မိတ်ဆွေတို့အတွက် အမှာစကားလေး ပေးလိုက်ပါရစေ၊ ဘ၀အတွက် အသုံးဝင်မယ် ထင်လို့ပါ။
မြန်မာပြည်သား ပညာတတ်များအနေနဲ့
လူသားအကျိုးများကို ဒီထက် ပိုမိုလုပ်ဆောင်နိုင်စေလိုတဲ့ စေတနာလည်း ရှိလို့ပါ။ အရိုးသားဆုံးပြောရရင်
မိတ်ဆွေတို့လောက် ပညာတတ်တွေ- ပိုမိုရိုးဖြောင့်စေချင်တယ်ဗျာ။ မြန်မာပြည်အတွက်လည်း
အင်မတန်မှကို လိုအပ်ပါတယ်။ မြန်မာပြည်ကို ဦးဆောင်နေတာ မြန်မာဗုဒ္ဓဘာသာဝင်
အများစုပါ။ အခု မြန်မာပြည် ကြီး ဆင်းရဲ မွဲတေသွားရတာ- မြန်မာ ဗုဒ္ဓဘာသာဝင်များမှာ
တာဝန်ရှိပါတယ်။ ဥပမာဗျာ- မိတ်ဆွေများ ဦးဆောင်နေတဲ့ အိမ်ထောင် တစ်ခုမှာ (မိတ်ဆွေများက
အိမ်ထောင်ဦးစီးပေါ့) အဲ့ဒီ အိမ်မှာ ၀င်ငွေလည်းရှိတယ်။ လုပ်ငန်းလည်းရှိတယ်-
အဘက်ဘက် က ရှိနေပါလျှက် အဲ့ဒီအိမ် မွဲနေ၊ ငတ်နေတယ်ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ မိတ်ဆွေများ
တွေးကြည့်ပေါ့။-- ဒီလို တွေးလိုက်ရင် ကျွန်တော်ဆိုရင် လူရှက်ပြီး လဲ သေသွားလိုက်မယ်။
အဓိက-က ဦးဆောင်သူ လူများစုက ရိုးသားရမယ်- အမျှော်အမြင်ရှိရမယ်၊ သားသမီးချင်း
ရန်ဖြစ်နေရင် ဖြန်ဖြေပေးရမယ်- ငါသာ မှန်တယ်ဆိုတဲ့ “အတ္တ” ကို ဖယ်ရှားနိုင်ရ မယ်။
ဖြစ်လာတဲ့ ပြသနာများကို ကိုယ်တိုင်ဝင်မပါဘဲ (၀င်မခံစားဘဲ)- အပေါ်ကကြည့်ပြီး
သင့်လျှော်သလို ဆုံးဖြတ်နိုင်ရပါ မယ်။ အထူးသဖြင့် မရိုးသားမှု၊ မသေချာဘဲ
စွပ်စွဲမှုတွေကို ဆင်ခြင်ရပါမယ်။
အထူးသဖြင့် နိုင်ငံတော်ကို
အလုပ်အကျွေးပြုမယ့် လူတစ်ဦးက နိုင်ငံတော်ကို ကျေးဇူးသိတတ်ရပါမယ်။- အခု မိတ်ဆွေ များဖြစ်စေ- ကျွန်တော်ဖြစ်စေ ဘွဲ့ရလာခဲ့တာမှာ-
နိုင်ငံတော်အတွင်းနေထိုင်တဲ့ ကုလား၊ တရုတ် အားလုံး- ဟို တောထဲမှာ နေတဲ့ မုဆိုးမ
ကချင်အဘွားကြီးရဲ့ ချွေးနဲစာနဲ့ မကင်းခဲ့ဘူးဆိုတာ နားလည်ရပါမယ်။ မုဆိုးမကြီးကလည်း
သူလုပ်တဲ့ လယ်ယာက စပါးတစ်တင်းဖြစ်စေ- နိုင်ငံတော်ကို အခွန်ပေးခဲ့ရပါတယ်။ တရုတ်
ကုလားကလည်း သူလုပ်နေတဲ့ စီးပွားရေး ထဲက အခွန်ပေးနေရတယ်။ အဲ့ဒီ အခွန်ငွေတွေကို
နိုင်ငံတော်အစိုးရ စစ်စရိတ် ဘယ်လောက်သုံးသုံး အနည်းဆုံး ကျောင်း ဆောင်တော့ ဆောက်ပေးတယ်။
ဒီတော့ ဒီကျောင်းတွေမှာနေခဲ့တဲ့ ကျွန်တော်တို့ရဲ့ အပေါ်မှာ ကျေးဇူးဆိုတာ
ရှိနေပါတယ်။
နိုင်ငံတော်ရဲ့ Geo-politic အရ-
အခြားနိုင်ငံသားတွေ အ၀င်မခံနိုင်တာ မှန်တယ်။ အဲ့ဒီ Geo- Politic လို့ ပြောတဲ့
