ပရမတ်ဘုရားရှင်
ဘာသာ
သာသနာရေးနှင့် စပ်လျှဉ်း၍ ဆန်းစစ်လျှင် ယေဘုယျ အားဖြင့် ဖန်ဆင်းရှင်ကို လက်ခံ ယုံကြည်
ထား သောအုပ်စုနှင့် ဖန်ဆင်းရှင်ရှိသည် ဆိုခြင်းအား လက်မခံနိုင်သော အုပ်စုဟူ၍
ဖြစ်ကြောင်း ကမ္ဘာ့ပညာရှင်များ က ဆုံးဖြတ်ထားကြပေသည်။ ထို့အနက် ဗုဒ္ဓဘာသာ ဟူသည်
ဖန်ဆင်းရှင်ကို လက်မခံသော ဘာသာ တစ်ခု ဖြစ်၍ ရံခါ- ၎င်းကို သာသနာတစ်ခု Religion
အုပ်စုမှ ပါယ်ဖျက်ရန်ပင် ကြိုးပမ်းမှုပင် တွေ့ရတော့သည်။
ထိုသို့
ဖြစ်ရခြင်းမှာ ၀မ်းနည်းစရာပင်၊ အမှန်မှာ ဖန်ဆင်းရှင် ဟူသည်မှာ
နက်နဲသိမ်မွေ့လွန်း၍– ပညာရှင်ဟူ၍ ဘွဲ့တံဆိပ် ယူထားသူ တိုင်း နားလည်နိုင်သော အရာ
မဟုတ်ဟု လည်းကောင်း၊ အခြားတစ်ဘက်တွင် သာသနာ တစ်ရပ်ဟု ဆုံးဖြတ် ရာတွင် မိရိုးဖလာ
အ၀ိဇ္ဇာထုကြီးအတွင်း ယစ်မူးနေသော ရှေးရိုးစွဲ ဂိုဏ်းတော်ဝါဒီ ဘုရားစာ
အလွတ်ကျက်အုပ်စုကြီး၏ ရပ်တည်ကိုယ်စားပြုမှု ပေါ်၌ သာ ဆုံးဖြတ်ခြင်းကြောင့်သာ
ဖြစ်တော့သည်ဟု ဆိုရ မည် ဖြစ်သည်။ တနည်းအားဖြင့် အမှန်တရား ဆိုသည်ထက်-
မောင်ပိုင် စီးနိုင်သော အုပ်စုကသာ ဘာသာတစ် ခု၏ ခေါင်းစဉ်တစ်ရပ်အား ပိုင်ဆိုင်ခွင့်
ရထားခြင်း ကြောင့်ဟု ဆိုရမည် ဖြစ်သည်။
အမှန်စင်စစ်
ဗုဒ္ဓ၀ါဒသည် ဖန်ဆင်းရှင်အား ပစ်ပါယ်သောဝါဒဟု မည်သို့မျှ ၀န်ခံနိုင်ခြင်း
မရှိကြောင်း ပိဋကတ်တော်အား ကျေ ညက်နှံ့စပ်သူတိုင်း ၀န်ခံရမည် ဖြစ်သည်။ သို့သော်
ဤနေရာ၌ နက်ရှိုင်းရှုပ်ထွေးမှုများ ရှိနေသည့်အတွက် ရှင်းစရာ အတော်အတန် ရှိနေပေသည်။
ကိုယ်တော်ဂေါတမ ပစ်ပါယ်သော အတ္တ၀ါဒ
မီးတိုင်ငယ်
တစ်ခု လင်းဝင်းရန် ပိန်းပိတ်အောင်ထူသည့် အမှောင်ထုကြီးမှာ အပံ့အပိုးသာ ဖြစ်၏။
အလားတူပင်–၊ ကိုယ်တော် ဂေါ တမတည်းဟူသော ဗုဒ္ဓဘွဲ့ဆောင် ဉာဏ်စဉ်တော်ဆောင် ပုဂ္ဂိုလ်မြတ်
တစ်ပါးပွင့်ပေါ်ရန် မှာ- အခြားအခြားသော ဉာဏ် စဉ်တော်ဆောင်များ ပွင့်ပေါ်ရန်အတွက်
လိုအပ်သော ပတ်ဝန်းကျင် ပံ့ပိုးမှုကြီး လို အပ်ပေတော့သည်။ ကိုယ်တော် ဂေါတမ
မပွင့်ပေါ်မှီပတ်ဝန်းကျင်ကြီးသည် ဆရာစဉ် ဖွင့်ဆိုသော အတ္တ၀ါဒကြီး နှင့်သာ
လွှမ်းခြုံလျှက် ရှိ၏။ တနည်းအားဖြင့် ဆရာစဉ်ဖွင့် ဆိုသော ဖန်ဆင်းရှင်ဝါဒ
အုပ်ဆောင်းကြီးထဲမှ ပတ် ၀န်းကျင်တစ်ခုလုံး ရုန်းထွက်နိုင်ခြင်း မရှိဘဲလျှက်
အမှန်စင်စစ် ပရမတ်ဘုရား ရှင် (အလ္လာဟ်)အား ကိန်းဆိုက် သိမြင်နိုင်ခြင်း မရှိဘဲ-
တာတမံပိတ်ဆို့ထားသည့် မြစ်ကြီးတစ်ခုကဲ့သို့ စီးထွက်ခြင်းမရှိ အမှိုက် သနှစ်များဖြင့်
ညစ်ထေးလျှက် ရှိတော့၏။
ထိုသို့သော
အခြေအနေတွင် ဘာသာတရား၌ မွေ့လျှော်သူများက မူလဇစ်မြစ် ပရမတ်ဘုရားရှင် (အာရ်ဗီအခေါ်
အလ္လာဟ်) အဂ္ဂည တရားအား တွေ့သိရန် အပြိုင်ကြိုးစားကြလေတော့သည်။ ယခုခေတ်တွင် ကွန်ပြူတာ
နည်း ပညာများအား အပြိုင် ကြိုးစားသကဲ့ သို့ဟု ဆိုနိုင်မည် ဖြစ်သည်။
ကိုယ်တော်ဂေါတမသည် ထိုသို့ အပြိုင်ကြိုးစား သူများ အနက်မှ တစ်ဦးသာဖြစ် သည်။
ရှေးဘ၀ အဆက်ဆက် ပါရမီဖြည့်ဆီးခဲ့ရသည်ဟူသော ဒဏ္ဍာရီလာ မိုး ကျရွှေကိုယ် မဟုတ်ချေ။
အဘယ်ကြောင့်
ဆိုသော်–၊ အရာရာအား အလိုလို မွေးရာပါ သိခဲ့ခြင်း မဟုတ်ဟူသော သူ့ဘ၀၏ မှတ်တမ်းများက
သက်သေခံ လျှက် ရှိတော့သည်။ သူသည် သူ့မိရိုးဖလာမှ ပြောခဲ့ဆိုခဲ့ သွန်သင်ခဲ့သော-
တရားပေါက်မြောက် ရန် ဘာသာရေး လူတန်းစားသို့ ကူးပြောင်းရမည် (လောကီ သာမန်
လူသားဘ၀ကို စွန့်လွှတ်ရမည်) တရား ဘာဝနာ ကျင့်ကြံရမည် စသည့် မိရိုးဖလာ သွန်သင်မှု များ
အလျှောက် သူ့ကိုယ်တိုင် ရှေးဆရာ အစဉ်အလာ အ တိုင်း လိုက်နာကျင့်ကြံခဲ့ရသည်သာ ဖြစ်တော့သည်။
ထူးချွန်ပေါက်မြောက်သော ကွန်ပြူတာ နည်းပညာတစ်ခု အား မတွေ့ရှိမှီ-
အများနည်းတူ ကွန်ပြူတာပညာ အခြေခံအား လေ့ ကျင့်ခဲ့သကဲ့သို့ပင်။ ထိုအခြေခံ
အဆင့်တွင် သူသည် အများနည်းတူ မိရိုးဖလာ ဆရာစဉ် ဖွင့်ဆိုသည့် အတ္တ၀ါဒအား လက်ကိုင်ထား ခဲ့သည်ပင်
ဖြစ်တော့ သည်။
မိရိုးဖလာ
အတ္တ၀ါဒတွင် အတ္တသည် ဖန်ဆင်းရှင် ဖြစ်၏၊ လောက၌ ရှိသမျှသည် အတ္တမှ ဖြာထွက်လာသော
ဓါတ်တော်များ ကိန်းဝပ် လျှက် ရှိ၏။ တနည်းအားဖြင့် အတ္တဓါတ်စု ဓါတ်မှုံများ
စုဖွဲ့ခြင်းဖြင့်သာ လောက၏ အရာ များ ဖြစ်တည်လာရ၏ သို့ ဖြစ်၍ အရာရာ တိုင်းသည် အတ္တများ
ဖြစ်၏၊- ဟု ဖြစ်သည်။ ထိုအချက်ကို အခြေခံ လျှက် ဘာသာရေး လူတန်းစား ဂိုဏ်း ဆရာများက-
မိမိတို့ ကိုယ်တိုင်ပင်လျှင် အတ္တများဖြင့် တစ်သားတည်း ဖြစ်လျှက် မူလဇစ်မြစ် အတ္တ
အဖြစ်ခံယူကာ အခြား သူများနှင့် မတူ တမူထူးခြား လျှက် ကိုးကွယ်ပူဇော်ခံ ဘုရား များ
အဖြစ် ဖန်တီးယူခဲ့ကြတော့သည်။ သို့ဖြင့် လူသားချင်းကြား အမျိုးဇာတ်များ
ကွဲပြားလာရတော့ သည်။ အရာ ရာတွင် ဇစ်မြစ်အတ္တ ဗြဟ္မာကြီး၏ ဂုဏ်ဒြဗ်များ ကိန်းဝပ်လျှက်
ရှိသည် (အာရ်ဗီစကားဖြင့် အရာရာ၌ အလ္လာဟ့် ဆွေ ဖာ့တ်တော်များ ကိန်းဝပ်လျှက် ရှိသည်)
ဟူသော အကြောင်းပြချက်ဖြင့် ရုပ်ပွား ဆင်းတုများ ထုလုပ်ကိုး ကွယ်သည့် ဓလေ့များ
ဖြစ် တည်လာတော့သည်။
ထိုအခြေအနေဆိုးများမှ
လူသားအပေါင်းအား ကယ်တင်နိုင်ရန်- ကိုယ်တော်ဂေါတမသည် သဗ္ဗေသင်္ခါရာ အနိ စ္စာ-
ဖြစ်တည် လာသမျှသော သင်္ခါရသညှာများသည် မြဲခြင်း မရှိ ဟု ကြွေးကျော်လျှက်၊ သင်တို့
ဆရာစဉ် ထင် မှတ်နေသော အတ္တများသည် အနတ္တများသာ ဖြစ်၏ ဟု အတ္တနှင့် အနတ္တအား
သရုပ်သဏ္ဌာန် ခွဲပြခဲ့ခြင်းသာ ဖြစ်သည်။ သင်္ခါရ လောက ဖြစ်သော ဤလော ကီ လောကသည်
ယာယီမျှသာ ဖြစ်၏၊ ၄၀း၃၀။ အနှစ်အရ သာမရှိ ၂၉း၆၄။ ပေါ်ရိကမျှသာ ဖြစ်၏
၃၀း၇ ဟု သွန်သင်ထားသော ကျမ်းမြတ်ကုရ်အံ၏ ဒသနနှင့်ကြည့်လျှင် ကိုယ်တော်ဂေါတမ
