦးစိန္တာက လက်မခံပါ။ ရခိုင်ပြည် (ရခိုင်နိုင်ငံတော်)ကို ဗမာ လက် အောက်က သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်သာ ခွဲထွက်ဘို့ ဦးစိန္တာက ရွယ်ရွယ်ခဲ့တယ်။
ရခိုင်နဲ့ ပတ်သက်ပြီး မြန်မာတို့ရဲ့ ခံစားချက်၊
မြန်မာဘက်ကလည်း ရခိုင်ဆိုတာ မြန်မာနိုင်ငံရယ် စတင်ထူထောင်တဲ့ ပုဂံခေတ်ကတည်းကစ မြန်မာနိုင်ငံရဲ့ လက် အောက်ခံ နိုင်ငံဖြစ်ခဲ့တယ်။ အင်းဝမင်း မင်းခေါင် လက်ထက်ရောက်မှ မြောက်ဦးမင်း နရမိတ်လှက ဘန်ဂေါစစ်သား ထောင်ပေါင်းများစွာကို ဦးဆောင်တဲ့ မွတ်စလင်ဗိုလ်ချုပ် လ၀ီခန်ရဲ့ အကူအညီနဲ့ ၁၄၂၉ ခုနှစ်မှာ ဗမာကို တော်လှန် ပုန်ကန် ခဲ့တာ ဖြစ်တယ်။ အင်းဝ ခေတ်ကစ ဗမာအင်ပါယာကို အရှေ့ဘက် (ယိုးဒယား) ဘက်သာ ဦးတည် ချဲ့ထွင်နေတာ ဖြစ်လို့ ရခိုင်ဘက်ကို မကြည့်အားပေမယ့်- ရခိုင်၊ မွန်၊ ရှမ်း တို့ဟာ ဗမာရဲ့ လက်အောက်ခံနယ်တွေ ဖြစ်တယ်လို့ စိတ်မှာ စွဲမှတ်နေခဲ့ တယ်။ ဗမာဘက်မှာ အင်းဝ မင်းဆက်၊ တောင်ငူ (ညောင်ရမ်း)မင်းဆက်၊ ကုန်းဘောင်မင်းဆက်များ ပြောင်း သွားခဲ့ပေမယ့် ရခိုင်ဘက်မှာ မြောက်ဦး မင်းဆက်က အပြောင်းအလဲမရှိ မြောက်ဦးနေပြည်တော်ကို ထိမ်းသိမ်း ထားနိုင်ခဲ့ တယ်။
မြောက်ဦး မင်းဆက် ဘယ်လိုပင် အားကောင်းအားကောင်း မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင်ပြီးကတည်းက မြန်မာထဲ မှာ တည်ရှိလာတဲ့ ဗမာများ သတ်မှတ်တဲ့ ရခိုင်ပြည်ဟာ- မြန်မာနိုင်ငံနဲ့ အဆက်အသွယ် မပြတ်တည် ရှိခဲ့တယ်။ မြောက်ဦး မင်းဆက်ကို တော်လှန်ပုန်ကန်တဲ့ အုပ်စုတွေက မနိုင်ရင် မြန်မာနိုင်ငံထဲကို ထွက်ပြေး တိမ်း ရှောင်တာမျိုးရှိသလို၊ မြန်မာသူလျှိုများကလည်း မြောက်ဦးနေပြည်တော်မှာ အမြဲတမ်းရှိနေခဲ့တယ်။ တစ် နည်းအားဖြင့် မြန်မာက ယိုးဒယားဘက် ကို ဦးလှည့်နေရပေမယ့် မြန်မာလူတွေက မြောက်ဦးနေပြည်တော်ကို အချိန်မလပ် စောင့်ကြည့်နေခဲ့တယ်လို့ ဆိုနိုင်တယ်။
