Friday, July 27, 2012
နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ
ကျွန်ုပ်သည် ၁၉၈၈ ခု မြန်မာ့ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုတွင် ဒေသဆိုင်ရာ ဦးဆောင်ဆော်သြ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ် သည်။ ကျောင်းသားတပ်မတော် (ABSDF) ၏ ရဲဘော်ဟောင်းတစ်ဦး ဖြစ်သည်၊ နိုင်ငံရေး အယူအဆ ကြောင့် ဖမ်းဆီးချုပ် နှောင် ခံခဲ့ရသူ တစ်ဦး ဖြစ်သည်။
နိုင်ငံရေးဘ၀ကျင်လည်မှု၊ တော်လှန်ရေးဘ၀ ကျက်စားမှုများ အလျှောက် တိုင်းရင်းသားတို့၏ ဆန္ဒနှင့် သဘော သဘာဝ တို့အား တစ်စုံတစ်ရာ ကျွမ်းဝင်သူဟု မိမိကိုယ်မိမိယုံကြည်သည်။ လက်နှက်ကိုင်တော်လှန်ရေးတွင် တစ်စုံတစ်ရာ ပတ် သက်ခဲ့ပြီးနောက်-၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးများကို လက်နှက်ကိုင် ဖြေရှင်းနေ၍ မရဟု ခံစားမိလာ သဖြင့်- လက်နက်ကိုင်တော်လှန်ရေးအစား နှစ်ဦးနှစ်ဘက် တွေ့ဆုံ ညှိုနှိုင်း အဖြေရှာရေးဘက်ကို အားသန်လာခဲ့သည်။ သို့ ဖြင့် ကျွန်ုပ်၏ နိုင်ငံရေးသယ်ပိုးဝန်ဆောင်ခြင်းများ၌ ရည်ရွယ် ချက်တို့အား ၂၀၀၀ ခုနှစ်မှ စတင်၍ လမ်းစဉ် ပြောင်းလဲခဲ့ သည်။
သို့ဖြစ်၍ ကျွန်ုပ်အား သဘောထားပြောင့်ပြောင်းသူ၊ စစ်အစိုးရဘက်သို့ တိမ်းညွတ်သူ စသည်ဖြင့် ပြောဆိုခံရမှု များလည်း များစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့၏ ပြောဆိုမှုများထက် ကျွန်ုပ်၏ အမိမြေ မြန်မာနိုင်ငံတော် ကြီး ပြိုကွဲသွားမည်ကို စိုးရိမ်စိတ်က အကြီးအကျယ်လွှမ်းမိုးနေသဖြင့်- မည်သူ၏ စွပ်စွဲချက်များကမှ ကျွန်ုပ်အား မထိရောက်ခဲ့ချေ။
ပြည်တွင်းစစ် ဖြစ်နေရခြင်းသည် စစ်စားရိတ်များကုန်ကျခြင်း၊ သေကျေပျက်စီးရခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက် စီးခြင်း၊ ရန်လိုမုန်တီးမှု တိုးပွားခြင်းများနှင့် ညှိမရနိုင်သော ပြသနာများ ဆက်လက်ခိုင်မာနေခြင်းများ အစဉ် အရှိန် အဟုန်ဖြင့် တိုး လျှက်သာ ရှိသည်။ ပြည်သူအများ၏ စားဝတ်နေရေးမှာ ကျဆင်းသည်ထက် ကျဆင်းလာ ရခြင်းသာ အဖတ်တင်ပေသည်။ လူမျိုးနွယ်တိုင်းမှ တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် မိမိ၏ လူမျိုးကို အမှန်တစ်ကယ် ချစ်လျှင်၊ တန်ဘိုးထားလျှင် - မိမိ၏ လူမျိုးအား ပညာမဲ့နေရသည့် အဖြစ်၊ စီးပွားပျက်နေရသည့် အဖြစ်၊ ကျီးလန့်စာစား နေနေရသည့် အဖြစ်- တိုင်းတစ် ပါးသို့ ထွက်ပြေးလျှက် ပြည့်တန်ဆာလုပ်စားနေရသည့် အဖြစ်များမှ အမြန်ဆုံးကယ်တင်ရန် စဉ်းစားရပေမည်။
သို့သော် အင်အားကြီးသော အုပ်စုများမှလည်း ကြီးနိုင်ငယ်ညှင်း ပြုလုပ်နေသည်များကို ရပ်ဆိုင်းရပေမည်။ မိမိ က မိမိ နိုင်ငံဟု သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်းမှ တိုင်းရင်းသားအားလုံး၊ လူမျိုးအားလုံး၊ လူသားအား လုံးအပေါ် တစ်ဦး တစ်ယောက်ချင်းစီ၏ အပေါ်၌ လူ့အခွင့်အရေးကို ပေးတတ်ရမည်။ လူမျိုးနွယ်တို့၏ ယဉ်ကျေး မှု ဓလေ့ထုံးတမ်းများအား နားလည်ပေးတတ်ရမည်။ မျက်နှာလိုက်မှု ကင်းရှင်းသည့် ဥပဒေစိုးမိုးမှုအား ကျယ် ပြန့်ထိရောက်စွာ ဖြန့်ကျက်နိုင်ရပေ မည်။ သို့အတွက် လူများစု ဖြစ်သော မြန်မာများတွင် ပိုမို၍ တာဝန်ရှိနေပေ သည်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဥပ ဒေ၏ ခွဲခြားမှုများကို ခံရခြင်း၊ တိုင်းရင်းသားများအပေါ် မတော် မတရား အတင်းအဓမ္မသွေးနှောသည့် ပေါ်လစီများ၊ အတင်းအဓမ္မသာသနာပြုသည့် ပေါ်လစီများ၊ ဘာသာရေး လူမျိုးရေး စိတ်ဝမ်းကွဲစေရန် ဖန်တီးပေးသည့် ပေါ်လစီများကို လုံးဝ ဖျောက်ဖျက်ပစ်ရပေမည်။ ထိုသို့ပြုလုပ်စီမံ ပေးနိုင်သော ခေါင်းဆောင်များ၊ ပြုလုပ်စီမံလိုသော ခေါင်းဆောင်များ မြန် မာလူမျိုး ထဲမှာ ပေါ်ထွန်းလာရန် အရေးကြီးပေသည်။
ထိုသို့ ပြည်နယ် ပြည်မ နှစ်ဦးနှစ်ဘက် ပေါ်ထွန်းလာသော ခေါင်းဆောင်ကောင်းများ အချင်းချင်း ညှိနှိုင်းလျှက် စည်းလုံး ခိုင်မာသော မပြိုကွဲနိုင်သော ပြည်ထောင်စု တစ်ရပ်အား ထူထောင်ရမည် ဖြစ်သည်။ နိုင်ငံနယ်နမိတ် တစ်ခုအတွင်း အချင်း တိုက်ခိုက်သတ်ဖြတ်နေရသော ပြည်ထောင်စုသည် နူရာဝဲစွဲ ပြည်ထောင်စုသာ ဖြစ်နိုင်၍၊ ဘေးဘယာကင်းရှင်းသည့် ပြည်ထောင်စု မဖြစ်နိုင်ဟူသည့် အချက်ကို ခေါင်းဆောင်များ၏ နှလုံးသားတွင် အသိအမှတ်ပြုရန် အရေးကြီးပေသည်။
တိကျသေချာသော ပြည်ထောင်စုတွင်- နယ်နမိတ်သတ်မှတ်မှုအလျှောက်၊ တိုင်းရင်းသား၊ တိုင်းရင်းသား အခွင့် အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို မျက်နှာလိုက်မှု ကင်းရှင်းစွာ စနစ်တကျ သတ်မှတ်ရန် လိုအပ်ပေ သည်။ မြန်မာနိုင်ငံတွင် လက်ရှိ မြန်မာလူမျိုးဟု သတ်မှတ်ထားသော လူမျိုးမှ အပ ကျန်တိုင်းရင်းသားတိုင်းမှာ နှစ်နိုင်ငံ၊ သုံးနိုင်ငံ၊ လေးနိုင်ငံ နေ လူမျိုးများ ဖြစ်သည်။ ဥပမာ- မွန်လူမျိုးသည်- ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တည်ရှိနေသော လူမျိုးဖြစ်သည်။ ထိုင်းနိုင် ငံလွှတ်တော်တွင် မွန်လူမျိုး အမတ်များရှိသည်။ မွန်လူမျိုးများကို Native လူမျိုးများဟု အသိအမှတ်ပြုသည်။ မွန်ဘုန်းကြီး ကျောင်းများ ဘန်ကောက်ထဲတွင်ပင် ရှိနေသည်။
အလားတူ ကရင်လူမျိုးသည်- ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရှမ်းလူမျိုးသည် ထိုင်း နိုင်ငံ၊ တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ကချင်လူမျိုးသည် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်တွင် ရှိနေသော လူမျိုးဖြစ်သည်။ ချင်းလူမျိုးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာလူမျိုးတို့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးများ ဖြစ်သည်။
ထိုသို့ နှစ်နိုင်ငံ သုံးနိုင်ငံ တွင် တည်ရှိနေသော လူမျိုးများအား- သက်ဆိုင်ရာ နိုင်ငံတိုင်းမှ နိုင်ငံ နယ်နမိတ် သတ် မှတ်သည့် အခါ မိမိနိုင်ငံအတွင်းပါဝင်လာသော လူသားများအား တိုင်းပြည်၏ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုပေးခဲ့သည်။ ထိုဝတ္တရားအား ကျွန်ုပ်တို့ မြန်မာနိုင်ငံတစ်ခုတည်းသာ ရိုဟင်ဂျာများနှင့် စပ်လျှဉ်း၍ ၀တ္တရား ပျက်ကွက်နေပါသည်။