ပြောဆိုသော သဗ္ဗေသင်္ခါရာ နိစ္စာ ဆို သည်မှာ ခြားနားခြင်း မရှိချေ။
သို့သော်
ဤနေရာ၌ တိမ်မြုပ်နေသည်မှာ လောက အပေါင်း၏ အစ အဂ္ဂည (အာရ်ဗီ ဘာသာဖြင့် ဗဒိ) ပင် ဖြစ်တော့ သည်။
လောက၏ အစကို အတ္တ (ဗြဟ္မာ) ဟု ခေါ်ဆိုသုံးစွဲရာမှ- မူလဇစ်မြစ် အတ္တနှင့် ဖြစ်တည်ခံများ
ရော ယှက်ရှုပ်ထွေးနေခြင်း (ရှရိးခ်က်) ကို တိုက်ဖျက်ရသော ကိုယ်တော်ဂေါတမသည်–
ထိုရောယှက် ရှုပ်ထွေးနေ သော ၀ါဒီများအား တော်လှန် ပါယ် ဖျက် သမျှတွင် အဂ္ဂညတည်းဟူသော မူလဇစ်မြစ်ကို
ငါသိ၏၊ ထိုထက်ပင် ပို ၍ သိ၏ ထိုသို့သိသော်လည်း မှားသောအားဖြင့် မသုံးသပ်၊ ထိုသို့
မှားသောအားဖြင့် မသုံးသပ်သောကြောင့် ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင်သိ၏၊
ဟု ပြောဆိုပြီး သင်တို့၏ ဆရာစဉ် တွေးခေါ်ယူဆ ခံစားနေသော အတ္တ ဟု ပေါ်လွင်စေရန် ဆရာ့ဝါဒ သိလျှက် ဟောနေသော အဂ္ဂည သည်
မဟုတ်သေး ဟုသာ ဟောပြောခဲ့သည်။ (သုတ်ပါထိက၀ဂ် ပါဠိတော်- အဂ္ဂညသုတ် – အစဟုသိအပ်သော
တရားကို ပညတ်ခြင်း-၊ နှင့် ပိဋကတ် တစ်အုပ်လုံးရှိ အတ္တ (ဗြဟ္မာ) ၀ါဒအား
ပါယ်ဖျက်သမျှသော သွန်သင်ချက်များတွင် ဆရာ့ဝါဒ
ဆိုသည့် စကားလုံး ပါနေကြောင်း သေချာစွာ ဖတ်စေလိုပါသည်။)
သံသရာ၏ အစ
”မြှားလာရာကို မကြည်နဲ့ လူနာကို
အရင်ကု” ဟူသည် ရှင်နာဂသိန် (နာဂသေန)၏- စကားမှာ ဗုဒ္ဓဘာသာ လောက၌
သြဇာ လွှမ်းမိုးလျှက် ရှိပြီး- ထိုစကားကြောင့် သံသရာ၏တည်း ဟူသောသော ဤလောကီ
ဖြစ်စဉ်ကြီးသည် စတည်ဖြစ်ပေါ်စေသော မူလ လက်သည် ဇစ်မြစ်ရှင် မရှိတော့ဟူလို
ဖြစ်သွားရတော့၏။ ဤစကားအား ပြန် လည် ဆင်ခြင်လျှင်ပင် မြှားဒဏ်ရ လူနာရှိပြီ ဆိုက တည်းက မြှားလာရာ၊ မြှားပစ်သူ ရှိနေပြီ ဆိုခြင်းပင်။
ထိုအကြောင်းကို
ကိုယ်တော်ဂေါတမ ကိုယ်တိုင်က ”ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊” ဟု ပြောဆိုခဲ့၏၊
(သံယုတ်ပါဠိ၊ အန မတဂ္ဂသံယုတ်-ဝေပလ္လပဗ္ဗတသုတ်) ထိုစကားတွင်လည်း သံသရာ၌ အစမရှိဟု
ပြောဆိုခဲ့ ခြင်း မဟုတ်ချေ။ သံသရာ၏အစကို မသိနိုင်၊ (အချို့ဆရာတော်များက ဤသံသရာတည်းဟူသော ဖြစ်စဉ်၌ မသိ အပ်သော
အစသည် ရှိ၏ ဟု ပြန်ဆိုကြသည်။) ထိုသို့ မသိခြင်းမှာ အ၀ိဇ္ဇာ
ဖုံးလွှမ်းမှုကြောင့်ဟု ဆိုသည်။
ထိုကြောင့်
လောကအပေါင်းအား စတင် ဖြစ်တည်စေသည့် ပင်မဇစ်မြစ် ပရမတ်ဘုရားရှင် မရှိဟူ၍ ယတိပြတ်
ငြင်းဆိုခဲ့ခြင်း မရှိဘဲ လျှက် ဆရာ့ဝါဒ အစဉ်အလာ ဖွင့်ဆိုသော ရောပြွန်းနားလည်
ကိုးကွယ်ပြီးသား ဖန်ဆင်းရှင် နှင့် မရောစပ်မိစေရန် ဥပါယ်တ မည်နှင့်
ရှောင်လွှဲပြောဆို နေရသော အကြိမ်ပေါင်းများစွာကို ပိဋကတ်တော်၌ တွေ့ရလေတော့သည်။
(မည်သို့ပင် ရှောင်လွှဲပြော ဆိုသော်လည်း ရံဖန်ရံခါ၌ ကိုယ်တော်ဂေါတမကိုယ်တိုင်
