ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များအနေဖြင့် ၀က်သား မစားသုံးသည့် ကိစ္စသည်လည်း- အဘယ်ကြောင့် မ စားသုံးရသနည်းဟု မကြာခဏ စောကြောခံရသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ကျမ္မာရေးရှုဒေါင့်- ဆေး ပညာရှုဒေါင့်မှ မည်သို့ ရှင်းပြစေကာမူ-၊ ဘ၀င်တကျ လက်ခံပေးနိုင်စွမ်း မရှိချေ။ ထိုသို့ ဖြစ်ရခြင်းမှာ သာသနာ ကိုယ်စီမှ ပြဌာန်းထားသော အကပ္ပိယ အသားများ ကို မေ့လျှော့နေခြင်းကြောင့်သာ ဖြစ်သည်။
သာသနာတိုင်းတွင် ဉာဏ်စဉ်တော်ဆောင် ပုဂ္ဂိုလ်များက နောက်လိုက် ဒကာများအား မစားသင့် မစားအပ်သော အကပ္ပိယ အသား ဟူ၍ တားမြစ်ထားမှုများ ရှိပေသည်။ ထိုအတွက် လူသားများ၏ စောဒကအား ပြန်လည် ဖြေ ကြားထားခြင်း မရှိချေ။ ထိုသာသနာ အား ယုံကြည်လက်ခံသူသည် ထိုသာသနာမှ ပြဌာန်းထားသော အကပ္ပိယ အသားများကို ရှောင်ကြည်ရမည်မှာ ၀တ္ထရား ဖြစ်ပေ သည်။ ထိုသို့ ရှောင်ကြဉ်ခြင်း အတွက် ထိုသာသနာမှ မ ဟုတ်သူ တစ်ဦးအနေဖြင့် ပုတ်ခတ်စော်ကားခြင်း၊ စေဒက တက်ခြင်းမှာ စိတ်ဓါတ်ရေးရာ မရင့်ကျက်သူ၊ မိမိ ဘက်ကို မိမိမကြည့်ဘဲလျှက် သူတစ်ပါးအား အပြစ်တင်စောသူသာ ဖြစ်တော့သည်။ ဤသို့ မဘွယ်မရာသော စိတ်ဓါတ်ရေးရာ အကုသိုလ်များ မသင့်ရစေရန် ကျွန်ုပ်တို့၏ ညီနောက် မြန်မာဗုဒ္ဓဘာသာဝင်တို့အား ပြောပြရ မည်မှာ ကျွန်ုပ်တို့၏ ၀န် တာသာ ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်များ အတွက် ကိုယ်တော်ဂေါတမ တားမြစ်ခဲ့သော အသားများမှာ လူ၊ ဆင်၊ မြင်း၊ ကျား၊ ခြင်္သေ့၊ ခွေး၊ သစ်၊ ၀ံ၊ အောင်း၊ မြွေ- အသားတို့ ဖြစ်သည်- (မဟာဝဂ္ဂ ၂၈၀၊ ၂၈၁)။ ထိုအသားများအား မစားရသည့် အ ကြောင်းများကို ပြော ဆိုစဉ်တွင် ယုတ္တိခိုင်မာသော အကြောင်းပြချက်များ မရှိချေ။ ဆင် သား- မြင်းသားကို မစား ရခြင်းမှာ ဆင်၊ မြင်းတို့သည် မင်းတို့၏ အသုံးအဆောင် ဖြစ်ခြင်းကြောင့် မင်းတို့ ငြိုငြင်နိုင်ခြင်းကြောင့် ဟုသာ ဆိုထားပေသည်။ ထိုအဖြေသည်လည်း ယုတ္တိဖြင့်ကြည့်လျှင် အားနည်းလှပေသည်။ အခြားသော အသားများ အတွက်မူ အကြောင်းပြချက် မရှိချေ။ မည်သို့ဆိုစေ- ယုတ္တိရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ- သူတို့ အတွက် အ ကပ္ပိယ အသားများဟု သတ်မှတ်ထားရာ အတွက် ရှောင်ကြဉ်ခြင်းအား ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင် များ မှ စောဒကတက်ခြင်း၊ ပုတ်ခတ်ခြင်း၊ သရော်ခြင်းများ မရှိချေ။
အစ္စလာမ် သာသနာဝင်များ အတွက် အကပ္ပိယ အသားများ အဖြစ်ပြဌာန်းထားသော ခွာကွဲ၍ စားမြုံမပြန်သော အသား (၀က်သား) ဟူသည် ဗုဒ္ဓဘာသာများ အတွက် ပြဌာန်းထားသော ကျား၊ ခြင်္သေ့၊ ခွေး၊ သစ်၊ ၀ံ တို့၏ အ သားမျိုးနွယ်တွင် ပါဝင်သော အသား ဖြစ်ပေသည်။ အဆိုပါ သတ္တ၀ါများသည်လည်း ခွာကွဲလျှက် စားမြုံမပြန် သော သတ္တ၀ါများ ဖြစ်သည်။
ဤသို့ ဆိုလျှင် ကိုယ်တော်ဂေါတမ အနေဖြင့် ၀က်သားကို အမည်နာမဖြင့် မတားမြစ်ခဲ့ဟု ဆိုဘွယ်ရှိပြန်သည်။ ထိုအတွက် စောဒကမှာ သက်သတ်လွတ်စားသော ခတ္တိယ မျိုးရိုးမှ ဖြစ်သော ကိုယ်တော် ဂေါတမသည် မစ္ဖျိမ ပဋိပဋာ လမ်းစဉ် အရ အသား၊ ငါး ၀တ္ထုများအား ဘုန်းပေးစားသောက်ရသော်လည်း ၀က်သား စားခဲ့သည်ဟူ သော အထောက်အထားမှာ အငြင်း ပွားဘွယ် ဖြစ်နေပြန်သည်။ အများစုကြီး လက်ခံစွဲကိုင်ထားသော– ကိုယ် တော် ဂေါတမသည် ပန်းတိမ်သည် စုန္ဒ ဆက်ကပ် လှုဒါန်းသည့် ၀က်ပျိုဖြူသားအား ဘုန်းပေးစားသုံး၍ သွေးဝမ်း သွားလျှက် ပရိနိဗ္ဗာန်ပြုခဲ့ရသည်– ဟူသော အထောက် အထားမှာ ရာနှုန်းပြည့် မှန်သည်ဟု မဆိုနိုင်ပေ။ ထို အ ဆိုမှ– ပန်းတိမ်သည် စုန္ဒ လှုဒါန်းသည့် ဆွမ်း (အစာ) ကို အဿီတိ ဟု ဖေါ်ပြ၍၊ ဆရာတော် ရှင်ဥက္ကဌက သူ ၏ ကန်တော့ပန်း စာအုပ်တွင် အဿီတိ ဆိုသည်မှာ မိုးဦးကျရာသီတွင် ပေါက်သော ၀က်နင်းမှို ဟုခေါ်သော မှို တစ်မျိုးဟု ဆိုထားပေသည်။ အလားတူ ရွှေကျင်ဂိုဏ်းကဲ့သို့ အခြားသော ဗုဒ္ဓသာသနာဂိုဏ်များကမူ အဿီတိ ကို မြောက်ဥ ဟု ဆိုပေသည်။ ပါဠိအဘိဓာန်များကို လိုက်ကြည့်လျှင် ၀က် သတ္တ၀ါကို သူကရ (နီပေါဘာသာ ဖြင့် စူကာရ်)၊ အသားကို မံသ (မာ့ဆ်)၊ ထိုနှစ်လုံးပေါင်း၍ ၀က်သားကို သူကရ-မံသ (စူကာရ်မာ့ဆ်) ဟု ခေါ်ပေ သည်။ ထိုသို့ဆိုလျှင် ဆရာတော် ရှင်ဥက္ကဌပြောသော အဿီတိ ဟူသည့် ဝေါဟာရသည် အဘိဓာန်အာဖြင့် ပိုမို နီးစပ်မှု ရှိပေသည်။ အဘိဓာန်တွင် မှိုသိမ် ကို အာသိတာ (နီပေါ ဘာသာဖြင့်- အာဆီးတ်) ဟု ခေါ်ကြောင်း တွေ့ ရ၍ အဿီတိ ဟူသည် အာသိတာ နှင့်သာ နီးစပ်လျှက် သူကရ-မံသ နှင့် ဆက်စပ်မှု အလှမ်းဝေးနေပေသည်။
No comments:
Post a Comment
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)