အကြောင်းပြချက်များမှာ ယုတ္တိမတန်လှပေ။ (၁) ရိုဟင်ဂျာတို့အား အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများ ၀င်လာ မည်ကို စိုးရိမ်သောကြောင့်ဟု အကြောင်းပြသည်။ သို့ဖြစ်လျှင် မြန်မာရခိုင်များကို အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ဒလဟော ၀င်နေသည်ကို အဘယ်ကြောင့် မမြင်ချင်ဟန် ဆောင်နေကြသနည်း ဟူသည်ကို စဉ်းစားရပေမည်။ ထို့ပြင် မွန် များကို အကြောင်းပြု၍ ထိုင်းနိုင်ငံမှ မွန်များ ၀င်လာမည်ကို မစိုးရိမ် သလော၊ ရှမ်းများကို အကြောင်းပြု၍ ထိုင်းနိုင်ငံ မြောက်ပိုင်းတစ်ခုလုံးမှ လူဦးရေသန်းပေါင်းများစွာ ၀င်လာမည် ကို မစိုးရိမ်သလော၊ တရုတ်ပြည်မှ ရှမ်းများ ၀င်လာမည်ကို မစိုးရိမ်သလော- စသည်ဖြင့် မေးခွန်းမေးရပေတော့ မည်။ (၂) ရိုဟင်ဂျာဟူသည့် ဝေါဟာရနှင့် စပ်လျှဉ်း၍ အကြောင်းပြ ပြန်သည်။ သူတို့သည် ရခိုင်မွတ်စလင်ဟု ခံယူစဉ်ကလည်း မြန်မာရခိုင် ဗုဒ္ဓဘာသာများက မလိုလားခဲ့။ (ထိုကိစ္စအား လွတ်လပ်ရေး ရပြီးစ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာကျောင်းသားသမဂ္ဂ၌ ရိုဟင်ဂျာဟု ခံယူချင်သူများနှင့် ရခိုင်မွတ်စလင်ဟု ခံယူချင်သူများ အချေအတင် ဖြစ်ခဲ့ရသည်။) မည်သို့ဆိုစေ- သူတို့သည်လည်း အခြားတိုင်းရင်းသားများကဲ့သို့ တန်းတူရှိ သည့် တိုင်းရင်းသား ဖြစ်ကို ဖြစ်ရပေမည်။
မိမိ၏ နိုင်ငံနယ်နိမိတ်ထဲတွင် တည်ရှိသော လူမျိုးအားလုံးအား တရားသဖြင့် တိုင်းရင်းသား နိုင်ငံသား အခွင့် အရေးများ ပေးရမည် ဖြစ်ပြီး။ လွတ်လပ်ရေး ရပြီးနောက် ၀င်ရောက်လာသော လူများကို မည်သည့် တိုင်း ရင်းသားနှင့် လူမျိုးတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ- သီးခြားဥပဒေတစ်ရပ် ရှိနေရပေမည်။ ဆိုလိုသည်မှာ လွတ်လပ်ရေး ရပြီးနောက်မှ ၀င်လာသော ရခိုင်ဗုဒ္ဓဘာသာများ၊ တရုတ်များ၊ ရိုဟင်ဂျာ (စစ်တကောင်းများ) မွန် များ၊ ရှမ်းများ၊ ကချင်များ၊ အိန္ဒိယမျိုးနွယ်များအား သီးခြား သတ်မှတ်ရမည် ဖြစ်သည်။ လူမျိုးတစ်မျိုးအား သူ၏ ကိုးကွယ်ယုံကြည်မှုကြောင့်၊ သူ၏ မျိုးနွယ်ကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် မတရားသဖြင့် ဥပဒေ သော် လည်းကောင်း၊ ပေါ်လစီသော်လည်းကောင်း စီမံချမှတ်မှုများကို လုံးဝ မကျူးလွန်သင့်ပေ။ မတရားမှုအား ခုံမင် နေသော လူသားစုသည် မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်တိုင်းပြည် အတွက်မဆို ဆူပူ အုံကြွမှုအတွက် မီးစာများ၊ ပြည်တွင်းစစ်အတွက် သော့ချက်များသာ ဖြစ်ပေသည်။
တိုင်းပြည်ကို ချစ်သော၊ တိုင်းပြည်တိုးတက်ရေးကို လိုလားသော၊ မိမိလူမျိုး ဆင်းရဲနွမ်းပါးနေရသည်ကို မကြည့် ရက်သော မည်သည့် မြန်မာနိုင်ငံသားသည် မဆို ဆူပူအုံကြွရခြင်းအတွက် စတည်စေသည့် စိတ်ဓါတ်များကို ပြုပြင်ရပေမည်။ လူ ယုတ်မာတို့၏ လှုံ့ဆော်မှုတို့သည် “ငါတို့ တိုင်းပြည် ငါတို့လူမျိုးကို ဖျက်ဆီးနေခြင်း”ဟု သိမြင်နိုင်ရန် ကြိုးစားရပေမည်။ အချင်းချင်း သတိပေးရပေမည်။ လူယုတ်မာတို့အား ရွံမုန်းမုန်းပစ်ရပေမည်။ တိုင်းပြည်ကောင်းစားရေးနှင့် အမှန်တရား အတွက် အမုန်းခံ၍ ပြောရဲရပေမည်။
နိုင်ငံ နယ်နမိတ်တစ်ခု ပီပီပြင်ပြင် တည်ရှိ၍ ထိုနယ်နမိတ်ကို ရေးဆွဲသတ်မှတ်စဉ် နိုင်ငံနယ်နမိတ်အတွက် မျိုးစဉ် မျိုးဆက် နေထိုင်ခဲ့သော လူသား ထိုနိုင်ငံ၏ ဥပဒေရိပ်အောက်မှ နိုင်ငံသား အဖြစ်သတ်မှတ်ပေးရမည်။ နိုင်ငံတိုင်းတွင်၊ နိုင်ငံနယ်န မိတ် သတ်မှတ်ပြီး နောက်ပိုင်းမှ ၀င်ရောက်လာသူနှင့် နိုင်ငံ နယ်နမိတ် သတ်မှတ် လိုက်စဉ် နိုင်ငံအတွင်း၌ ရှိနေသူ ဟူ၍ ရှိ သည်။
နိုင်ငံအတွင်း ရှိနေသူသည်- ထိုနိုင်ငံ၏ ဥပဒေအောက်မှ လူသား ဖြစ်၍- နိုင်ငံအပြင်ပသို့ ရောက်သွားသော သူများမှာ သက်ဆိုင်ရာ အချုပ်အခြာပိုင်သည့် နိုင်ငံ၏ ဥပဒေအောက်မှ လူသားများဖြစ်သည်။ ဤနေရာတွင် ချွင်းချက် အခြေအနေ တစ်ရပ်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ယူစဉ်တွင် နိုင်ငံနယ်နမိတ် အား သတ်မှတ်စဉ်တွင် သီဘောမင်း ၏ မိသားစု အပါအ၀င် အချို့သော မိသားစုများသည် နိုင်ငံပြင်ပတွင် ရှိနေ သည်။ ထိုမိသားစုမျိုးထဲမှ မြန်မာနိုင်ငံသား အဖြစ်ခံယူလိုသူ တစ်ချို့ မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံသား ခံယူ လိုလျှင် ခွင့်ပြုပေးနိုင်သည်။ အလားတူ နိုင်ငံခြားမှာ မြန်မာနိုင်ငံအတွင်းသို့ လာရောက်နေထိုင်သူ ဥပမာ အင်္ဂလိပ်ခေတ် တာဝန်ထမ်းဆောင်သည့် ဥရောပလူမျိုးများ၊ အိန္ဒိယ လူမျိုးများ၊ တရုတ် လူမျိုးများအား သူတို့၏ စိတ်ဆန္ဒအလျှောက် မိမိတို့၏ ဇာတိနိုင်ငံသို့ ပြန်လိုက ပြန်နိုင်သည်၊ ဆက် လက်နေထိုင်လိုက နေထိုင်နိုင်သည် ဟူသည့် အခွင့်အရေးကို ပေးရမည် ဖြစ်သည်။ သို့သော် သူတို့နှင့် မြန်မာတိုင်းရင်းသူ တစ်ဦးဦး သွေးနှော ကပြား ဖြစ်နေသူများကို နိုင်ငံသား ပေးကို ပေးရပေမည်။
ထိုသို့သော အခြေအနေပေါ် မူတည်၍ နိုင်ငံတိုင်းတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား၊ တိုင်းရင်းသား ဟူ၍ အမျိုး အစား သုံးမျိုး သတ်မှတ်ပေးထားသည်။
နိုင်ငံသားတိုင်းသည် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျမ္မရေး- ဆောင်ရွက်ပိုင်ခွင့်၊ ခံစား နိုင်ခွင့်များ၌ တန်းတူညီမျှ ဖြစ်စေရပေမည်။ သို့သော် (တိုင်းတစ်ပါး၌ မွေးပြီး) နိုင်ငံသား ဖြစ်လာသူအား တိုင်းပြည်၏ အဓိ က ဦးဆောင်နေရာမှ ချန်လှပ်ထားနိုင်သည်။ (ဥပမာ နိုင်ငံတော် သမ္မတ ဖြစ်ခွင့်မပြု ဟူ၍ ဖြစ်သည်။)
ဧည့်နိုင်ငံသား ဟူသည် သက်တမ်းသတ်မှတ်ချက် ရှိရမည်။ လူသားမျိုးနွယ်တစ်ခုအား ကာလအပိုင်းအခြားမရှိ ဧည့်နိုင်ငံ သား သတ်မှတ်ထား၍ မရချေ။ ကမ္ဘာ့နိုင်ငံကြီးများတွင် ၅ နှစ်၊ ၃ နှစ်၊ ၇ နှစ် စသည့်ဖြင့် သတ်မှတ်ထား ၍၊ အာရှ- အာဖရိ က နိုင်ငံများတွင် လူတစ်ဦး၏ သက်တမ်းတစ်လျှောက် သတ်မှတ်လေ့ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံခြားမှ ၀င်လာသူတစ်ဦး သည် သူ့သက်တမ်းတစ်လျှောက် ဧည့်နိုင်ငံသား အဖြစ်ဖြင့်သာ နေထိုင်ရမည် ဖြစ် သည်။ သို့သော် သူ့သားသမီးများနှင့် မသက်ဆိုင်ချေ။
တိုင်းရင်းသား- တိုင်းရင်းသည်ဟူသည်မှာ မူလဇစ်မြစ် လူမျိုးဖြစ်သည်။ သို့သော် ၎င်းတို့သည်လည်း အမှန်တစ် ကယ်တွင် မူလဇစ်မြစ် မဟုတ်ချေ၊ ထိုဒေသတစ်ခု၌ မျိုးစဉ်မျိုးဆက် နေထိုင်ခဲ့သည်မှာ ရာပေါင်းများစွာ သို့မဟုတ် နှစ်ထောင်ချီ၍ နေ ထိုင်ခဲ့သော လူမျိုးနွယ်ကို ခေါ်ဆိုသည်။ တိုင်းရင်းသားတိုင်းသည် နိုင်ငံသား မဟုတ်သကဲ့သို့ နိုင်ငံသားတိုင်းသည်လည်း တိုင်းရင်းသား မဖြစ်နိုင်ချေ။
ဥပမာ- ကချင်တိုင်းသည် မြန်မာနိုင်ငံ နိုင်ငံသား မဟုတ်ချေ။ ကချင်လူမျိုးပေါင်း သန်းနှင့်ချီ၍ တရုတ်နိုင်ငံသား များအဖြစ် တည်ရှိနေသည်။ အလားတူ ကရင်လူမျိုးပေါင်း ငါးသိန်းခန့် ထိုင်းနိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရှမ်းလူမျိုးပေါင်း သန်းနှင့်ချီ၍- တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရခိုင်လူမျိုး ပေါင်း သန်းနှင့်ချီ၍ အိန္ဒိယ နိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရိုဟင်ဂျာ လူမျိုးပေါင်း သန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ်တည်ရှိနေသည်။
ထို့ကြောင့် တိုင်းရင်းသား ဟူသည်မှာ သူ့မျိုးနွယ်၊ သူ့လူ့သဘာဝ၊ သူ့ဝန်းကျင်၊ သူ့ယဉ်ကျေးမှုနှင့် တည်ရှိနေသော လူမျိုး တူစုဖြစ်၍-၊ သက်ဆိုင်ရာ နိုင်ငံအတွင်း ကျရောက်သွားသော လူအစုအဝေး၊ လူမျိုးနွယ်သာ ဖြစ် သည်။ နိုင်ငံနယ်နမိတ် သတ်မှတ်စဉ် အခြားနိုင်ငံဘက်သို့ ပါသွားသဖြင့်- မိမိနိုင်ငံအတွင်း ထိုလူမျိုးစုအား နိုင်ငံ၏ တိုင်းရင်းသားအဖြစ် မ သတ်မှတ်၍ မရချေ။
တိုင်းရင်းသား တစ်စုချင်းသည် သူ့လူမျိုးတူရာအား သံယောဇဉ်ရှိနိုင်သည်၊ ချစ်ခင်ပတ်သက်နိုင်သည်။ ဆက်ဆံ ဆက် သွယ်နိုင်သည်။ သို့သော် နိုင်ငံသား ဖြစ်ခွင့်အား ဝေခြမ်းပေး၍ မရနိုင်ချေ။ ဥပမာအားဖြင့် မြန်မာကရင်မှ ထိုင်းကရင်တို့အား သံယောဇဉ်ရှိမည်ပင်။ မြန်မာမွန်များက ထိုင်းမွန်တို့အား သံယောဇဉ်ရှိမည်ပင်- မည်သို့မျှ တားဆီး၍ မရနိုင်ချေ။ သို့သော် ထိုင်းလွှတ်တော်ထဲတွင် ပေးထားသော မွန်အမတ် ၁၈ ဦး၏ နေရာအား မြန်မာ မွန်များက တက်ယူ၍ မရနိုင်ချေ။ ထို့အတွက် ထိုင်းအစိုးရကလည်း ခွင့်ပြုမည် မဟုတ်ချေ။ အလားတူ ထိုင်းနိုင်ငံသား မွန်တို့၏ သူ့နိုင်ငံအတွင်း ခံစားခွင့် များအား မြန်မာမွန်တို့အား မပေးနိုင်ချေ။ အလားတူပင် ဘင်္ဂဘီရခိုင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့၏ ခံစားခွင့် အား ရယူထားသည်။ အကယ်၍ ပြည့်ပြည့်၀၀ မရခဲ့လျှင်လည်း ထိုဘင်္ဂလီရခိုင်တို့ အနေဖြင့် ဘင်္ဂလီအစိုးရအား တော်လှန် ခွင့်ရှိသည်၊ တောင်းဆိုခွင့်ရှိသည်။ သို့သော် ဘင်္ဂလီရခိုင်များ အနေဖြင့် မြန်မာအစိုးထံတွင် ထိုအခွင့်အရေးအား တောင်းဆို ခွင့် မရှိချေ။
လူမျိုးနွယ်တစ်ခု၏ မိမိတို့ နေထိုင်အခြေချနေခဲ့ရာ ဒေသအား နိုင်ငံပိုင်းခြား သတ်မှတ်လိုက်ခြင်းကြောင့် ကွဲပြား သွားရ သော တိုင်းရင်းသားတို့အား သက်ဆိုင်ရာ နိုင်ငံမှ အပြည့်အ၀ တာဝန်ရှိပေသည်။
ပြည်ထောင်စု ဆိုသည်မှာ တိုင်းရင်းသားမျိုးနွယ်များ စုပေါင်း၍ နိုင်ငံ ထူထောင်ခြင်းကို မခေါ်ဆိုပေ။ လူမျိုးနွယ် များစု နေခြင်းကို မျိုးနွယ်စု ဟုသာ ခေါ်ဆိုနိုင်ပေမည်။ ပြည်ထောင်စုဟူသည့် အဓိပ္ပါယ်သက်ရောက်ရန် နိုင်ငံအနှံ့ ဥပဒေသက် ရောက်စိုးမိုးစေရန် ဥပဒေအားဖြင့် စီရင်စုများတည်ဆောက်ရပေမည်။ တိုင်းဒေသများ နယ်နမိတ်သတ်မှတ်လျှက် တစ်နိုင် တစ်ပိုင် ဥပဒေ ကို စောင့်ရှောင့်ထိန်းနိုင်မည့် နယ်နမိတ်များ သတ်မှတ်ရ မည်။ ထိုနယ်နမိတ်တို့အား သက်ဆိုင်ရာ ဒေသရှိ လူများစု လူမျိုးနွယ်အမည်နာမဖြင့် မသတ်မှတ်သင့်ပေ။ ပြည်နယ်တိုင်း၊ တိုင်းဒေသတိုင်းတွင် လူမျိုးစုံတည်ရှိနေသည် ဖြစ်ရာ မြို့ပြလူနေမှုတည်ဆောက်ရေးပုံစံတကျ- ထိုဒေသရှိ ထင်ရှားသော မြို့အား ကိုယ်စားပြု၍ သော်လည်းကောင်း၊ မြစ်၊ တောင်တန်း တို့အား ကိုယ်စားပြု၍ သော်လည်းကောင်း ပြည်နယ်အမည်ကို သတ်မှတ်သင့်သည်။ ထိုသို့ သတ်မှတ်ထား သည့် ပြည်နယ်အတွင်း တွင် မှီတင်းနေထိုင်သည့် မည်သည့် လူမျိုးနွယ်မဆို တရားမျှတ၍ လူ့အခွင့်အရေးကို အာမခံသည့် ဥပဒေ၏ အရိပ်ကို ညီမျှစွာ ခံစားခွင့်ရှိစေရပါမည်။ ထိုတိုင်းဒေသများ စုစည်းထားခြင်းဖြင့် တည်ဆောက်သည့် နိုင်ငံတော် သည်သာ- ပြည်ထောင်စု ဟူသော အမည်နာမဖြင့် ကိုက်ညီပေမည်။
ထိုသို့ ဖွဲ့စည်းတည်ဆောက်ရာတွင်- ပြည်ထောင်စု မပြိုကွဲစေရန် ပြင်းထန်ပြတ်သားသော ဥပဒေတစ်ရပ်အား ဆက် လက်ပြဌာန်းရပေမည်။ ၎င်းမှာ ပြည်ထောင်စုအား ဖြိုခွဲသူ၊ ခွဲထွက်သူ၊ ခွဲထွက်ရန် လှုံ့ဆော်သူအား နိုင်ငံ၏ အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး အပြစ်ဒဏ် (ဥပမာ- သေဒဏ်) အဖြစ် ပြဌာန်းထားရပေမည်။ အလားတူ ပြည်ထောင်စုအတွင်း လူသား မျိုးနွယ်ချင်း စိတ်ငြိုငြင်စေမည့် လူမျိုးရေး စကားများ ပြောဆိုသူ၊ ပုတ်ခတ်သူ၊ ခွဲခြားသူ တို့အား အလားတူ ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ထားရပေမည်။
သို့မဟုတ်လျှင်- အနှိမ်ခံနေမည့် အစား သေရခြင်းက ပို၍မြတ်သည်ဟု ခံစားချက်များ ဖြစ်ပေါ်လာလျှက်- အနှိမ်ခံရသည့် မျိုးနွယ်တို့က အသေခံကာ ပြည်ထောင်စုမှ ခွဲထွက်လိုစိတ်များ ပြည်လည်ရှင်သန်လာနိုင်သည်။ ထိုအခါ ခွဲထွက်သူအား သေဒဏ် ဟု ချမှတ်ထားလင့်ကစား ထိုဥပဒေမှာ အသုံးဝင်တော့မည် မဟုတ်ချေ။
လူတစ်ဦးတစ်ယောက်ချင်းစီမှာ လွတ်လပ်ညီမျှသော ဥပဒေ၏ စောင့်ရှောက်မှုအား ရရှိနေလျှင် အာဏာမက် သော လူ ယုတ်မာတစ်စု၊ သို့မဟုတ် မတည်မငြိမ်မှုအား အကြောင်းပြ၍ စီးပွားရှာလိုသော လူယုတ်မာတစ်စုမှ လွဲ၍ သာမန်ပြည်သူ အများစုကြီးမှာ ခွဲထွက်ရေးကိုသော်လည်းကောင်း၊ နိုင်ငံရေးကိုသော်လည်း စိတ်ဝင်စား တော့မည် မဟုတ်ချေ။
နိုင်ငံတစ်ရပ်ကို ဧရိယာ သတ်မှတ် ထူထောင်စဉ်- နိုင်ငံတော်အတွင်း ပါဝင်သူအားလုံး နိုင်ငံသား ဖြစ်၍၊ ထိုသို့ ဧရိယာ မသတ်မှီကပင် နဂိုရှိရင်းစွဲ လူမျိုးနွယ်စုအားလုံး တိုင်းရင်းသား ဖြစ်သည်။ သို့သော် တိုင်းရင်းသားမှာ ခွဲခြားသတ်မှတ်ခံ နိုင်ငံနယ်ခြားအလျှောက် သတ်မှတ်ချက်ကွဲသွားနိုင်သည်။ ဥပမာ- အခါ လူမျိုးစုသည် ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်၊ ဗီယက်နမ်- ငါးနိုင်ငံ၌ ပျံ့နှံ့နေသည်။ ထိုလူမျိုးစုအား မြန်မာအနေဖြင့် တိုင်းရင်းသား သတ်မှတ်ရာတွင် မြန်မာနိုင်ငံသား အခါ လူမျိုးစုနှင့် ထိုင်းနိုင်ငံသား အခါ လူမျိုးစု ရှုပ်ထွေးမှု မရှိစေရန် သတ်မှတ် ရမည့် ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံအတွင်း ရှိသမျှသော တိုင်းရင်းသား အားလုံးမှာ အနည်းဆုံး နှစ်နိုင်ငံ၊ သို့မဟုတ် သုံးနိုင်ငံ၌ တည်ရှိနေ သည်။ ဥပမာ ကချင်လူမျိုးစုသည် အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံတွင်လည်းကောင်း၊ ရခိုင်လူမျိုးစု သည် အိန္ဒိယ၊ ဘင်္ဂ လားဒေ့ရှ်၊ မြန်မာနိုင်ငံတွင်လည်းကောင်း၊ ရှမ်းလူမျိုးစုသည် မြန်မာ၊ တရုတ်၊ လာအိုနှင့် ထိုင်း နိုင်ငံတွင်လည်းကောင်း တည်ရှိနေသည်။ ၎င်းတို့မှာ နိုင်ငံကိုယ်စီ လွတ်လပ်ရေး ရယူ ဧရိယာ သတ်မှတ် ပြီးမှ ပြောင်းရွေ့သွားခဲ့ခြင်း မဟုတ်ဘဲ- သူတို့၏ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ရာ အရပ်ဒေသအား နိုင်ငံတစ်ရပ်စီ က ဧရိယာ သတ်မှတ်စဉ် ပိုင်းခြားခံလိုက်ရခြင်း သာ ဖြစ်သည်။ သို့အတွက် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိ၏ ဧရိ ယာအတွင်း ပါဝင်လာသော နယ်မြေမှ တိုင်းရင်းသားအစု ကို အတည်ပြုသတ်မှတ်ပေးရမည် ဖြစ်သည်။
အနီးဆုံးနှင့် အလွယ်ကူဆုံး ဥပမာတစ်ခုမှာ ၁၉၉၀ နောက်ပိုင်းတွင်မှ ဒဂုံမြို့သစ်များကို တည်ဆောက်၍ ရန်ကုန် ဧရိယာ အား ချဲ့လိုက်သောအခါ- ပဲခူးတိုင်းပိုင်ဖြစ်သော ငမိုးရိပ်ချောင်း၏အရှေ့ဘက် တိုးကြောင်ကလေးမှသည် တိုင်းရင်း (၃)၊ ဇက်ပင်၊ လေးဒေါင့်ကန် အားလုံး ရန်ကုန်တိုင်းဧရိယာထဲ၌ ပါဝင်သွားသည်။ ၁၉၉၂ ခုနှစ်ထိ စံပြဈေးအလွန် ငမိုးရိပ် တံတားထိပ်နားမှ တိုးကြောင်လေး ဘုန်းကြီးကျောင်း- ဆိုင်းဘုတ်သည် “ပဲခူးတိုင်း” ဟူ သည့် ခေါင်းစီးအောက်၌ ရှိခဲ့သည်။ ထိုနယ်မြေတို့အား ရန်ကုန်တိုင်းဟု သတ်မှတ်လိုက်သောအခါတွင် အဆိုပါ အရပ်ဒေသများမှ လူသားများ မြေများ အိုးအိမ် များ ဘုရားကျောင်းကန်များအားလုံး ရန်ကုန်တိုင်းအတွင်းသို့ ပါလာခဲ့သည်။-
ထိုဒေသမှ လူများအား- “ဤနယ်မြေအား ရန်ကုန်တိုင်းဟု သတ်မှတ်လိုက်ပြီ၊ သို့ဖြစ်၍ သင်တို့ ပဲခူးတိုင်းသား များအနေ ဖြင့် ဤနေရာမှ စွန့်ခွာလျှက်- ပဲခူးတိုင်းထဲမှ တစ်နေရာရာတွင် အခြေချကြ၊”ဟု မောင်းထုတ်ခွင့်မရှိ ချေ။ ရန်ကုန်အစိုးရ အနေဖြင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းလည်း မရှိခဲ့ချေ။ ဧရိယာ မသတ်မှတ်မှီက ရှိနေခဲ့သော လူ၊ မြေ၊ ဘုရားကျောင်းကန်နှင့် ရှိသမျှသော ၀တ္ထုတို့မှာ ခေါင်းစဉ်ပြောင်းသွားသော အရိပ်အောက်သို့ ရောက်ရှိခဲ့ ခြင်းသာ ဖြစ်သည်။
အလားတူပင် နယ်စပ်ဒေသမှ တိုင်းရင်းသားတို့သည်လည်း သက်ဆိုင်ရာ ဧရိယာ သတ်မှတ်ချက်အလျှောက် အရိပ်လွှမ်းမိုး မှုအား ခံလိုက်ရခြင်းသာ ဖြစ်သည်။
မြန်မာနိုင်ငံဟု သတ်မှတ်ထားသော ဧရိယာထဲတွင် ဧရိယာ နယ်နမိတ် သတ်မှတ်စဉ် တည်ရှိနေသော တိုင်းရင်း သားတို့မှာ လည်း ထိုပုံစံနှင့် တစ်ထပ်တည်း တူညီနေပေသည်။ သို့သော် မီဇိုချင်း၊ ကိုးကန့်နှင့် ရိုဟင်ဂျာတို့မှာ တိုင်းရင်းသားဟု သတ်မှတ်မှု၌ အငြင်းပွားဘွယ် ဖြစ်နေပေသည်။
ထိုသုံးမျိုးအနက်တွင်မှ ရိုဟင်ဂျာတို့၏ ပြသနာမှာ အကြီးကျယ်ဆုံးဖြစ်နေ၍ ကိုးကန့်ပြသနာမှာ အမှေးမှိန်ဆုံး ဖြစ် နေ သည်။ ထိုသို့ဖြစ်နေရခြင်း အရင်းအမြစ်မှာ ရိုဟင်ဂျာများက အစ္စလာမ်သာသနာကို ကိုးကွယ်၍ ယဉ်ကျေးမှုဓလေ့ သီးသန့် ဖြစ်နေကာ ကိုးကန့် များက ဗုဒ္ဓဘာသာနှင့် ၀င်ရောနိုင်သောကြောင့် ဖြစ်သည်။ မီဇိုချင်းတို့ မှာ ယဉ်ကျေးမှုဓလေ့ သီးသန့် ဖြစ်သော်လည်း ခရစ်ယာန်ဖြစ်နေသဖြင့် မွတ်စလင်နှင့် နှိုင်းယှဉ်လျှင် ပြသနာအ ရေးနောက်သို့ ဆုတ်နေပေသည်။
ထိုလူသားမျိုးနွယ်တို့၏ သမိုင်းကို သေချာစွာ လေ့လာသင့်သည်။ (ကျွန်ုပ်ယုံကြည်သည်မှာ မြန်မာသမိုင်းပညာရှင်များ အနေဖြင့် ဤမျှ ဗဟုသုတမဲ့မည် မဟုတ်ပါ။ သို့သော် အမျိုးသားရေးနှင့် ဘာသာရေးအယူ ရော ပြွန်းလွှမ်းမိုးစိတ်က အမှန် တရားအား ဖုံးဖိထားခြင်းသာ ဖြစ်တော့သည်။) ထို့နောက် ကျောသားရင်သား မခွဲခြားသော တိကျပြတ်သားသည့် ဥပဒေ ဖြင့် တစ်နိုင်ငံလုံးအပေါ်၌ ကျင့်သုံးသင့်သည်။ ဥပဒေအား မျက်နှာလိုက် တတ်သော အမျိုးသားရေးဝါဒီတို့သည် အနိုင်ကျင့် ခံရသော တိုင်းရင်းသားတို့ အပေါ်၌သာ မဟုတ်ဘဲ- မိမိ အချင်းချင်းလည်း ဗိုလ်ကျလိုစိတ် ဖိစီးနေမည်သာ ဖြစ်သည်။ ထို သို့သော လူသားများက တိုင်းပြည်ကို ဦးဆောင်ခွင့်ရနေလျှင် သို့မဟုတ် ပြည်သူများက ထိုသို့သော ခေါင်းဆောင်များအား လိုလားနေလျှင် ထိုတိုင်း ပြည်အနေဖြင့် မည်သို့မှ လူရာဝင်တိုးတက်လာမည် မဟုတ်ပေ။ တစ်တိုင်းပြည်လုံး နစ်နာရမည့် ချောက်ထဲသို့ သာ ဦးတည်နေပေသည်။
