သာသနာတော် စောင့်ထိန်းမှုနှင့် ရုပ်ပွား ဆင်းတု သမိုင်း
ရုပ်ပွားဆင်းတု
တည်ထားကိုးကွယ်ခြင်း အတတ်သုခမသည် အိန္ဒိယတိုက်ကြီး တစ်ခုလုံးနီးပါးတွင် ထုနှင့် ထည်
နှင့် လွမ်းမိုး ထားသော်လည်း- ကိုယ်တော်ဂေါတမ၏ နောက်လိုက် လက်ရင်းတပည့်
သံဃာတော်ကြီးများသည် ကား ကိုယ်တော် သွန်သင်ခဲ့ သည့် ထိုအမှုကို ပြုကျင့်ခြင်းကြောင့်
ဒုက္ခခပ်သိမ်းမှ မလွတ်ကင်းနိုင်ရာ ဟူသည့် အ ချက်အား ဘီစီ ၆၀၀
နီးပါးမှ အေဒီ ၅၀၀ နီးပါး (နှစ်တစ်ထောင်မျှ) စောင့်ထိန်းထားနိုင်ခဲ့သည်။
အိန္ဒိယ
ရှေးဟောင်းသုတေသန အဖွဲ့မှ တူးဖေါ်တွေ့ရှိချက်များအရ- ဗုဒ္ဓသာသနာ ရှေးဦး
ပန်းပု-ပန်းချီဆရာကြီး များကိုယ်တိုင်က- ကိုယ်တော်ဂေါတမ၏ ရုပ်ပွားဆင်းတုအား
ထုဆစ်ခြင်းမှ အထူးရှောင်ကြဉ်ခဲ့ကြောင်း တွေ့ရ တော့သည်။ ဥပမာအားဖြင့်
ကိုယ်တော်ဂေါတမ၏ ငယ်ဘ၀- သိဒ္ဓထမင်းသား တောထွက်ခန်းကိုပင်–၊ မင်းသား တောထွက်စဉ်-
စီးသွားသော မြင်း၏ခြေသံ အား နန်းတွင်းသူ၊ နန်းတွင်းသားများ အသံမကြားရစေရန် မြင်းအား
နတ်ဒေ၀တာများမှ ပင့်မနေဟန် ရုပ်ကြွများ၌ မင်းသားသိဒ္ဓထ ၏ ရုပ်ပုံရုပ်ကြွ မပါဝင်ချေ။
ဗုဒ္ဓဒေသနာတော်အား
သာသနာပြု ဖြန့်ချီခဲ့သည့် မောရိယအင်ပါယာပြည့်ရှင် အာသောကမင်းကြီး လက်ထက် တွင်လည်း
ဗုဒ္ဓရုပ် ပွားဟူ၍ ထုဆစ်ခဲ့ကြောင်း မတွေ့ရပေ။
အမှန်သော်
ဗုဒ္ဓရုပ်ပွားတော်ဟူ၍ ကင်ပွန်းတပ် ထုဆစ်လိုက်သော လက်သည်များမှာ ရောမသားတို့သာ ဖြစ်
တော့သည်။ အေဒီ ၅ ရာစု၊ ကနစ်သျှမင်းလက်၌ ဂရိကျောက်ဆစ်သမားတို့က ဂန္ဓရ (အာဖဂန်) နယ်၌
ဂရိတို့၏ မြတ်နိုးကိုးကွယ်သော အပိုလိုနတ်ဘုရား ၏ ပုံကိုယူလျှက် ထိုပုံတွင်မှ
ဗုဒ္ဓဘာသာမှ ဆရာစဉ်ဟောပြောသည့် မ ဟာပုရိသ ယေက်ျားမြတ် အင်္ဂါ ၃၂ ပါးနှင့် ညီညွတ်လေဟန်
မွမ်းမံလျှက် နှတ်ခမ်းထူထူ၊ နှဖူးမောက်မောက် သင်္ကန်းထူထူ- ထုဆစ်လျှက်
ဗုဒ္ဓဆင်းတုတော်ဟု ဂုဏ်နာမ တပ်ပေး လိုက်လေတော့သည်။
တဖန်
မထုရာ ဒေသတွင်လည်း ယက္ခနတ်ဘုရား ထုလုပ်နည်းကို နမူနာပြုလျှက် အသားတော်တွင် ရေစွတ်၍
သင်္ကန်း ကပ်နေသော ပုံစံဖြင့် ထုဆစ်လိုက်တော့သည်။ ထိုသို့ နမူနာပြုလိုက်သော
အပိုလိုနတ်ဘုရားပုံနှင့် ယက္ခနတ်ဘုရားပုံတို့မှာ ကိုယ်တော်ဂေါတမ၏ ပုံများမဟုတ်ချေ။
ကိုယ်တော်ဂေါတမ မတိုင်မှီမှ ကိုယ်တော် ကိုယ်တော် တော်လှန်ပါယ်သတ်ခဲ့သည့်
အယူဝါဒများမှ ပုံများသာ ဖြစ်တော့သည်။
ထို့ထက်ပို၍
ကမောက်ကမဖြစ်သည်က မကိုဋ်ဆောင်းရုပ်ထုများပင် ဖြစ်တော့သည်။ မကိုဋ်ဆောင်း ရုပ်ထု ဆိုသည်မှာ ဆင်းတုတော်၏ ဦးခေါင်း၌ ရှင်ဘုရင်တို့၏ အဆောင်းတော်ကို မကိုဋ်သရဖူကို
ဆောင်းထားသည့် ဟန် ဖြင့် (ဥပမာ မဟာမြတ်မုနိ ကဲ့သို့) ဆင်းတုတော်များဖြစ်၍-
ဗုဒ္ဓဘာသာမင်းဆက်တစ်ပါး နန်းတက်လာလေ တိုင်း - မိမိသည် ဘာသာသာသနာ တရားဓမ္မနှင့်
မင်းလုပ်အုပ်ချုပ်ပါမည်ဟု ကတိပြုလျှက် ထိုမင်း၏ ရုပ်ဆင်း အင်္ဂါ မျက်နှာဟန်ဖြင့်
ဦးခေါင်းတွင် မကိုဋ်ဆောင်းလျှက် ထုပ်လုပ်ခြင်း များ ဖြစ်တော့သည်။ မဟာမြတ်မုနိ
ဆင်းတု တော်သည်ပင် ရခိုင်ဘုရင် စန္ဒြရိယ၏ ပုံဖြစ်သည်ဟု သမိုင်းတွင်
ဆိုစမှတ်ရှိပေသည်။
အထက်ဖေါ်ပြပါ
သမိုင်းကြောင်းများအား ၁၉၉၃ ခု ဒီဇင်ဘာလ၊ ၁၉၉၄ ခု ဇန္န၀ါရီလထုတ် မြတ်မင်္ဂလာမဂ္ဂဇင်း
များတွင် ဆရာ တိုက်စိုးမှလည်း ဗုဒ္ဓရုပ်ပွားဟူသော ခေါင်းစဉ်ဖြင့် ခန်းဆက်
ရေးသားခဲ့သည်။ ရုပ်ပွားဆင်းတုနှင့်
စပ်လျှဉ်း၍ အားသန်သူများ ဘက်မှလည်း စကားစဉ်တစ်ခုရှိနေလေသည်။ ၎င်းမှာ– တစ်ခါ သော်-
ကိုယ်တော်ဂေါတမသည် သုတိသာ နတ်ပြည်ရှိ မယ်တော် မိနတ်သားအား တရားဟောရန် ကြွသွားစဉ်
ပသေနဒီကောသလ မင်းကြီးက ကိုယ်တော်အား သတိရတသလျှက် စန္ဒကူးသစ် သားဖြင့် ကိုယ်တော်၏
ရုပ် ဆင်းသဏ္ဍာန် ဆင်းတုထုပ်လုပ်ကိုးကွယ်ခဲ့၏။ ကိုယ်တော် လောကသို့ ပြန်ကြွလာစဉ်
ထိုစန္ဒကူးဆင်းတု မှ မတ် တပ်ရပ်လျှက် ကိုယ်တော်အား ဂါဝရပြုသော်- ကိုယ်တော်က
”အသင်ရုပ်ပွား- နေမြဲအတိုင်းနေလေ့၊ ငါမရှိသည့်နောက် နောင်လာနောက်သားများ အတွက်
အသင်သည် ငါ၏ကိုယ်ပွား ကိုယ်စား ဖြစ်လိမ့်မည်၊” ဟု မိန့်ဆို၏၊ သို့ဖြင့် ယခုခေတ်
ဆင်းတုများသည် ထိုရုပ်ပွားတော်အား နမူနာယူလျှက် ထုဆစ်ခြင်းများ ဖြစ်တော့၏ ဟူလို။
ထိုစကားစဉ်နှင့်
ပတ်သက်၍ သမန္တုစက္ခုဒီပနီကျမ်းတွင်- မုံရွေးဆရာတော် ရှင်အာဒိစ္စရံသီ (၁၇၆၆-၁၈၃၄) က
”ထိုစကားစဉ်သည် ယွန်းတို့ပြည်မှ ဖြစ်သော ၀ဋ်ဒင်ကုလိရာဇ ပြဇတ်မှ ဖြစ်၍-
ပိဋကတ်တော်တွင်၎င်း၊ ၅၅၀ နိ ပါတ်တော်တွင်၎င်း မပါဝင်၊ သံဃာယ နာကျမ်းများတွင်
မပါဝင်သောကြောင့် ပညာရှိတို့ အမြတ်တနိုးမပြုကုန်ဟု လိမ္မာပါးနပ်စွာ ပါယ်ချထားပေသည်။
ရုပ်ပွားဆင်းတုကိုးကွယ်ခြင်းအား
အားမပေးသော မြန်မာဗုဒ္ဓဘာသာဂိုဏ်းများ တစ်ချို့ရှိသော်လည်း ယခုအခါ အကြောင်း အမျိုး မျိုးကြောင့်
ငုပ်လျှိုးလျှက် ရှိနေပေသည်။ သို့သော် လုံးဝ ပျောက်ကွယ်သွားခြင်း မရှိချေ။ ထို ဂိုဏ်းများအနက်
စတုဘုမ္မိကငှက်တွင်း ဂိုဏ်းမှာ ထင်ရှားပေသည်။
ကျွန်ုပ်တို့
အနေဖြင့် ကျွန်ုပ်တို့၏ ညီနောင် ဗုဒ္ဓသာသနာဝင်တို့အား မေတ္တထားရမည်၊ အမှန်ကိုသိရန်
ပြောဆိုပြ ရမည် ဖြစ်သည်။ အယူဝါဒနယ်ချဲ့ ရောမသားတို့၏ ထုံးတမ်းစဉ်လာအား-
ဆက်ခံထိမ်းသိမ်းမည့်အစား– ကိုယ် တော်ဂေါတမက– ဒုက္ခသိမ်းမှ လွတ်မြောက်ကြောင်းတရား
သွန်သင်မှုဖြစ်သည့် ဆင်းတုရုပ်ပွား ထုဆစ်ကိုး ကွယ်ခြင်းမှ ရှောင်ကြဉ်ခြင်းများကို
သတိဖေါ်ပေးရ မည် ဖြစ်သည်။
သို့ဖြစ်၍
ဆင်းတုရုပ်ပွားများအား ဖျက်ဆီးပစ်ရမည်ဟုလည်း မဆိုလိုပေ။ ရှေးပိသုကာ ပညာ
မိဘဘိုးဘွား မမွေ အနှစ်တို့အား ရှိရင်းစွဲ စေတီပုတိုး- ဆင်းတုများအား သမိုင်းဝင်
ထိမ်းသိမ်းစောင့်ရှောက်ထားလျှက်–၊ အသစ်ဖန် တီးခြင်း- ထိုဆင်းတုပုတိုးများ အား
ကိုးကွယ်ဆည်းကပ်ရာ အဖြစ် စိတ်သဏ္ဍာန် ဖြစ်တည်ခြင်းများကိုသာ မပြု လုပ်သင့်ကြောင်း
ပြောဆိုရမည် ဖြစ်သည်။ မိမိ ကိုယ်တိုင်ကလည်း သမိုင်း အမွေအနှစ်များအား တန်ဘိုးထား
တတ်ရမည် ဖြစ်တော့သည်။
ငြိမ်းချမ်းစွာ
အတူနေထိုင်ရေးမူ အတွက်- အသွင်တူရာများအား နားလည်မှုများ တည်ဆောက်နိုင်ရန်– အကပ္ပိ ယခေါ်
မစားသင့် မစားထိုက်သော အသားများ၊ လူ့အသိုင်းအ၀ိုင်း တိုင်းပြည်အတွက် လိုအပ်လျှင်
တော်လှန် စစ်ဆင်နွှဲခွင့်များ- ခန္ဓာကိုယ်တည်ဖွဲ့မှု မရှိသော ပရမတ်ဘုရား- ဟူသည့်
ခေါင်းစီးများအား ဆက်လက် တင်ပြ ပေးပါမည်။
I only want to say that if u dont know well about Buddhism and history, dont write like this.
ReplyDeleteမိမိဘာသာဝင်မွတ်စလင်များကိုသာ ... ဗုဒ္ဓဘာသာဝင်တွေရဲ့အပုံ တစ်သိန်းပုံရင်တစ်ပုံလောက် မေတ္တာထားနိုင်အောင် သင်ပေးသင့်တာပေါ့ .... သင်ကိယ်တိုင်ရောပေါ့ကိုဌေးလွင်ဦးရေ ... မိမိဘာသာကိုသာတစ်လောကလုံးအော့နှလုံးနာနေတာကနေဘယ်လိုအဖတ်ဆယ်ရမလဲသာကြိုးစားပါ
ReplyDelete