နိုင်ငံ တော်ရဲ့modern map ကို ဘယ်အချိန်က သတ်မှတ်ခဲ့သလဲ။ အဲ့ဒီ မတိုင်မှီက
နိုင်ငံတော်တွင်းမှာ ဘာတွေ ရှိခဲ့သလဲ။ map ဆိုတာ စည်းဝိုင်းတစ်ခုလို ဖြစ်တော့-
စည်းဝိုင်းထဲမှာ ထည့်သွင်း ၀ိုင်းရံခံလိုက်ရတဲ့ လူသားတွေကို ဘယ်လို စဉ်းစားမလဲ-
ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပါ။ စည်းဝိုင်းထဲမှာ ထည့်ဝိုင်းပိတ်ဆို့လိုက်ပြီး
တံခါးပိတ် လှောင်ရိုက်မယ့် အလုပ်မျိုးကို မစဉ်း စားပါနဲ့။ အခုခေတ်က
မျိုးပြုတ်သတ်ဖြတ်လို့ရတဲ့ ခေတ်မဟုတ်သလို- ရိုးသားတဲ့ မြန်မာပြည်သူတွေကလည်း
အဲ့သလို အကုသိုလ်ကို ကျူးလွန်မှာ မဟုတ်ပါ။ အထူးသဖြင့် လူဆိုတာ ဖြူဖြူမဲမဲ
ကိုယ့်အမျိုးကို ထိလာရင် ခုခံကာကွယ်ကြတာပဲ။ အခု မြန်မာပြည်က မွတ်စလင်ဆိုသူတွေမှာ
ကုလား အမျိုးတစ်ယောက်၊ ဗမာအမျိုးတစ်ရာ တော်စပ်နေသူများပါတယ်။ သူ့ မိသားစုထဲမှာသာ-
ကုလားလေး၊ ကုလားကြီး ခေါ်ချင်ခေါ်မယ်- အခြားတစ်ဦးက စော်ကားလာရင် အထိမခံကြဘူးဆိုတဲ့
လူသားရဲ့ psycho ကိုလည်း နားလည်ထားဘို့ လိုပါတယ်။ ဒါကြောင့်
ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားစေလိုတယ်။
အယူအဆပိုင်း ဆိုင်ရာမှာလည်း
ရန်လိုမှုနဲ့ မသုံးသပ်ပါနဲ့။ ကိုယ်မနိုင်ရာကို ကိုယ် လက်ဝင်မနှိုက်ပါနဲ့-၊ လူကြီး
လူကောင်း များ၊ ပညာရှင်များ အဖြစ်ရပ်တည်နိုင်အောင် ကြိုးစားပါ။
ကျွန်တော်ဆိုရင်- ဥပမာ-ဗုဒ္ဓဘာသာများကို
အယူအဆရေးရာ ဝေဖန်ရင် ရစရာမရှိအောင် ဝေဖန်လို့ ရပါတယ်။ ဒါပေမယ့် ဘယ်တုံးကမှ
စေတနာယုတ်နဲ့ အဲ့ဒီအလုပ်ကို မလုပ်ခဲ့ဘူး။ ကျွန်တော့အမျိုးတွေ၊ ကျွန်တော့ကို ကျွေးမွေးစောင့်ရှောက်
ခဲ့ သူတွေ၊ ကျွန်တော့မိတ်ဆွေတွေ- နောက်ဆုံး ကျွန်တော့ရဲ့မြေက မြန်မာပြည်သူအများ
သက်ဝင်နေတဲ့ အယူ- ဆိုတဲ့ ဆင်ခြင်မှုနဲ့ အမြဲနေခဲ့ပါတယ်။
နောက်တစ်ခုက ထိကပါး၊ ရိကပါး
စကားလုံးမျိုးကို ပညာတတ်များအနေနဲ့ ရှောင်စေလိုတယ်။ (ကျွန်တော် ကိုယ်တိုင် လည်း
ဆင်ခြင်နေပါတယ်။) မိတ်ဆွေများ ယုံကြည်တဲ့ ဘာသာကောင်းတယ်ဆိုတာကို လွတ်လပ်စွာ
တင်ပြနိုင်တယ်။ ဒါ ဟာ ယုံကြည်သူတစ်ဦးရဲ့ အခွင့်အရေးနဲ့ တာဝန်ပါပဲ။ ဥပမာ-
ကြံခိုင်ရေးပါတီဝင်တစ်ဦးက သူ့ပါတီကောင်းကြောင်းပြောတာ အပြစ်မရှိပါ။ ဒါပေမယ့် NLD