ထုတ်ဖေါ်ပြောဆိုရသော အကြောင်း အရာများကို ဆက်လက်၍ တင်ပြပေးပါမည်။)
ဤနေရာ၌
ပင်မဇစ်မြစ်- ပရမတ်ဘုရားရှင်အား နားလည်နိုင်စေရန် သိထားသင့်သော အခြားအချက်တစ်ခုမှာ
ဗုဒ္ဓဒသန အားဖြင့် ဤလောက တည်းဟူသည့် ဘ၀ဖြစ်စဉ်များ၊ ဘ၀ဖြစ်စဉ်များ တည်မှီရာ
အဆောက်အအုံများ၊ ထိုနှစ်ခုလုံးသည် ထိန်းချုပ်ထားသည့် သင်္ခါရ သဘောတရား- စသည်ဖြင့်
သတ္တလောက၊ သြကာသလောကနှင့် သင်္ခါရလောက ဟူသည်များ ကို အတော်အတန် နား လည်ထားသင့်သည်။
သတ္တလောက
ဟူသည့် သက်ရှိဘ၀များ ဖြစ်စဉ်သည် ဆရာစဉ်ဖွဲ့ကျူးသော ဗြဟ္မာ့ဝါဒ ဖန်ဆင်းရှင်းကြောင့်
မဟုတ်ဟု ကိုယ်တော်ဂေါတမက ဆိုသည်၊ (အဂုင်္တ္ထိုလ်၊ မဟာဝဂ်၊ တိတ္ထာယနသုတ်၊ ၆၂)
ထိုအချက်ကို ကောက်ယူလျှက် ဖန်ဆင်းရှင် ကို ငြင်းဆန်သူများက ဖန်ဆင်းရှင်ဟူသည်ကို
ကိုယ်တော်ဂေါတမက အပြတ်အသား ပါယ်ချခဲ့သည်ဟု အခိုင်အမာ ဆိုကြတော့ သည်။ သို့သော် ထိုသုတ်တော်တွင်ပင်
သတ္တလောကသည် ရှေးဘ၀ ကံ ကြောင့်သာ ဖြစ်လာရသည်ဟူ သည့် ရှေးဘ၀ ကံကိုသာ
ပုံအပ်နားလည်ထားသော ပထမမြောက် အချက်နှင့်၊ သတ္တလောကသည် အကြောင်းဇစ်မြစ် မရှိဘဲလျှက် အလိုအလျှောက် သဘာဝ အတိုင်း ဖြစ်လာရခြင်း မဟုတ် ဟူသည့် တတိယမြောက်
အချက်များကို များသော အား ဖြင့် ဖုံးကွယ် ထားလျှက်သာ ရှိတော့သည်။
(ထိုသုတ်တော်တွင် ရှေးဘ၀ကံကြောင့်ချည်း ဖြစ်ရခြင်းများကို ငြင်းသည်။ ဆရာ့ဝါဒ
ဖွင့်ဆိုသော ဖန်ဆင်းရှင် အယူကို ငြင်းသည်။ အကြောင်းဇစ်မြစ် မရှိဘဲ
ဖြစ်လာရသည်ဟူသည့် သဘာဝ ၀ါဒကိုငြင်း သည်။ ထိုသို့ ငြင်းဆန်ပြီးနောက် ထိုဝါဒများကို
မရှင်းဘဲလျှက်– အဇ္ဈတ္တိကာယတန ဓါတ်ခြောက်ပါးကြောင့် သူငယ်သည် အမိဝမ်း သို့သက်ဝင်၍
လူဖြစ်၏၊၊ လူဖြစ်၍ နာမ်ရုပ်ဖြစ်၏၊- နာမ်ရုပ်ကြောင့် အာယတနခြောက်ပါး ဖြစ်၊ အာယတန ခြောက်ပါးကြောင့်
ဖဿ ဖြစ်၊ ဖဿကြောင့် ဝေဒနာ ဖြစ်– စသည်ဖြင့် ရှင်းလင်းပြီး နောက်ဆုံး၌
ရုပ်နာမ်ချုပ်ရာ နိဗ္ဗာန်သို့ လမ်းညွှန်ခြင်းများ ကိုသာ ဖေါ်ပြထားပေသည်။
ဤ၌-
သက်ရှိတို့ မှီတည်ရာ သြကာသလောက (ကမ္ဘာ၊ ကြယ်၊ လ နက္ခတ်၊ ရေ၊ မြေ၊ လေ၊ မီး) စသည်တို့
မည်သို့ ဖြစ်လာရသည် ကို ပြောဆိုခြင်း မရှိချေ။ သို့သော် ပိဋကတ်တော်၏ အခြားသော
အထောက်အထားများအရ ထို သတ္တလောက နှင့် သြကာ သလောကကို သင်္ခါရလောကက ပိုင်၏၊ သင်္ခါရလောကက
ဖန်ဆင်း၏။ သို့ဖြစ်၍- အကြောင်းဇစ်မြစ် မရှိဘဲလျှက် ဖြစ်လာသည် ဟူသော သဘာဝ
ဝါဒီများအား ဆန့်ကျင်ခဲ့သော ကိုယ်တော် ဂေါတမ ကိုယ်တိုင်၏ စကားအရပင်- ထိုသင်္ခါရလောက
ဖြစ်တည် လာရခြင်း အကြောင်းဇစ်မြစ်မှားကား တိမ် မြုပ်နေတော့သည်။
ထိုအချက်ကို
ပိဋကတ်စာပေ၌ ထူးချွန်နှံ့စပ်သည့် အပြင်၊ ၀ိပဿနာ၌ လိမ္မာသော ဆရာတော်ကြီးများ ဖြစ် သည့်-