မြောက်ဦးခေတ် အစပိုင်းမှာ မြောက်ဦးဘုရင်များဟာ ဘင်္ဂလားစစ်သည်များရဲ့ အင်အားနဲ့ မြောက်ဦးနိုင်ငံတော် အား ကောင်းနေခဲ့ပေမယ့်-၊ မြောက်ဦးခေတ်နှောင်းပိုင်းမှာ အာဏာမက် ရခိုင်ဗုဒ္ဓဘာသာ တစ်စုက မွတ်စလင်နဲ့ ရခိုင်အကြား စတင်သွေးခွဲခဲ့တယ်။ မြောက်ဦးနေပြည်တော်ရဲ့ အဓိက စစ်အင်အား ကမန် (ရခိုင်တိုင်းရင်းသား များက အစ္စလာမ် သာ သနာသို့ ကူးပြောင်းလာသူ)များကိုလည်း ဘုရင်နဲ့သွေးခွဲပြီး-၊ တပ်ကို ဖြိုခွဲစေခဲ့တယ်။ တစ်ပြိုင်နက်မှာ မြန်မာဘက်ကို အား သန်တဲ့ ရခိုင်တောင်ပိုင်းနဲ့ ဘင်္ဂလားဘက်ကို အားသန်တဲ့ မြောက်ပိုင်းအုပ် စု စတင်သွေးကွဲလာခဲ့တယ်။ ရခိုင်တောင်ပိုင်း က အချိန်မရွေး ဗမာနဲ့ ပူးပေါင်းဘို့ အနေအထားများ ဖြစ်တည် လာခဲ့တယ်။
ဒီအခြေအနေမှာ ဗမာက မြောက်ဦးအင်ပါယာကို ပြန်လည်သိမ်းပိုက်ဘို့ အခွင့်အခါ သာခဲ့ပြန်တယ်။ ဒါကြောင့် ကုန်းဘောင် မင်း ဘိုးတော်ဘုရားလက်ထက် ၁၇၈၄ မှာ မြောက်ဦးနိုင်ငံတော်ကို ဗမာက သိမ်းပိုက်လိုက်တော့ တယ်။
ရခိုင်တို့ရဲ့ ထုံးစံအတိုင်း ဘန်ဂေါနဲ့ သွေးခွဲလိုပြီး ရခိုင်သီးခြား နိုင်ငံ ဖြစ်ချင်ရင် ဗမာကို ပြေးပေါင်းသလို၊ ဗမာ အောက်ကို ရခိုင်တို့ ကျဆုံးပြန်ရင်လည်း ဘန်ဂေါဘက်ကို ပြေးကပ်ပြန်တယ်။ ဒီနေရာမှာ ကြားညပ်နေတာက ဘန်ဂေါနဲ့ ဘာမှ မဆိုင်တဲ့ စစ်တကောင်း လူမျိုးစု ဖြစ်နေတယ်။ စစ်တကောင်း လူမျိုးစုဟာ ဘိုးစဉ်ဘောင်ဆက် သမိုင်းစဉ်တစ်လျှောက် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးနေပြည်တော်များရဲ့ လက်အောက်မှာ နေခဲ့ ရသူများ အမှုထမ်းခဲ့ရသူများ၊ တိုင်း ရေးပြည်ရေး ဆောင်ရွက်ခဲ့ရသူများ၊ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့ရသူများ ရခိုင်နဲ့အတူ ဒိုးတူဘောင်ဖက် တစ်မြေ တည်းနေ တစ်ရေတည်းသောက် နိုင်ငံတော်ကို ထူထောင်ခဲ့သူများ ဖြစ် ကြတယ်။ သူတို့ဟာ ဘန်ဂေါနဲ့ နယ်စပ်ဖြစ်နေလို့ ဘန်ဂေါဘက်က ကျူးကျော်လာသူများကို ဒိုင်ခံတော်လှန်ပေး ခဲ့ရတဲ့ စစ်သားများ၊ ပြည်သူများလည်း ဖြစ်နေတယ်။ စစ်တ ကောင်းရဲ့ အနောက်ဘက် အခြမ်းဆိုရင် ဘန်ဂေါက အုပ်ချုပ်လိုက်၊ ရခိုင်က အုပ်ချုပ်လိုက် ကြားညပ်နေရတဲ့ အဖြစ်နဲ့ အမြဲရင်ဆိုင်နေရတယ်။
