(၂) ဤတင်ဆက်မှုတွင် ကမ္ဘာကျော် မင်းသား
မင်းသမီးများပါဝင်ပြီး ကမ္ဘာ့အ၀ှမ်း ထုတ်လွှင့်ခြင်းဖြစ်သဖြင့်
ကမ္ဘာတလွမ်းရှိ ဗုဒ္ဓဘာ သာကို ယုံကြည်သူများအား အတိအလင်း မထီမဲ့ပြင်ပြုသည်ဟု
ယူဆသည်။
(၃) လွတ်လပ်မှုနှင့်
လူ့အခွင့်အရေးဟူသည့် ခေါင်းစဉ်အား အလွဲသုံးစားပြုလုပ်ပြီး ကမ္ဘာပေါ်ရှိ
ဘာသာကြီးများ၏ ကိုးကွယ်ရာ၊ အ ထွတ်အမြတ်ထားရာများအား လှောင်ပြောင်စော်ကားခြင်းမှာ
မတူဝါဒများအား အပြန်အလှန်လေးစားမှုမရှိဘဲ စော်ကားခြင်းဖြစ်သည်။
(၄) အစ္စလာမ်သာသနာ၏
ကျမ်းတော်မြတ်ကုရ်အာန်တွင် မည်သည့် ဘာသာတရားအား စော်ကားသည် ဖြစ်စေ- မိမိနှင့်
မဆိုင် ဟု ဘေးထိုင်ပွဲကြည့်နေခြင်း မပြုရန် သွန်သင်ထားသည်နှင့် အညီ အရှင်ဂေါ်တမအား မထီမဲ့မြင်
စော်ကားထားတဲ့ Rude Buddha အစီအစဉ်အား မိမိတို့ 
မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များအဖွဲ့ (Myanmar Muslim Student& Youth) မှ
ကန့်ကွက်ပါသည်။
ရှင်ဂေါတမဗုဒ္ဓအား
ပြတ်ချော်ပြောင်လှောင်ထားသည့် သတင်းကို ဤနေရာ တွင်ဖတ်ပါ။
Source: MMSY
Thank you for your notice.
ReplyDeleteဗုဒ္ဒဘာသာဝင်တွေကတော့ သီးခံနိုင်ကြပါတယ် တချို့ဘာသာဝင်တွေတော့မပြောတတ်ပါဘူး အစော်ကားခံရမှု ဘာသာဝင်များပြားမှု ဒါတွေကအဓိကကြသလား နေပါစေလွှတ်ထားလိုက် တနေ့တော့အအေးမြဆုံး ဘာသာေ၇းက ကျန်ခဲ့ပါလိမ့်မယ် ။ကျန်ခဲ့မယ်ဆိုတာ နောက်ကိုပြောတာမဟုတ်ဘူး ကမ္ဘာပေါ်မှာရှိနေရစ်မှာ .တခြားဘာသာတွေ မရှိတော့။ ကြာလိမ့်မယ် မိတ္ဆာတောင်ကြီး အအိအိပြိုကြပြီး ပတ္တမြားဘဲကျန်သကဲ့သို့။
ReplyDelete