နောက်ဆုံး စွန် သည် လယ်တီ ဆရာတော်ကြီးနှင့် ညောင်လွန်းဆရာတော်ကြီးက ပြုပြင်စီရင်မှု
သင်္ခါရယ မဟုတ်သော အသင်္ခတ ပရမတ် ဓါတ်တော်ဟု ဓါတ် ဆိုသည့် စကားလုံးဖြင့် ဖေါ်ပြ၍-၊
ဓမ္မစေတီရာတော်ကြီးက သူ၏ သမာစိတ္တ ဘာသာကျမ်းတွင် ဓမ္မဓိဌာန်၊ နိယတဗုရား အမြဲဗုရား
လူနတ်ဗြဟ္မာတို့ မကြံမစည်နိုင်သော ဗုရား၊ မအိုမသေမနာသော-ကမ္ဘာလောက၊ သတ္တ လောက၊
သင်္ခါရလောက၊ သြကာသလောကကို ဖန်ဆင်း သော ဗုရား- ထိုဗုရားသည် လောကအလုံးစုံ
ဘာသာအားလုံး၏ တစ်ဆူ တည်းသော ဘုရားဖြစ်၍- နောက်ကာ လကြမှ အယူအမျိုးမျိုးကြောင့်
ဘာသာအမျိုးမျိုး ဖြစ်လာရသည်ဟု ဆိုထားသည်။ ထိုစာအုပ်ကို ထုတ်စဉ်က လယ်တီဆရာတော်၏
အဖြေများနှင့် ပူးတွဲထုတ်ခဲ့သောကြောင့် လယ်တီဆရာတော်ကြီး ကလည်း သဘော မတူခဲ့ကြောင်း
ပြောခဲ့ခြင်း မရှိချေ။ ထို့ပြင် ဓမ္မစေတီ ဆရာတော်ကြီးက ဓမ္မဓိဌာန်ဗုရား အကြောင်း
လောကီမှ ပွင့်သော လူသားဘုရားများ အကြောင်းကို သူ၏ နိဗ္ဗာန်လမ်းပြ ဓမ္မကထိက
ပေဒသာလက်သုံးကျမ်း၏ စာမျက် နှာ ၂၈ မှ ၃၀ တွင်လည်း ထပ်မံရှင်းပြ ပြောဆိုထားပေသည်။
ထို့ပြင်-
ဘုရားဒကာ ဦးလူငယ်က သူ၏ သဗ္ဗညုစိန္တာမယျကျမ်း စာမျက်နှာ ၄-၅ တွင် ပရမတ်ဘုရားသည် လော က
အလုံးစုံကို ဖန်ဆင်းကြောင်း– ရှင်းပြထားပြီး။ သဲအင်းဂူ ဆရာတော်အပါအ၀င်
အခြားအခြားသော မြောက် များစွာ ဆရာတော်များ ကမူ ဖန်ဆင်းခြင်းဟူသည့် စကားကို
ထည့်မပြောဘဲလျှက် ပရမတ်ဘုရားနှင့် ပညတ် ဘုရား-ဟူသည်ကို ခွဲခြားပြော ဆိုခြင်း
များစွာ ရှိနေသည်။ (အထက်ဖေါ်ပြတော် ဆရာတော်များမှ အချို့သော ဆရာတော်တို့အား
အဓမ္မ၀ါဒီများဟု သတ်မှတ်ခြင်း များလည်း ရှိပေသည်။ သို့သော် ထိုဆရာတော်များအား
အဓမ္မ၀ါဒီများဟု သတ်မှတ်ခြင်းမှာ အဆိုပါ- ပရမတ်ဘုရား၊ ဓမ္မဓိဌာန်ဗုရား က
လောကအပေါင်းအား ဖန်ဆင်း သည်ဟူသော အယူကြောင့် မဟုတ်ချေ။ အခြားအခြားသော ဂိုဏ်းအယူ
ဆရာတော်များနှင့် အခြားသော အယူ များ မတူသောကြောင့်သာ ဖြစ်တော့သည်။)
မံသမျက်စိဖြင့်
မမြင်အပ်သော၊ လောကီ စကားလုံးဖြင့် တုနှိုင်းမဲ့ ဖေါ်ပြနိုင်စွမ်း မရှိသော
လောကအပေါင်း၏ ဇစ် မြစ်ရှင် (အာရ်ဗီ စကားဖြင့် အလ္လာဟ်) ဟူသည်မှာ အဘယ်နည်းဟု
ခံစားနိုင်ရန်မှာ ရောပြွန်းကိုးကွယ်မှု (ရှ ရိးခ်က်) ကြီးထဲ၌ အသား ကျနေသူများ
အဘို့ရာ မလွယ်ကူလှသလို၊ မိရိုးဖလာ ဗြဟ္မာ့ဝါဒမှ ပြောသော အတ္တ- ဗြဟ္မာ ဟူသည့်
ဝေါဟာရများမှာလည်း ယခုခေတ် မြန်မာ စကား ဘုရား၊
မြတ်စွာဘုရား သို့မဟုတ် မြန်မာ ခရစ် ယာန်များ သုံးသော ထာဝရဘုရား ဟူသည့်
ဝေါဟာရများ ကဲ့သို့- ဘုရား၊
မြတ်စွာဘုရား ဟု ပြောလိုက်သည်နှင့် လူ ပုဂ္ဂိုလ်ဖြစ်သော ကိုယ်တော်ဂေါတမ
ဟုသာ ခံစားနေခြင်းမျိုး၊ များစွာသော ကမ္ဘာနှင့်အ၀ှမ်း ခရစ်ယာန် များကလည်း God ထာဝရဘုရားသည် ယေရှုခရစ်တော်ပင်