ဓည၀တီ၊ ဝေလာလီ၊ လေးမြို့၊ မြောက်ဦး ဆိုတဲ့ အမည်နာမနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံငယ်ဟာ အင်္ဂလိပ်ခေတ်မှာ အာရ် ကန်နိုင်ငံရယ်လို့ ဖြစ်လာတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မယူမှီထိ အဲ့ဒီ နိုင်ငံငယ်ကို “ရခိုင်နိုင်ငံ” ခေါ်တွင်စေရမယ်လို့ ပြန်တမ်း မရှိဘူး။ သံကွဲမြန်မာရခိုင် လူမျိုးနွယ် လူမျိုးစု နေထိုင်ခြင်းကို အမှီသဟဲပြုပြီးသာ ရခိုင်နိုင်ငံရယ်လို့ အလွယ်ပြော၊ အလွယ်သုံးတာမျိုးသာ ရှိခဲ့တယ်။ ဒါကြောင့် မြန်မာတို့က အဲ့ဒီဒေသကို ရခိုင် ဒေသတိုင်း၊ ရခိုင်ပြည်နယ်လို့ လွတ်လပ်ရေးရပြီးနောက် သုံးနှုန်းပြောဆိုပေမယ့်- တစ်ခြားတစ်ဘက်မှာ ကမ္ဘာ ကို Arakan လို့ အင်္ဂလိပ်လိုရေးပြီး ခပ် တည်တည်နဲ့ ဗြောင်လိမ်နေခဲ့ရတယ်။ အဲ့လို ခပ်တည်တည်နဲ့ နှစ်ပေါင်း ငါးဆယ်လောက် ဗြောင်လိမ်နေပြီး- ကမ္ဘာက အသားကျလောက်ပြီထင်တဲ့အခါ- ၁၉၈၈ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းတက်လာတဲ့ အစိုးရလက်ထက် မှာမှ Rakhine State ဖြစ်တယ်လို့ ပြောင်းလဲလိုက်တယ်။
Burma ကို Myanmar လို့ ပြောင်းတဲ့အပေါ် အချေအတင်၊ အငြင်းအခုံတွေ ရှိပေမယ့်- Arakan ကို Rakhine လို့ ပြောင်း တဲ့အပေါ် ဘယ်သူ့အသံကိုမှ မကြားခဲ့ရဘူး။ ရခိုင်တွေက အဲ့ဒီနယ်မြေကို သူတို့ရဲ့ လူမျိုးနာမည်နဲ့ ကိုယ်ပိုင်လိုချင်တာ အလိုပြည့်သွားသလိုပဲ။ သမိုင်းကို ဖြေးဖြေးချင်း လှည့်ယူသွားတဲ့ သဘောလို့ ဆင်ခြင်မိဘို့ လိုတယ်။
ရခိုင်လူမျိုးထဲမှာ ဦးစိန္တာ ဆိုတဲ့ ခွဲထွက်ရေးသမား တစ်ဦး ပေါ်ထွန်းခဲ့တာ ဦးစိန္တာဝါဒီများ ဖြစ်တဲ့ ဦးအေးကျော်၊ ဦးချမ်းအေးလို ရခိုင်ဗုဒ္ဓဘာသာကလွဲ အကုန်မုန်းဝါဒီတွေ ပေါ်လာခဲ့တာ- ဗမာများ အတွက် အကြီးအကျယ် အမြတ်ထွက်သွားခဲ့တယ်။ အကြောင်းက- မြန်မာဘက်က ရခိုင်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံ အဖြစ်ဘယ်လိုမှ အဖြစ်မခံနိုင်၊ ရခိုင်ဆိုတာ ဗမာ လူမျိုး ထဲမှာ တစ်စု (သံကွဲမြန်မာ) လို့ သတ်မှတ်ထားခဲ့ပြီး၊ ရခိုင်များကြီးစိုးတဲ့ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ဆိုတာ အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံရယ်လို့ မပေါ်ထွန်းမှီ- ပျူမြို့ပြ နိုင်ငံတစ်ခုကဲ့သို့သာ ဖြစ်ခဲ့တယ်- မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင် တာနဲ့ ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံထဲမှာ ထည့်သွင်း သတ်မှတ်ထားတဲ့ အရာ ဖြစ်တယ်။ အုပ်ချုပ်မှု သဘောတရားအရ ဥပဒေစိုးမိုးနိုင်အောင် အခွန် ဘဏ္ဍာဆက်သရတဲ့ လက်အောက်ခံအဆင့် ဘုရင်ခွဲသဘော ထားခဲ့တယ်လို့ပဲ အရိုးစွဲ ခံစား နေခဲ့တယ်။ အဲ့ဒီ နိုင်ငံငယ်ဟာ ဗမာများကို တော်လှန်ပုန်ကန်လိုတိုင်း ဘင်္ဂလားဘက်ကို ပူးပေါင်းစစ်ကူတောင်းပြီး ဗမာကို တော်လှန်ခဲ့တယ်။ ဘင်္ဂလားဘက်နဲ့ ပြေလည်ခဲ့တဲ့ မြောက်ဦးခေတ်ရဲ့ ရှေ့ပိုင်း နှစ်ပေါင်း ၃၀၀ လောက် ကြီးကျယ် ခမ်းနား တဲ့ သီးခြားနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဒါကြောင့် ဘင်္ဂလားနဲ့ ရခိုင်လူမျိုး ပြေလည်နေရင် ဗမာရဲ့ ရခိုင်အပေါ် အချုပ် အခြာဟာ အာမခံချက် လျှော့နည်းနေတယ်လို့ - ဗမာအစိုးရ အဆက်ဆက်က မြင်ခဲ့ တယ်။
မြန်မာနိုင်ငံအဖြစ် လွတ်လပ်ရေး ယူစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းက မြောက်ဦးပိုင်နယ်မြေအားလုံးကို ရယူဘို့ ကြိုးစားခဲ့ တယ်။ လွတ်လပ်ရေးအတွက် လန်ဒန်ကို သွားစဉ်-၊ ကရာချိလေဆိပ်မှာ ပါကစ္စတန်ခေါင်းဆောင်ကြီး မုဟမ္မဒ် အလီ ဂျင်းနားနဲ့တွေ့စဉ်- Arakan ဒေသကို အရှေ့ပါကစ္စတန်ထဲမှာ မထည့်ဘဲ မြန်မာကို ပေးဘို့ တောင်း ဆိုခဲ့တယ်။ အလီ ဂျင်းနားကြီးက သားအရွယ်လောက်သာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သတ္တိ၊ ခေါင်းဆောင်မှု များကို အသိအမှတ်ပြုပြီး- “မင်းသဘောအတိုင်းပဲ” လို့ လိုက်လျှောခဲ့တယ်။
ဗိုလ်ချုပ်တို့ ကျဆုံးသွားတော့- အောင်ဆန်းအက်တလီစာချုပ်ကို ဖျက်သိမ်းပြီး နုအက်တလီ စာချုပ်ကို ပြန်ချုပ်တော့ ဦးစိန္တာဝါဒီ အမတ် ဦးအောင်ဇံဝေက Arakan ထဲက မွတ်စလင် လူများစုဒေသများကို ဖဲ့ထုတ်လိုက်ပြီး ဘင်္ဂလားကို အလ ကားပေးပစ်လိုက်တယ်။ မြန်မာနိုင်ငံကို မွတ်စလင်များရာ ဘူးသီးတောင် မောင်တောကို ချန်လှပ်ပြီး မေယုတောင်တန်းက စပြီး နယ်နမိတ် သတ်မှတ်ဘို့ ဦးနုကို တင်ပြခဲ့တယ်။ ဦးနုရဲ့ နယ်မြေ သတ်မှတ်ရေး အတိုင်ပင်ခံအဖွဲ့က နှစ်နိုင်ငံ လုံခြုံရေး အရ မေယုတောင် တန်းအစား မေယုမြစ်ကို နယ်ခြား သတ်မှတ်လိုက်တော့ ဘူးသီးတောင်နဲ့ မောင်တောဒေသက မြန်မာ ထဲကို ပါဝင်လာခဲ့တယ်။ ဒါပေမယ့် ဦးနုက စစ်တကောင်းလူမျိုးနဲ့ မြန်မာထဲကို ပါလာတဲ့ ရခိုင်မွတ်စလင် လူမျိုးကို တစ်ဖြေး ဖြေးကွဲသွားလေအောင်- ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို လက်ခံခဲ့တယ်။ အချိန်ကြာလာရင်- လူမျိုးနှစ်မျိုး သီးသန့် ဖြစ် သွားပြီး နယ်မြေ လုံခြုံရေး၊ တိုင်းပြည်ချစ်စိတ် ခိုင်မာလာစေဘို့ ရည်ရွယ်ခဲ့တယ်။ (လူမျိုးတူတယ်လို့ ခံစားနေသ၍ သံ ယောဇဉ် ရှိနေမယ်။ အချင်းချင်း ဖေးမနေမယ်၊ လူဝင်ရောမှု ပိုမိုများပြားနေမယ်- ဒါတွေကို စနစ်တကျ စဉ်းစားပြီး ဆုံး ဖြတ်ခဲ့တာ ဖြစ်တယ်။)
နိုင်ငံရေး ပရိယာယ်ကို မသိ၊ စစ်တိုက် သတ်ဖြတ်ပြီး အာဏာပိုင် ဖြစ်လာသူများကတော့- လူမိုက်ဆန်ဆန် မျိုးပြုတ် သတ် ဖြတ်၊ မောင်းထုတ်လိုက်ရင် ပြီးပြီလို့ ယူဆပြီး- ထင်ရာလျှောက်လုပ်လိုက်ရင် ကိစ္စပြတ်သွားမှာပဲလို့ ဉာဏ်တိုတိုကို အရောင်တင်ခဲ့တော့- နိုင်ငံတော်အရေးက ပိုမိုရှုပ်ထွေးလေတော့တယ်။
ဒီဦးစိန္တာဝါဒီများကလည်း မွတ်စလင်များကို မောင်းထုတ်ပြီး ဘင်္ဂလားမှာ ပါသွားတဲ့ ရခိုင်များကို အစားထိုးဘို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြန်တယ်။ ဗမာများဘက်ကလည်း မသိမသာလွတ်ပေးထား လိုက်တယ်။ နိုင်ငံရေးအရ လေဖြတ်သူကို ရေခဲရေ လောင်းပေးတဲ့ သဘောလို့ ခံယူခဲ့ခြင်း ဖြစ်တယ်။
ဒီကြားထဲမှာ မွတ်စလင်များ အတွက် အခြေအနေဆိုး တစ်ရပ်ပေါ်ထွက်လာပြန်တယ်- အဲ့ဒါက ပါကစ္စတန်က နေ ဘင်္ဂလား ဒေ့ရှ် အဖြစ် ခွဲထွက်တဲ့ ပွဲပါ။ ၁၉၇၃ ခုနှစ်ထိ ပါကစ္စတန်က ခွဲထွက်တော့ မြန်မာပြည်ဘက်ကို စစ် ပြေးဒုက္ခသည်တွေ၊ စီးပွားရေးဒုက္ခသည်တွေ ၀င်လာခဲ့ပြန်တယ်။- ၀င်လာသူအများစုက ဘင်္ဂလီရခိုင်နဲ့ ဘင်္ဂလီ မွတ်စလင် နှစ်မျိုးလုံး ဖြစ်တယ်။ ဒါကို ဦးနေ၀င်းလက်ထက်မှာ ပြန်မောင်းထုတ်တော့ ဦးတင်ဦးက ခေါင်းဆောင် ခဲ့တယ်။ ဦးတင်ဦးပဲ လူမျိုးရေး အယူစွဲရှိနေ တာလား၊ သို့မဟုတ် လေဖြတ်နေတဲ့ ဦးစိန္တာဝါဒကို ဆက်လက်မွေး မြူလိုက်တာလား မပြောတတ်ပါ။ ၀င်လာသူတွေထဲက ဘင်္ဂလီရခိုင်များကို မြန်မာရခိုင်များနဲ့ ရောပေးထားလိုက် ပြီး ဘင်္ဂလီမွတ်စလင်များကိုသာ မောင်းထုတ်ခဲ့တယ်။ ဒီကြားထဲ ဘင်္ဂလီရခိုင်ကို မောင်းထုတ်ရမယ့် အစား ရခိုင်မွတ်စလင်တွေကို အစားထိုး