ရိုဟင်ဂျာ အရေး ပြသနာ၌ - “ရိုဟင်ဂျာ” ဟူသည့် အမည်နာမသည်လည်း ဆွေးနွေးစရာ တစ်ရပ် ဖြစ်နေသည်။ လွတ်လပ် ရေး ရပြီး မြန်မာနိုင်ငံ၌ မြန်မာတို့၏ ပထမဆုံး အစိုးရအနေဖြင့် “ရိုဟင်ဂျာ” ဟူသည့် ဝေါဟာရအား တရားဝင်လက်ခံလျှက် တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခဲ့သည်။ ၎င်းသည်ပင် မြန်မာနိုင်ငံဟု နယ် နမိတ်သတ်မှတ်စဉ် “ရိုဟင်ဂျာ- ဟူသည့် ဝေါဟာရဖြင့် လူမျိုးစု တည်ရှိနေသည့် ခိုင်လုံသော အထောက် အထားဖြစ်သည်။ လွတ်လပ်ရေး ရယူစဉ်က မရှိ ခဲ့ဘဲလျှက် နောက်နောင်မှ ၀င်လာခဲ့သော်- အငြင်းပွားနေမှုမှာ ယုတ္တိတန်လှသည်။
သူတို့အား “ဘင်္ဂလီ” ဟု သမုတ်ခေါ်ဝေါ်နေခြင်းသည် လူမျိုးတစ်မျိုးအား မတော်မတရား စွပ်စွဲနေခြင်းသာ ဖြစ်သည်။ ၎င်း တို့နှင့် စစ်တကောင်းလူမျိုးတို့ အနွယ်အားဖြင့် တူညီသော်လည်း- မြန်မာဟူသည့် လူမျိုးထဲတွင်ပင် မြန်မာ၊ ရခိုင်၊ အင်း သား၊ ကန့်ဂေါ၊ ထားဝယ် ဟူ၍ လူမျိုးစု ထပ်မံကွဲပြားနေသကဲ့သို့- ရိုဟင်ဂျာ ဟူသည် စစ်တကောင်းလူမျိုးမှ ထပ်ဆင့် ကွဲ သော လူမျိုးစု တစ်စု ဖြစ်သည်။ ဗမာမှ ရခိုင်တို့အား သီးခြားတိုင်းရင်းသား သ ဖွယ် လက်ခံနိုင်ပါလျှက် “စစ်တကောင် လူမျိုးနွယ် (၎င်းသည် ဘင်္ဂလီနှင့် လုံးဝ မတူပါ၊ -ဗမာနှင့် ရှမ်းကဲ့သို့ ဖြစ်သည်) မှ “ရိုဟင်ဂျာ”တို့အား သီးခြား လက်မခံ နိုင်ခြင်းမှာလည်း အလွန်တရာ ဗဟုသုတ လိုအပ်နေခြင်းသာ ဖြစ်ပေသည်။ စစ်တကောင်းလူမျိုးနှင့် ရိုဟင်ဂျာ လူမျိုးတို့မှာ ဘာသာစကား၊ ဓလေ့ထုံးတမ်း အရ၊ ဗမာနှင့် ရခိုင် တို့ထက် ပိုမိုကွဲပြားလျှက် ရှိနေသည်။
လူမျိုးတစ်မျိုး၏ အကြောင်းဇစ်မြစ်အား ပြည့်စုံစွာ မသိဘဲလျှက် သော်လည်းကောင်း၊ သိနေလျှက် ဖုံးဖိထား လျှက်သော် လည်းကောင်း အမျိုးသားရေးဝါဒီများ လွှမ်းမိုးသော ဓါတ်ခံဖြင့် သော်လည်းကောင်း- ကမ္ဘာ့အလည်၌ ဗြောင်လိမ်နေရသည့် ဒုက္ခမှာ သိက္ခာမဲ့လွန်း၍- ရှက်ဖွယ်လိလိပင် ဖြစ်ပေသည်။
မြန်မာ သမိုင်းဆရာများ အနေဖြင့်သော်လည်းကောင်း၊ ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် သော်လည်း ကောင်း မိမိတို့၏ သိက္ခအား မိမိတို့ ကိုယ်တိုင် ကာကွယ်စောင့်ရှောက်သင့်ပေသည်။ သို့မဟုတ် မိမိ တို့ဘက်မှ လုံးဝ မှန်ကန်သည်ဟု ယူဆလျှင်- တိကျသေချာသော အထောက်အထားများဖြင့် ကမ္ဘာ့ကုလသမဂ္ဂ သို့မဟုတ် ကမ္ဘာ့ခေါင်း ဆောင် ကိုယ်စားလှယ်များရှေ့မှောက်၌ အခိုင်အမာ နှစ်ဦးနှစ်ဘက် ဆွေးနွေးတင်ပြ ဆုံး ဖြတ်သင့်ပေသည်။
ပြည်ထောင်စု ဟူသည့် သဘောအား မကျေညက်ဘဲလျှက် ပြည်ထောင်စု တစ်ခု ထူထောင်မည်ဟု ကြွေးကြော် နေခြင်းမှာ စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်ပေသည်။ လူမျိုးတူ၊ ဘာသာတူချည်း စုနေသည့် အရပ်ဒေသအား ပြည်ထောင်စုဟု မည်သို့မျှ ခေါ်တွင်နိုင်ခြင်း မရှိပေ။
Labels:
မြန်မာမွတ်စလင် သမိုင်း,
ထောက်ပြ ဝေဖန်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)