ဖြစ်သည်ဟု ခံစားနေခြင်းမျိုး- ဖြစ်နေ သည့် အတွက် ကိုယ်တော်ဂေါတမ အနေဖြင့်
သူကိုယ်တိုင် သိနေသော သံသရာ၏ အစ၊ သံသရာဖြစ်တည်လာခြင်း သစ္စာ ဓမ္မ အား ပြဌာန်းသည့်
မူလဇစ်မြစ် ဘုရားရှင်အား ရိုးရာအသုံး ဝေါဟာရ အတ္တ၊ ဗြဟ္မာ ဟု သုံးပြန်ကလည်း ထို ခေတ်ထိုအခါမှ
လူသားများမှာ- သူတို့၏ ဆရာ့ဝါဒ
အစဉ်အလာ ခံစားယုံကြည်ထားသော ဆရာ့ ဂိုဏ်းများ ဖွင့် ဆိုရာ ဒသန လူသားနှင့်
ရောပြွန်းနေသော ဖန်ဆင်းရှင်ကိုသာ မြင်ယောင်ခံစားပေတော့မည်ပင်။ ဤဝေါဟာရ
အခက်အခဲများကြား၌ ကိုယ်တော်ဂေါတမ အနေဖြင့် မိမိ ဟု ခေါ်သော ဤခန္ဓာဖြစ်တည်မှု၊ ခန္ဓာ၌
ကျင်လည် ရာ စိတ်၊ နာမ်- ခန္ဓာမှီတည်ရာ လောက၊ သံသရာတို့သည် အနတ္တ (ဖနာဟ်)မျှသာ
ဖြစ်ကြောင်း ပေါ်လွင် ထင်ရှား စေသော နည်းဖြင့် ထုတ်ပြလျှက် ဒွန်တွဲနိယာမ အားဖြင့်
အနတ္တ မဟုတ်သော ပရမတ် တည်မြဲမှု များအား ထုတ်ပြရလေတော့သည်။
ဓမ္မ (ဓမ္မသည် ဖန်ဆင်းခံ)
လူသားမဟုတ်သော၊
လောကခပ်သိမ်းအား စနစ်တကျဖြစ်တည်စေသော၊ တုပနှိုင်းယှဉ်၍ မရသော ဇစ်မြစ် ဘုရားရှင်
အကြောင်း ကို ဗုဒ္ဓဘာသာ၏ သဘောတရားအရ နားလည်နိုင်အံ့ငှာ– (၁) ကိုယ်တော်ဂေါတမ ပစ် ပါယ်သော
အတ္တ၀ါဒ (၂) သံသရာ၏ အစ ဟူသည်များကို တင်ပြပေးပြီးနောက်- ယခုတစ်ဖန် ဆက်လက်၍ နား လည်သင့်သည်မှာ
ဓမ္မ
ဟူသော အရာပင် ဖြစ်တော့သည်။
ဓမ္မ
ဟူသည်မှာ-လည်း ဝေါဟာရ စကားလုံးများအရ နားလည်မှု ရှုပ်ထွေးလျှက် ရှိနေပေသည်။ ဆရာသမား
တစ်ဦးက နောက် လိုက် တပည့်တကာများအား တရားရေအေးတိုက်ကျွေးသည့် အဆုံးအမ သြ၀ါဒကိုလည်း
ဓမ္မ ဟု ခေါ်တွင်၍ မည်သည့် လူသား ဘုရားမျှ ပွင့်ပေါ်သည် ဖြစ်စေ၊ မပွင့်ပေါ်သည် ဖြစ်စေ-
လောကနိယာမအဖြစ် အမြဲတည်ရှိသော- မဖေါက် ပြန်သည့် သဘော သစ္စာ တရားကိုလည်း ဓမ္မ ဟု
ခေါ်ပေသည်။ ထိုအချက် နှစ်ခု လုံးအား ယနေ့ဗုဒ္ဓဘာသာ ပညာရှင်များ သဘောတူ လက်ခံထား၍-၊
အထူးရှင်းလင်းနေရန် မလိုတော့ပေ။
မည်သည့်
လူသားဘုရားမျှ ပွင့်ပေါ်သည် ဖြစ်စေ၊ မပွင့်ပေါ်သည် ဖြစ်စေ- နိစ္စဓူဝ
တည်မြဲနေခြင်းသဘော၊ ဖေါက်ပြန်ခြင်း ကင်း သည့် သဘော- ဓမ္မ ထဲ၌- သစ္စာလေးပါး၊
သုံးဆယ့်တစ်ဘုံ၊၊ နိဗ္ဗာန် (ဥပတိဝိဝေက– ရုပ်များ ချုပ်ငြိမ်းသွားခြင်း သို့မဟုတ်
ဘုံမဲ့နေ ရာ)၊ လောက၌ လူသားဘုရားများ ပွင့်ပေါ်ခြင်း- နှင့် လူသားဘုရား အဆင့် ဆင့်
(သုတဗုဒ္ဓ၊ အနုဗုဒ္ဓ၊ သ၀ကဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သမ္မာ သမ္ဗုဒ္ဓ- လူသားဘုရား အဆင့်များ၊ အာဂါရမုနိ၊
အနာဂါရ မုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ၊ သမ္မာသမ္ဗုဒ္ဓမုနိ)
ပွင့်ပေါ်ခွင့် ရခြင်း ခေတ်ကာလ၊ အချိန်- အသိတို့မှာ တိကျသေချာစွာ ပါဝင်နေတော့သည်။
ဆိုလိုသည်မှာ
သစ္စာလေးပါးဟူသည်– ရံခါတွင် သစ္စာ သုံးပါးဖြစ်လိုက်၊ ရံခါ၌ သစ္စာ ငါးပါး ဖြစ်လိုက်
တိုးသွား ခြင်း- ဆုတ်သွားခြင်း ကမောက်ကမ မဟုတ်ဘဲလျှက် သစ္စာလေးပါး-ဟူသည်
နိစ္စဓူဝတည်မြဲနေသော နိယာမ တစ်ခုသာ ဖြစ်၍- အလားတူပင်-သုံးဆယ့် တစ်ဘုံသည်လည်း-
ရံခါတွင် သုံးဆယ့် နှစ်ဘုံဖြစ်လိုက်- အဆင် မသင့်၍ ဘုံသုံးဆယ်ဖြစ်သွားလိုက်
မဟုတ်ချေ။ ထိုနည်းတူစွာ လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ်များတွင်လည်း မည် သည့်
ဉာဏ်စဉ်အဆင့်ကို ရလျှင် မည်သည့် ဘုရား အမျိုးအစား ဖြစ်သည် ဟူသည် မှာ
ပုံသေကားချပ်ပင်၊ သုတ ဗုဒ္ဓ အဆင့် ဉာဏ်ပွင့်သော ပုဂ္ဂိုလ်ကို သမ္မာသမ္ဗုဒ္ဓ ဖြစ် သည်ဟု
ပညတ်ပေး၍ မရနိုင်ချေ။- သူ့ အဆင့်နှင့်သူ တစ်ဆင့်ချင်းသည် ကြိုတင်ပြဌာန်းပြီးသားပင်
ဖြစ်တော့သည်။ ထို အဆင့်များကို ကျင့်ဆောင်သူ လူသားကသာ ပါရမီဖြည့်
ကြိုးစားအားထုတ်ရသည်ပင်၊ (စာမေးပွဲအောင်မြင်ခြင်း- ဟူသည့် အဆင့်သည် ကြိုတင်ပြဌာန်း
ထား ပြီးဖြစ်၍- ကျောင်း သားကသာ ထိုအဆင့်ကို အောင်မြင်ပေါက်မြောက်စေရန် ကြိုးစား
အားထုတ်ယူရသကဲ့သို့ ပင်။) တနည်းအားဖြင့် မိမိဖာသာ မိမိ ဘုရားဖြစ်ရန် ကြိုးပမ်းအားထုတ်ရသည်
ဆိုသော်လည်း မည်သို့ မည်မျှ ကြိုးစားလျှင် မည်သည့် အဆင့်ထိ ရောက်သည် ဆိုခြင်း မှာ
လောကဓမ္မထဲ၌ ရှိနေပြီး ဖြစ်လေသည်။
အရာရာတိုင်းသည် အနိစ္စမဟုတ်
သဗ္ဗေသင်္ခါရာ
အနိစ္စာ ဟူသည်ကို စွဲကိုင်ထားသော သူများက အရာအားလုံးသည် အနိစ္စများသာ ဖြစ်၏၊
သို့ဖြစ် ၍ ထာဝရ တည်မြဲသော အရာဟူသည် မရှိဟု ခံစားလျှက် ထာဝရ ဟူသော
စကားနှင့် ထာဝရဘုရား
ဟူသော စကားလုံးများအား ပါယ် ဖျက်ရန် လုံ့လပြုလာလေတော့သည်။ အမှန်မှာ သဗ္ဗေသင်္ခါရာ
အနိစ္စာ ဆိုသည်မှာ ကိုယ်တော်ဂေါတမ၏ သွန်သင် ချက်များမှ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။
လောကအလုံး၌ ပရမတ် တည်မြဲ နေသော ဓမ္မဟူသည် ရှိသည်ဟု ဗုဒ္ဓ ဘာသာ ၀င်တိုင်း
လက်ခံ ထားပြီး ဖြစ်သည်။ ထို့ပြင့် ပရမတ် တည်မြဲ နေ သော ဓါတ်တော်ဟူသည် ရှိ၏ ဟု
အင်္ဂုတ္တိုရ်နီကယ် ၄ ယော ဓာဇီ၀၀ဂ် ဥပ္ပါဒါသုတ် ၌ ဖေါ်ပြသည်။ သို့ဖြစ်၍ သဗ္ဗ လုံးစုံ
ရှိသမျှသော အရာတိုင်းသည် အနိစ္စ ဖြစ်သည်ဟူသော အဆို သည် အခြေအနေ အားလုံးတွင် မှန်ကန်နေ
ခြင်း မဟုတ်ဘဲ-၊ ကိုယ်တော်ဂေါတမ မတိုင်မှီ ရှေးဘာသာဝင်များ၏ အယူစွဲ (ဆရာ့ဝါဒ)
များအား တော်လှန် သည့်အခါ ၌ သုံးစွဲပြောဆိုသည့် စကားသာ ဖြစ်ပေသည်။ ထို
နိစ္စဓူဝရှိနေသော အရာများ အပါအ၀င် မည်သည့် အရာသည်မျှ- ရှေးဘ၀ ကံကြောင့် ဖြစ်လာခြင်း
မဟုတ်သကဲ့သို့- သဘာဝအားဖြင့် အကြောင်းဇစ်မြစ် မရှိဘဲ လျှက် အလိုအလျှောက်
ဖြစ်လာခြင်းလည်း မဟုတ်ချေ။ (အဂုင်္တ္ထိုလ်၊ မဟာဝဂ်၊ တိတ္ထာယနသုတ်၊ ၆၂)
ဓမ္မသည်သာ ကိုးကွယ်ရာ
ဓမ္မသည် မဖေါက်မပြန်တည်မြဲခြင်း
ရှိ၍ သဘောတရားအားဖြင့် တည်မြဲခြင်း ရှိ၍ ဓမ္မသည်သာ လောက၌ အမြတ် ဆုံး ဖြစ်ကြောင်း- ပါထိက၀ဂ်
အဂ္ဂညသုတ် ၁၁၇ ၌ ပြောဆို၍၊ လောကသည် မာယာဖြစ်ကြောင်း- ဝေဒနာကို ဝေဒနာဟု မှတ်၊ စိတ်ကိုစိတ်စု
မှတ်လျှက် နှလုံးသား၌ မခံစေခြင်း (အပူးမခံရစေရန်) ပကတိမိမိအား အခြားသော မာယာများ မပူးကပ်နိုင်
စေရန် မိမိသည်သာ အဓိကအားထားရာ ကျွန်းကြီးသဘွယ် ကိုးကွယ်ရာ ဖြစ်ကြောင်းနှင့် ထိုမဖေါက်အပြန်သော
သဘော တရား ဓမ္မသည်သာ အဓိကမှီခိုရာ ကျွန်းကြီးသဖွယ် ကိုးကွယ် ရာ ဖြစ်ကြောင်း- ပါထိက၀ဂ်
စက္က၀တ္တိသုတ် ၈၀ ၌ ဆိုထား ပေသည်။ ထိုကိုးကွယ်ရာ ဖြစ်သည်ဟူသော ဓမ္မမှာ ကိုယ်တော် ဂေါတမ
ဟောကြားသော တရားဒေသနာကို ခေါ်ဆိုခြင်း မဟုတ်ဘဲ- လောက နိယာမ တည်နေ သော ဓမ္မသာ ဖြစ်ကြောင်းလည်း
ပါထိက၀ဂ် အဂ္ဂညသုတ် ၁၁၇ ၌ ပသေနဒီကော သလမင်းကို အကြောင်းခံ၍ ၀ါသေဌအား ပြောသော စကားအားဖြင့်
သက်သေပြုလျှက် ရှိသည်။
ဓမ္မသည် ဖန်ဆင်းခံ
ထိုဓမ္မ ဟူသည် မည်သည့် အကြောင်းဇစ်မြစ်၌
အခြေခံလျှက် ဖြစ်လာသနည်းဟု ဆင်ခြင်ရန် လိုအပ်ပြန်သည်။ သို့ဖြစ်လျှင် ဓမ္မဟူ သည်- “ဘဂ၀တောမှိ ပုတ္တော သြရသော မုခတော ဇာတော
ဓမ္မဇော ဓမ္မနိမ္မိတော ဓမ္မ ဒါယာ ဒေါ” တိ- မြတ်စွာ ဘုရား၏ ရင်မှ ဖြစ်သော၊
ခံတွင်းမှ ဖွားသော၊ ဓမ္မကြောင့် ဖြစ်သော ဓမ္မသည် ဖန်ဆင်းခံ တရားအမွေပင် ဖြစ်၏။”
ဟူသော ပါထိက ၀ဂ် အဂ္ဂညသုတ် ၁၁၈ ဖြစ်သည်ဟု ဆိုပေသည်။ ထိုသုတ်တော်တွင် ဓမ္မဟူသည်
ဖန်ဆင်းခံ ဖြစ်ကြောင်း- ထိုဖန်ဆင်းခံ ဓမ္မ ဟူသည်မှာ (၁) မြတ်စွာဘုရား (ကိုယ်တော်ဂေါတမအား
ညွှန်းသည့် စကားလုံး) ၏ ရင်မှဖြစ်သော- (၂) ကိုယ်တော်ဂေါတမ ၏ ခံတွင်းမှ ပေါက်ဖွားလာသော
(၃) မူလ ဘူတ နိစ္စဓူဝ တည်နေသော ဓမ္မ- ထိုဓမ္မကြောင့် ဖြစ်သော- ဟု နာမ၀ိသေသန ၃ ခု ဖြင့်
ဖေါ်ပြထားပေသည်။ ဤနေရာတွင် ၀ိသေသနာ (၁) နှင့် (၂) မှ ညွှန်သော ဓမ္မမှာ ကိုယ်တော်ဂေါတမက
ဉာဏ်စဉ် ကိန်းဆိုက်လျှက် သစ္စာလေးပါးကို သိလျှက် ပြန်လည်ရွတ်အံသော တရားဒေသနာကို ပြဆိုလျှက်၊
(၃) ဖြစ်သော ဓမ္မမှ ဖြစ်သော ဓမ္မဟူသည် မည်သည့် လူသား ဘုရားပွင့်သည် ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ
တည်နေသော ဓမ္မပင် ဖြစ်သည်။ ထို ဓမ္မအားလုံးသည် ဖန်ဆင်းခံဖြစ်သည်ဟု အဆိုပါ သုတ်တော်၌ ဖေါ်ပြသည်။
ဤနေရာ၌ ကိုယ်တော်ဂေါတမက ဟောပြောသော တရားဓမ္မများကို ကိုယ်တော်ဂေါတမ၏ နှတ်မှ ထွက်သောကြောင့်
ဓမ္မကို ကိုယ်တော် ဂေါတမ က ဖန်ဆင်းသည်ဟု ပြော၍ မရနိုင်ချေ။ သူကိုယ်တိုင် ဓမ္မကို သိသူသာ
ဖြစ်ပေသည်။ သို့ဆိုက ထိုဓမ္မအား မည် သူက ဖန်ဆင်း- သနည်း။ ထို့ အတွက် ