ရုပ်ပွားဆင်းတု
သမိုင်းတွင် ကျွန်ုပ်တို့၏ ကိုယ်တော်မုဟမ္မဒ်ကြီးနှင့် နောက်လိုက် သံဃာအပေါင်းအား အာရဗ် ရုပ်ပွားဆင်းတု ၀ါ ဒီများ၏ တိုက်ခိုက်ထိုးနှက်မှုအား အကြောင်းပြုလျှက်၎င်း၊ ကျွန်ုပ်တို့၏ ကျမ်းတော်မြတ် ကုရ်အံ၌ ရုပ်ပွားဆင်း တု ကိုးကွယ်ခြင်း မပြုရဟု သွန်သင်ထားခြင်းကြောင့်၎င်း ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များ အနေဖြင့် ညီ နောင် ဗုဒ္ဓသာသနာဝင် (အများစု) ၏ ရုပ်ပွား ဆင်းတု ကိုးကွယ် ဆည်းကပ်သည့် ဓလေ့အား မနှစ်မြို့ စိတ်မချမ်း သာ ဖြစ်လျှက်ရှိသည်။ တနည်းအားဖြင့် မြန်မာ မူဆ လင်နှင့် မြန်မာဗုဒ္ဓဘာသာများကြားတွင် ထိုအချက်သည် ယုံ ကြည်ကျင့်ကြံမှု ပိုင်း ဆိုင်ရာ အက်ကွဲရသည့် အခြေခံ အကြောင်း ချက်များအနက် တစ်ခု ဖြစ်နေပေသည်။
ထိုအချက်အား ဖြေရှင်းရန် (၁) ကျွန်ုပ်တို့ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အံနှင့်- အစ္စလာမ့်သမိုင်း အား အတတ်နိုင်ဆုံး နှံ့စပ် ရန် လေ့လာသင့်သည်။ (၂) ညီနောင် မြန်မာဗုဒ္ဓသာသနာဝင်များ၏ သာသနာ့သမိုင်းနှင့် ပိဋကတ် ကျမ်းတော်အား အတတ်နိုင် ဆုံး နှံ့စပ်ရန် လေ့လာသင့်ပေသည်။ သို့မှသာ- အက်ကွဲမှုအား စနစ်တကျ စေ့စပ် ဖာထေးပေးနိုင်မည် ဖြစ်သည်။ ထို့အတွက် ဤဆောင်းပါးတို၌ အနည်းငယ်မျှ အကျဉ်းချုပ် တင်ပြပေးလိုပါ သည်။
(က) ကျမ်းတော်မြတ်ကုရ်အံ၌ ရုပ်ပွား ဆင်းတုများအား မကိုးကွယ် မဆည်းကပ်ရဟုသာ သွန်သင်၍ ရုပ်ပွား ဆင်းတု ကိုးကွယ် ဆည်းကပ်နေသူများ မုန်းတီးရမည်- ရန်ပြုရမည်ဟု သွန်သင်ထားခြင်း လုံးဝမရှိပေ။ ကိုယ် တော် မုဟမ္မဒ်ကြီးသည်လည်း ရုပ်ပွား ဆင်းတုဝါဒီများအား တိုက်ခိုက်နေခြင်း မုန်းတီးနေခြင်း မရှိခဲ့ချေ။ ကိုယ် တော်နှင့် နောက်လိုက် သံဃာတို့အား တိုင်းပြည်မှ မောင်း ထုတ်ယုံမျှမက ရှောင်တိမ်း ခိုလှုံရာ ဒေသထိ လိုက် လျှက် မျိုးပြုတ်သင်သော ရန်လိုသူများကိုသာ ငြိမ်းချမ်းရေးအတွက် တော် လှန်ခဲ့ခြင်း ဖြစ်ပေသည်။
ကိုယ်တော်နှင့် နောက်လိုက် သံဃာအပေါင်းသည် ကိုးကွယ်သော အပြုအမူ လွဲချော်နေသည့် သူတို့အား ငြိမ်းချမ်းစွာ အတူ စု စည်းနေထိုင်နိုင်ရန် မေတ္တာကြီးစွာထားလျှက် အတတ်နိုင်ဆုံး အပြေလည်ဆုံး ကျိုးကြောင်း ဆီ လျှော်စွာ ထားလျှက် ပြောဆို ရှင်းပြခဲ့သည်သာ ဖြစ်ကြောင်း ကျမ်းတော်မြတ်ကုရ်အံ၏ မြောက်များစွာသော နေ ရာများတွင် ဖေါ်ပြထားပေသည်။