မောင်းထုတ်လိုက်တယ်။ အဲ့ဒီမှာ အနောက် သား ဘင်္ဂလီရခိုင်များကို ပြည်နယ်ကောင်စီမှာ လူကြီးပိုင်းထိ နေရာပေးထားခဲ့တယ်။ (ဥပမာ ဗိုလ်မှုးကျော်မောင်ကို ကြည့် ပါ။) ဒီမှာလည်း ရည်ရွယ်ချက်က ရှိနေပြန်တယ်။ အနောက်သားတွေက သူတို့ကို နိုင်ငံခြားသား ဘင်္ဂလီလို့ မမြင်ရအောင် နိုင်ငံခြားသား ဘင်္ဂလီဆိုတာ မွတ်စလင်တွေ ဖြစ်တယ်လို့ သူတို့ဘက်ကို ကာကွယ်ပြီး သူများကို လက်ညှိုးထိုးတဲ့ စိတ်ရှိ တယ်။ ဒီလို လက်ညှိုးနေတော့- “သူခိုးက လူပြန်ဟစ်” - စွပ်စွဲခံရသူက စွပ်စွဲသူကို မုန်း-၊ ဒီလို သံသရာလည်ပြီး ဗမာဆီက ခွဲထွက်ရေးကို မလှည့်နိုင်အောင် ဖြစ်တော့တယ်။
တစ်ပြိုင်နက်မှာ ဦးစိန္တာဝါဒီတွေက မွတ်စလင်ကိုမုန်း၊ ခရစ်ယာန် (အချိုချင်း)များကို နှိမ် ရခိုင်ဗုဒ္ဓလူမျိုးကြီးဝါဒကို ရိုက် သွင်းလာတော့- လွတ်လပ်ရေး ဆုံးရှုံးခဲ့တဲ့ မြောက်ဦးနိုင်ငံဟာ အလိုလိုနေရင်း ဘင်္ဂလားဘက်နဲ့ အမုန်း ပွားနေခဲ့တယ်၊ ချင်းလူမျိုးများရဲ့ မကျေလည်ကို ခံယူနေခဲ့တယ်။ သူ့ကိုယ်သူ လေဖြတ်နေအောင် သူ့ဟာသူ ဖန်တီးနေခဲ့တယ်။ ဒီအခြေ အနေကို ဗမာဘက်က အားဆေးတိုက်ပေးလိုက်ယုံနဲ့ အိပ်ယာထဲက ပြန်ထစရာ အကြောင်းမရှိ ဖြစ်နေမှာ သေချာ နေ တယ်။- ဦးစိန္တာအနေနဲ့ ရခိုင်ကို သီးခြားနိုင်ငံထောင်ဘို့ ကြိုးစားလေ- လေဖြတ်လေ- နောက်ဆုံး ရခိုင်လူမျိုးဆိုတာ တိမ် ကောပပျောက်သွားတော့မှာ ဖြစ်တယ်။
ဦးစိန္တာဝါဒကို လက်ခံတဲ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စု- ခိုင်မိုးလင်းတို့၊ ခိုင်စိုးနိုင်အောင်တို့ ဆိုတာလည်း- လုံးပါးပါး လာကာ နောက်ဆုံး လူဆယ်ယောက်လောက်သာ ရှိပြီး မီဒီယာအားကိုးနဲ့ ဟိတ်ဟန်ထုတ်နေရတဲ့ အဆင့်သာ ကျန်လိုက် တော့တယ်။
ဗမာများရဲ့မူက ရခိုင်မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နဘန်းလုံးနေခြင်းကို “ကြက်လည်းပန်းစေ၊ ယာလည်းညက် စေ” သီအိုရီနဲ့ ကျင့်သုံးခဲ့ခြင်း ဖြစ်လေတော့ ဦးစိန္တာရဲ့ ရခိုင်နိုင်ငံတော်ဟာ အိမ်မက်ထဲက စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်ခဲ့ရပါတော့တယ်။
No comments:
Post a Comment
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)