ကို မစော်ကားဘို့ လိုပါတယ်။ အလားတူ NLD ကလည်း သူ့ပါတီ ကောင်းကြောင်း ပြောခွင့် ရှိ
ပါတယ်။ အခြားတစ်ဘက်ကို ထိကပါး ရိကပါး မစော်ကားနဲ့ပေါ့။ ဒါမှ လူကြီးလူကောင်း
ပီသလာမယ်လေ။ ဒါပေမယ့် လူ အများအတွက် ဥပဒေနဲ့ ပေါ်လစီ ချမှတ်တဲ့အခါ- နှစ်ဦး နှစ်ဘက်
သူ့ပေါ်လစီကောင်းတယ်- ငါ့ပေါ်လစီကောင်းတယ်လို့ အ ကျိုးသင့် အကြောင်းသင့်
ဆွေးနွေးတိုင်ပင် ရပါမယ်။ လိုအပ်ရင် ပြည်သူကိုလည်း ပေါ်လစီနှစ်ခုကို နှိုင်းယှဉ်ပြီး
ချပြ နိုင်ရပါ မယ်။ ဒါဟာ ငြင်းခုံတာ မဟုတ်ဘဲ သင့်လျှော်တာကို ဆုံးဖြတ်နိုင်အောင်
ဖြစ်သင့်တယ်။ ဒါမှ အဲ့ဒီပေါ်လစီ၊ အဲ့ဒီ ဥပဒေ အရိပ်က လူတွေက တိုးတက်လာမှာပေါ့။
အလားတူပဲ ဘာသာရေးနယ်မှာ-၊ ပညတ်ရှိတယ်။
ပရမတ်ခေါ် ဉာဏ်စဉ်ပေါက်မြောက်ရေး ရှိတယ်။ ပညတ်က ဥပဒေ ဆို တော့ အဲ့ဒီဥပဒေကို
ဆွေးနွေးနိုင်တယ်။ ပရမတ် ကိစ္စကတော့ တစ်ကယ်ကျင့်မယ့် လူတွေချင်း- နှီးနှောဖလှယ်ရမယ့်
ကိစ္စ ဖြစ်တယ်။- ပရမတ်သဘောကို ဒေါင့်စေ့အောင် အကုန်မသိဘဲလည်း ၀င်မစွက်ပါနဲ့။
(ဒေါင့်စေ့အောင်ဆိုတာ ဘာသာစုံကို ပြောတာပါ။- ဗုဒ္ဓဘာသာ တစ်ခုတည်းကို သိပြီး
ငါတို့မှာပဲ ၀ိပဿနာ ရှိတယ်- အခြားသူများမှာ ကမဌာန်းပဲ ရှိတယ် ဆိုတာ မျိုး-
မပြောသင့်ဘူး။ အခြားသူများမှာ ဘာသာရေးရဲ့အနက် ဘာတွေရှိသလဲဆိုတာ တစ်ကယ့်အနက်ကို
လိုက်တဲ့လူတွေပဲ သိတဲ့ကိစ္စ ဖြစ်တယ်။) ပညတ် နယ်က ဘယ်ဘာသာကမဆို ဓမ္မစရိယများရေးတဲ့
စာအုပ်များကို ဖတ်ပြီး- ပရမတ်ကိစ္စကို လက်မနှိုက်သင့်ဘူး။ ပညတ်၊ ပညတ်ချင်း
ဆွေးနွေးပါ။ ဆွေးနွေးမှုမှာလည်း ယုတ္တိဗေဒကို အခြေခံပါ။ (ဆွေးနွေးလိုရင် ပြောတာပါ။)
တချို့ မိတ်ဆွေများ အင်္ဂလိပ်ဘာသာပြန်၊
မြန်မာဘာသာပြန်တွေ ဖတ်ပြီး ထောက်ပြတဲ့ ကုရ်အံစာသားများကို ကျွန်တော် ပြန်မရှင်းနိုင်ပါ။
မိတ်ဆွေများအနေနဲ့ အင်္ဂလိပ်စာကို ဆက်လက်လေ့လာဘို့ လိုပါသေးလို့ ပြောပြပါရစေ။ ဘာသာ စကား
တိုင်းမှာ အရပ်သုံး၊ နိုင်ငံရေးသုံး၊ သံတမန်သုံး၊ သက်ဆိုင်ရာ ဘာသာဗေဒသုံး၊ ဘာသာရေးသုံး
ဆိုတာတွေ ရှိပါတယ်။
ဥပမာ-လေးတစ်ခု ပြောမယ်။ မိတ်ဆွေများက
အင်္ဂလိပ်ဘာသာပြန် ကုရ်အံကျမ်းချက်ကို ကူးယူဖေါ်ပြတယ်။ ပြီးတော့ အောက်က ဘာသာပြန်တယ်-
လုံးဝ လွဲသွားပါတယ်။ ဥပမာ- မိတ်ဆွေများ ထောက်ပြတဲ့ ကျမ်းချက်များပါ ဝေါဟာရ များ က
We ဆိုတဲ့ စကားလုံးကို “ငါတို့” လို့ ဘာသာပြန်လိုက်တယ်။ လုံးဝကို မှားသွားပါတယ်။
အာရ်ဗီစာ၊ ဟီးဗရူးစာနဲ့ အင်္ဂလိပ်စာပေမှာ- မြင့်မြတ်တဲ့ အရာများကို “အများပြ” နဲ့
သုံးပါတယ်။ ဥပမာ- ဘုရင်တစ်ပါး ဆိုပါတော့- သူက စကား ပြောရင် “ငါ” ဆိုတဲ့နေရာမှာ
“We” လို့ သုံးပါတယ်။ ဟီးဗရူးစာမှာ ဘုရားရှင် ဆိုတာ ကို “အီလိုဟင်းမ်” “ဘုရားများ”
လို့ သုံးပါတယ်။ မြင့်မြတ်လွန်းလို့ ဂုဏ်ပေးတဲ့ စကားလုံးများ ဖြစ်ပါတယ်။ နောက်ထပ်
ဥပမာတစ်ခု ပြောပါမယ်။ Mg Mg ဆို တာနဲ့ mg mg ဆိုတာလည်း မတူညီပါ။ အင်္ဂလိပ်စာမှာ စာလုံး
အကြီးနဲ့ရေးရင် လူသားရဲ့အမည်နာမဖြစ်လို့ လူသားဟာ အခြားအရာများထက် မြင့်မြတ်တဲ့သဘောကြောင့်
ဂုဏ်ပေးပြီး စာလုံးကြီးကို သုံပါတယ်။ ဒါကြောင့် Mg လို့ ရေးလိုက်တာနဲ့ အင်္ဂလိပ်တွေက
ဒါဟာ လူတစ်ဦးရဲ့ အမည်ဆိုတာကို သိပါတယ်။ တစ်ကယ်လို့ mg လို့ပဲ ရေးလိုက်ရင် ဒါဟာ
မီလီဂရမ်ကို ပြောနေတာလို့ နား လည်သွားပါတယ်။ အလားတူ God နဲ့ god ဆိုတာလည်း
အနက်သဘောမှာ လုံးဝ မတူညီပါ။
ဒီတော့- မိတ်ဆွေများ ထောက်ပြထားတဲ့
ကုရ်အံကျမ်းချက်များကို မိတ်ဆွေများက မြန်မာပြန်တာမှာ လုံးဝကို လွဲချော် နေ ပါတယ်။
တစ်လုံးချင်း ရှင်းနေဘို့ မလိုလောက်ဘူးထင်လို့ပါ။ တစ်ကယ့် အင်္ဂလိပ်လို ဘာသာရေး စကားလုံးများကို
လေ့ လာလိုရင် ပထမအဆင့်အနေနဲ့ မြန်မာပြန်သမ္မာကျမ်းစာအုပ်နဲ့ အင်္ဂလိပ်သမ္မာကျမ်းစာကို
တွဲပြီး အရင်လေ့ကျင့်ပါ- လို့ အကြံပေးလိုပါတယ်။
ဒီတော့ဗျာ- စာပေတစ်ခုကို တစ်ကယ့်
အနက်ထိ မတတ်ရင် အဲ့ဒီဝေါဟာရ term ကို ၀င်ရောက် မစွက်ဖက်တာ ကောင်းပါ တယ်။ နို့မဟုတ်
ပညာတတ်လောကမှာ မျက်နှာမလှ ဖြစ်ရတာပေါ့။
တစ်ကယ့် လူတော်တစ်ဦး ဖြစ်စေချင်တဲ့
စေတနာနဲ့ ဒီစကားများကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်တယ်။
လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်။ ငါ့လူမျိုးသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ်လူမျိုးကိုယ် ချစ်ခင်သော်လဲ တခြား လူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်းမဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုး တဦးဖြစ်ပွားအောင် ဆောင်ရွက်တဲ့ လူမျိုးရေး တရားမျိုးသာ ဖြစ်ရမယ်…
ReplyDeleteဗိုလ်ချုပ်အောင်ဆန်း
ဇာတိသ္ဗေေဒဘယာ သကာတိ ဘဂိနီဟိ သဒ္ဓိံသံဝါသံ ကပ္ပေန္တိ
ReplyDeleteသီလက္ခန္ဓအမ္ဗဌ သုတ်တော်လာ