မေတ္တာတော်ရှင် ကိုယ်တော်မုဟမ္မဒ်ကြီး၏ သစ္စာခံနောက်လိုက်များ ဖြစ်သော ကျွန်ုပ်တို့ အစ္စလာမ် သာသနာ ၀င်များသည်လည်း ကိုယ်တော်၏ လမ်းစဉ်ကိုသာ နမူနာယူလျှက် ပြုမူဆောင်ရွက် မေတ္တာထားရမည် ဖြစ် သည်။
ကျွန်ုပ်တို့၏ ညီနောင် ဗုဒ္ဓဘာသာများဘက်မှ ကြည့်လျှင်– သူတို့၏ ရုပ်ပွားဆင်းတု တည်ထား ဆည်းကပ်နေ ခြင်းမှာ ကိုးကွယ်မှား မဟုတ်ချေ။ ကိုးကွယ်မှား ဆိုသည်မှာ ထိုအရာအား ကိုးကွယ်ရမည်၊ ကိုးကွယ်သင့်သည်၊ ကိုးကွယ်ခြင်းဖြင့် မည်သည့် အကျိုးများ ရနိုင်သည်ဟု သွန်သင်ခဲ့၍ နောက်လိုက်ဒကာများက လိုက်နာ ဆောင် ရွက်မှသာလျှင် ထိုသို့သော ကိုးကွယ်မှု အယူကြီးအား ကိုး ကွယ်မှားဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ယခုမူ- ကိုယ် တော်ဂေါတမကိုယ်တိုင်က ရုပ်ပွား ဆင်းတု တည်ထားကိုးကွယ်ခြင်းများ၊ ရုပ် ခန္ဓာအား သဒ္ဓါလွန် ဆည်းကပ် ပူ ဇော်မှုများအား- တိုက်ရိုက်သော်လည်းကောင်း သွယ်ဝှိက်၍ သော်လည်းကောင်း သွန်သင်ခဲ့ခြင်း မရှိသလို- ထို အရာများအား ကိုးကွယ်ဆည်းကပ်ခြင်းမှ ကိုးကွယ်မှား ဖြစ်သည်ဟု ဆုံးမခဲ့ပြီး ဖြစ်တော့သည်။ ၎င်းကို ပိဋ ကတ်တော်၌–
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။ အာရာမရုက္ခစေတျာနိ၊ မနုဿာဘယတဇ္ဇိတာ။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။ နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ကြောက်ရွံထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကို၎င်း၊ တောတို့ကို၎င်း အရံသစ်ပင် စေတီ ပုတိုးတို့ကို၎င်း တည်ထား ကိုးကွယ်ကြကုန်၏။ ထိုသို့ ထိုအရာများအား ကိုးကွယ် ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ် ရာတို့အား ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။ (ခုဒ္ဒက ပါဌ (၅)ကျမ်းတွဲ ပါဠိတော်- ဓမ္မပဒပါဠိ- ဗုဒ္ဓ၀ဂ္ဂ- အဂ္ဂိ ဒတ္တဗြာဟ္မဏ၀တ္ထု- (မြန်မာများ အများသိ- ဓမ္မပဒ ၁၈၈၊ ၁၈၉)
အထက်ပါ ပါဠိတော်မှာ အနည်းငယ် ရှင်းစရာ ဖြစ်သော စကားလုံးမှာ စေတျာနိ ခေါ် စေတီ ဟူသည့် စကားလုံးပင် ဖြစ်သည်။ ထို စကားလုံးသည် တည်ထားကိုးကွယ်ခြင်း ဟု အနက်ကိုပေး သည့် စေတိယျ ဟု ဆင့်ပွားခြင်း ဖြစ်၍- ရုပ်ဝတ္ထု၊ စိတ်ကူးပုံဖွဲ့ အာရုံ တည်ဝတ္ထု မှန်သမျှ အကြုံးဝင် ပေသည်။ ထိုသို့- တည်ထားကိုးကွယ်မှု မှန် သမျှအား ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေး ကင်းသော ကိုးကွယ်ခြင်းမဟုတ်- ဒုက္ခခပ်သိမ်းမှ မလွတ်မြောက် နိုင်ကြောင်း ကိုယ်တော်ဂေါတမက ပြောပြသွန်သင်ပြီး ဖြစ်သည်။
ထိုမျှမက- ကိုယ်တော်သည် သူသက်ရှိထင်ရှား ရှိစဉ်ကပင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကြည်ညို သဒ္ဓါ လွန်မှုအား တားမြစ်ခဲ့ကြောင်း– ကိုယ်တော့အား ဆည်းကပ်ဖူးမျှော်သော ရှင်ဝက္ကိလိအား ဆိုဆုံးမ ခြင်းဖြင့် ဖေါ်ပြခဲ့လေ သည်။
အလံ ၀က္ကလိ ကိံ ရူပေ၊ ရမသေ ဗလနန္ဒိတေ။ ယော ဟိပဿတိ သဒ္ဓမ္မံ၊ သော မံ ပဿတိ ပဏ္ဍိတော။ အပဿ မာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။
ဝက္ကလိ မသင့်တော်- လူမိုက်တို့သာ နှစ်သက်အပ်သော ရုပ်အဆင်း၌ သင်သည် အဘယ့်ကြောင့် မွေ့လျှော် နေ ဘိသနည်း။ ပညာ ရှိသော အကြင်သူသည် သူတော်ကောင်းတရားကို မြင်၏၊ ထိုသူ သည်ငါ့ကို မြင်သည် သာ တည်း။ သူတော်ကောင်းတရားကို မမြင်သောသူသည် ငါ့ကို မြင်သော်လည်း မမြင်သည် မည်၏။ (အပဒါန ပါဠိ တော်- ၀က္ကလိတ္ထေရအပဒါန- ၅၃။ ၅၄)
ဤမှ– တရားကို မမြင်သော သူသည် ငါ့ကို မြင်သော်လည်း မမြင်သည် မည်၏ ဆိုသော ဆုံးမ စကားမှာ အ လွန်ပြောင်မြောက်၍ တရားသဘောအားဖြင့် လေးစား တန်ဘိုး ထားထိုက်သော တရားပင် ဖြစ်တော့သည်။ သို့ဖြစ်၍ ထိုမျှ တန်ဘိုး ရှိသော တရားစကားများအား ကျွန်ုပ်တို့ အနေဖြင့် ညီနောင်ဗုဒ္ဓသာသနာဝင်တို့အား ပြန် လည် ဖေါ်ထုတ်ဆွေးနွေးပေးရမည် သာ ဖြစ်သည်။ ထိုသို့ ဆွေးနွေးခြင်းဖြင့် ခံစားမှု မတူညီသော ညီနောင်များ အကြား- ခံစားယုံကြည်မှု နီးစပ်နားလည်လာနိုင်ဘွယ် အကြောင်းရှိ၍- မစူးမစမ်းဘဲ အချင်းချင်း ပုတ်ခတ် နေ ခြင်းသည် အမုန်းတရားကိုသာ ပွားများလာမည် ဖြစ်တော့သည်။
(ရုပ်ပွားများ ဖြစ်တည်လာသည့် သမိုင်းနှင့် ရုပ်ပွားဆင်းတု မကိုးကွယ် မဆည်းကပ်သော ဗုဒ္ဓဘာသာ ဂိုဏ်း များအား ဆက် လက်ဖေါ်ပြပေးပါမည်။)
မေတ္တာရပ်ခံချက်— ဤဆောင်ပါးတွင် ဆွာဟာဗာကြီးများအား သံဃာတော်များဟု ဘာသာပြန်ခဲ့ခြင်းမှာ– ဆွာ ဟာဗီကြီးများ သည် လောကဒွန်ယာ သံသရာအား ပါယ်သတ်ထားသူများ ဖြစ်လျှက် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်နေသူများကြောင့် ဖြစ်ပေ သည်။ သံဃာ ဟူသည် သံ-ဟနီတီတိ သံဃော- သံသရာအား ပါယ်သတ် နိုင်သူအား သံဃာဟု ခေါ်သည်ဟု အထကထာများ၌ ဖွင့်ဆို ထားပေသည်။
အပေါ်ပိုင်းကစာတွေကတော့... သိလဲမသိ... နားလည်းမလည်လို့... မပြောတော့ပါဖူး.... သာသနာတော်နဲ့ပတ်သက်တဲ့ အကြောင်းလေးပဲရှင်းပြပါရစေ...။ တဆိတ်ရှင်... ရှင်တို့တွေ မသိတဲ့ ကျမတို့သာသနာတော်ရဲ့ သမိုင်းနဲ့ အနှစ်သာရကို... ဘာလို့ ဟိုလိမ် ဒီလိမ် လိုက်စွက်ဖက်နေရတာလဲရှင်...
ReplyDelete(((( ကျွန်ုပ်တို့၏ ညီနောင် ဗုဒ္ဓဘာသာများဘက်မှ ကြည့်လျှင်– သူတို့၏ ရုပ်ပွားဆင်းတု တည်ထား ဆည်းကပ်နေ ခြင်းမှာ ကိုးကွယ်မှား မဟုတ်ချေ။ ကိုးကွယ်မှား ဆိုသည်မှာ ထိုအရာအား ကိုးကွယ်ရမည်၊ ကိုးကွယ်သင့်သည်၊ ကိုးကွယ်ခြင်းဖြင့် မည်သည့် အကျိုးများ ရနိုင်သည်ဟု သွန်သင်ခဲ့၍ နောက်လိုက်ဒကာများက လိုက်နာ ဆောင် ရွက်မှသာလျှင် ထိုသို့သော ကိုးကွယ်မှု အယူကြီးအား ကိုး ကွယ်မှားဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ယခုမူ- ကိုယ် တော်ဂေါတမကိုယ်တိုင်က ရုပ်ပွား ဆင်းတု တည်ထားကိုးကွယ်ခြင်းများ၊ ရုပ် ခန္ဓာအား သဒ္ဓါလွန် ဆည်းကပ် ပူ ဇော်မှုများအား- တိုက်ရိုက်သော်လည်းကောင်း သွယ်ဝှိက်၍ သော်လည်းကောင်း သွန်သင်ခဲ့ခြင်း မရှိသလို- ထို အရာများအား ကိုးကွယ်ဆည်းကပ်ခြင်းမှ ကိုးကွယ်မှား ဖြစ်သည်ဟု ဆုံးမခဲ့ပြီး ဖြစ်တော့သည်။ )))))
https://www.facebook.com/photo.php?fbid=1379498372282898&set=a.1376882049211197.1073741829.100006682441171&type=1&theater¬if_t=like
***(ကြောက်ရွံထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကို၎င်း၊ တောတို့ကို၎င်း အရံ သစ်ပင် စေတီပုတိုးတို့ကို၎င်း တည်ထားကိုးကွယ်ကြကုန်၏။ ထိုသို့ ထိုအရာများအား ကိုးကွယ် ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာတို့အား ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။ (ခုဒ္ဒကပါဌ (၅)ကျမ်းတွဲ ပါဠိတော်- ဓမ္မပဒပါဠိ- ဗုဒ္ဓ၀ဂ္ဂ- အဂ္ဂိ ဒတ္တဗြာဟ္မဏ၀တ္ထု- (မြန်မာများ အများသိ- ဓမ္မပဒ ၁၈၈၊၁၈၉)***
ReplyDeleteဓမ္မပဒပါဠိနိဿယမူတွေမှာ သင်္ဂဇာဆရာတော်ဘုရားကြီးမူနဲ့ မိုးထိဆရာတော်ဘုရားကြီးမူဆိုပြီး နှစ်မူရှိပါတယ်… အဂ္ဂိဒတ္တဗြဟ္မဏဝတ္ထု ကိုတော့ ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့မူက နိဿယျပေးပုံတူညီပါတယ်…အောက်မှာ အပြည့်အစုံဖော်ပြထားပါတယ်…
မြတ်စွာဘုရားသည် အင်္ဂတိုင်း မဂဓတိုင်းတို့၏အကြား တစ်ခုသော သဲစုတွင် နေတော်မူသောအခါ တပည့်တို့အား တောတောင်ကိုကိုးကွယ်ကုန်လော့ သစ်ပင်ကို ကိုးကွယ်ကုန်လော့- စသည်ဖြင့် ဆုံးမ၍နေလေ့ရှိသော အဂ္ဂိဒတ္တရသေ့ကို အကြောင်းပြု၍ -
၁။ ဗဟုံဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
၂။ နေတံခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
၃။ ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော၊
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
၎။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။
အရိယဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။
၅။ ဧတံခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဟူ၍ ဤငါးဂါထာကို ဟောတော်မူသည်။ အဂ္ဂိဒတ္တရသေ့ တပည့်တစ်သောင်းနှင့်တကွ ဧဟိဘိက္ခု ရဟန္တာဖြစ်လေကုန်၏။
ဘယတဇ္ဇိတာ၊ ဘေးဖြင့်ထိတ်လန့်ကုန်သော။ မနုဿာ၊ လူတို့သည်။ ဗဟ၊ု များစွာကုန်သော။ ပဗ္ဗတာနိစ၊ တောင်တို့ကိုလည်းကောင်း။ ဝနာနိစ၊ တောတို့ကိုလည်းကောင်း။ အာရာမရုက္ခစေတျာနိစ၊ အရံ,အဓိကရ သစ်ပင်တို့ကို လည်းကောင်း။ ဝေ၊ စင်စစ်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ယန္တိ၊ ဆည်းကပ်ကုန်၏။
တထာပိ၊ ထိုသို့ဆည်းကပ်ကုန်သော်လည်း။ ဧတံ၊ ဤတောတောင် သစ်ပင်အပေါင်းသည်။ ခေမံ၊ ဘေးကင်းသော။ သရဏံ၊ ကိုးကွယ်ရာသည်။ နဟောတိ၊ မဖြစ်။ ဧတံ၊ ဤတောတောင်သစ်ပင်အပေါင်းသည်။ ဥတ္တမံ၊ မြတ်သော။ သရဏံ၊ ကိုးကွယ်ရာသည်။ နဟောတိ၊ မဖြစ်။ ဧတံ သရဏံ၊ ဤတောတောင် သစ်ပင်ကို ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသောဆင်းရဲမှ။ နမုစ္စတိ၊ မလွတ်။
ယောစ၊ အကြင်သူသည်ကား။ ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ဆည်းကပ်၏။ သော၊ ထိုရတနာသုံးပါးကို ဆည်းကပ်သောသူသည်။
ဒုက္ခံ၊ ဒုက္ခသစ္စာလည်းကောင်း။ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဖြစ်ကြောင်းဖြစ်သော သမုဒယသစ္စာလည်းကောင်း။ ဒုက္ခဿ စ အတိက္ကမံ၊ ဒုက္ခကိုလွန်မြောက်ရာဖြစ်သော နိရောဓသစ္စာလည်းကောင်း။ အရိယံ၊ မြတ်သော။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးရှိသော။ ဒုက္ခူပသမဂါမိနံ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ၊ မဂ္ဂသစ္စာလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ သမ္မာ၊ ကောင်းစွာ။ ပညာယ၊ မဂ္ဂပညာဖြင့်။ ပဿတိ၊ မြင်၏။
ဧတံ၊ ဤရတနာသုံးပါးအပေါင်းသည်။ ခေါ၊ အဟုတ်သဖြင့်။ ခေမံ၊ ဘေးမရှိသော။ သရဏံ၊ ကိုးကွယ်ရာမည်၏။ ဧတံ၊ ဤရတနာသုံးပါးသည်။ ဥတ္တမံ၊ မြတ်သော။ သရဏံ၊ ကိုးကွယ်ရာမည်၏။ ဧတံ သရဏံ၊ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသောဆင်းရဲမှ။ မုစ္စတိ၊ လွတ်၏။
***** အဲဒီတော့ သစ်ပင် တော တောင်တွေကို ကိုးကွယ်မှုမပြုဘဲ ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးကို သာလျင် ကိုးကွယ်အပ် ကိုးကွယ်ထိုက်ကြောင်း ဟောကြားခဲ့တာပါ…. ဘုရား တရား သံဃာကို ရည်မှန်းတည်ထား တဲ့ စေတီပုထိုးများကို မကိုးကွယ် ထိုက်ဘူးလို့ ဟောခဲ့တာမဟုတ်ပါဘူး… အခု ဘာသာပြန်ဆို ချက်ဟာ ဘယ်ပုဂ္ဂိုလ်ပြုစုတဲ့ ဘယ်မူလဲဆိုတာ သိလိုပါတယ်…
ReplyDeleteပြီးတော့ မြတ်ဗုဒ္ဓက စေတီ တည်ထိုက် သူလေးပါးဆိုပြီးတော့လည်း ဟောတော်မူခဲ့ပါတယ်… အဲဒါတွေကတော့
(၁) သမ္မာသမ္ဗုဒ္ဓ= သစ္စာလေးပါး မြတ်တရားကို ဆရာမကူသယမ္ဘူဥာဏ်ဖြင့် ကိုယ်တော်တိုင်လည်းသိ သူတပါးတို့ကိုလည်း သိစေတော်မူသော ဘုရား
(၂) ပစ္စေကဗုဒ္ဓါ= အသီးအခြားပွင့်တော်မူသော ဘုရားငယ်
(၃) သာဝက = ဘုရား၏တပည့်သား သံဃာ
(၄) စက္ကဝတ္တိ ရာဇာ= စကြဝတေးမင်း ဆိုပြီး လေးပါးရှိပါတယ်…
အဲဒီလေးပါးထဲမှာ အမှတ်စဉ် ၂ နဲ့ ၄ တို့က သာသနာတွင်း ကာလမှာ မပေါ်ပေါက်နိုင် မပေါ်ပေါက်ကောင်း တာမို့ သာသနာတွင်း ကာလမှာ ကျန် နှစ်မျိုးသာ လျင် စေတီတည်ထား ကိုးကွယ်ကြပါတယ်…
ပြီးတော့ စေတီယဝိနိစ္ဆယ ကျမ်းမှာ စေတီလေးမျိုး လည်း ဖော်ပြ ထားပါတယ်… အဲဒါတွေကတော့ အများသိပြီးဖြစ်တဲ့
(၁) ဓါတုစေတီ= ဓါတ်တော်
(၂) ဓမ္မစေတီ=တရားတော်
(၃) ပရိဘောဂစေတီ = မြတ်စွာဘုရား၏ အသုံးအဆောင်
(၄) ဥဒ္ဒိဿစေတီ = ရည်မှန်းကိုးကွယ်အပ်သော ရုပ်ပွားတော် ဆင်းတု ဆိုပြီးတော့ လေးမျိုးပဲဖြစ်ပါတယ်…
အဲဒီတော့ အခုတည်ထား ကိုးကွယ် ပူဇော်နေကြသော စေ တီတော် များ ဆိုတာဟာ ဘုရားရှင် အလိုတော် ကျနဲ့ ကိုက်ညီပါတယ်… ကိုးကွယ်ထိုက် ပါတယ်… ဘာသာတိုင်းမှာလည်း အခုလို ရည်မှန်းကိုး ကွယ်မှုရှိပါတယ်… အစ္စလာမ်ဘာသာမှာ မရှိဘူးလို့ လုံးဝ ယတိပြတ် ငြင်းဆိုလို့လည်း မရပါဘူး… ဘာလို့ လည်း ဆိုတော့ အစ္စလာမ် ဘာသာဝင်တွေဟာ ကန်တော့လို့ရှိရင် မက္ကာဘက်ကိုသာ ဦးလှည့် ကန်တော့ ရမယ်လို့ ဆိုထားတာကလည်း အဲဒီအချက်ဟာ အထွတ်အမြတ် ထားရာ ကို ရည်မှန်းတယ်ဆိုတဲ့ သက်သေ သာဓက တစ်ခုပဲဖြစ် ပါတယ်… အဲသလိုပဲ ကျမ တို့ကလည်း ကျမ တို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ဂုဏ်တော်တွေ၊ တရားတော်တွေရဲ့ ဂုဏ်တော်တွေ ၊သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို ရည်မှန်း ပြီးတော့ စေတီ တည်ထား ကိုးကွယ်ကြပါတယ်… ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ဝတ်လဲတော်ကို ဌာပနာပြီး တည်ထားခဲ့တဲ့ ဗြဟ္မာပြည်က စေတီ၊ ဆံတော်ကို ဌာပနာပြီး တည်ထားခဲ့တဲ့ တာဝတိံသာက စေတီနဲ့ မြန်မာနိုင် ငံက ရွှေတိ ဂုံစေတီတော်တို့ဟာ ဘုရားရှင် အလိုတော်နဲ့ မကိုက် ညီဘူးဆိုရင် တားမြစ်ခဲ့မှာပေါ့…
စေတျာနိ ဆိုတဲ့ စကားလုံးကိုတော့ ပါဠိမြန်မာအဘိဓါတ်မှာ ရှာမတွေ့ ပါဘူး.. စေတျာဆိုတဲ့ ပုဒ်ကို ပဲရှာတွေ့ပါတယ်… စေတီယ ဆိုတဲ့ စကားလုံးနဲ့ အတူတူပဲဖြစ်ပါတယ်…ဒါပေမယ့် နှစ်ခုလုံးရဲ့ မူရင်းပုဒ် ကတော့ စိတျ ဆိုတဲ့ ပုဒ်နဲ့ ဏျဆိုတဲ့ပုဒ် နှစ်ခုကိုပေါင်း ထားခြင်းပဲဖြစ် ပါတယ်… ရိုသေးလေးစား မြတ်နိုး ပူဇော်ရာဖြစ်သော လို့ အနက် ဖွင့်ထားပါတယ်…
ဒီတော့ တောင်တို့ကို၎င်း၊ တောတို့ကို၎င်း၊ အရံသစ်ပင် စေတီ ပုထိုး တို့ကို၎င်း လို့ ဘာသာပြန်လို့ မရပါဘူး… ဆရာတော်ကြီးများ မူအတိုင်းသာ မှတ်ယူပါ… ပြန်ချင်းပြန်ရင် တောင်တို့ကို လည်းကောင်း တော တို့ကို လည်းကောင်း အရံသစ်ပင် တို့ကို လည်းကောင်း စေတီပုထိုး အမှတ်ဖြင့် တည်ထားကိုးကွယ်ကြကုန်၏…. လို့ပဲ ပြန်သင့် ပါတယ်… ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်ပြန်ဆို ထားပါသလဲ ဆိုတာလေး ညွှန်းစေလိုပါတယ်… ဘာလို့လဲ ဆိုတော့ မြန်မာ စာ မြန်မာစကားမှာ (၎င်း) နဲ့ (လည်းကောင်း) အသံထွက်ခြင်း ဆင်ချင်သလိုလို ရှိပေမယ့် အဓိပ္ပါယ် အင်မတန် ကွာခြားလွန်း လှတာကြောင့်ပါ… ဘယ်လိုပညာရှိများလဲလို့ မှတ်သားချင်လို့ပါ ။
နောက်တစ်ခုပြောပါရစေ... သံဃာဆိုတာ... ရဟန်းအစု အဝေးကိုခေါ် တာပါ ... ရဟန်း ( ၄ ) ပါးရဲ့အထက် ကိုသံဃာလို့သုံးနှုံးတာပါ အတ္တနဲ့ အနတ္တ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့... ဘာသာနှစ်ခုကို ဘာရည်ရွယ်ချက်နဲ့ဆွဲညှိနေတာလဲသိချင်ပါတယ်ရှင်။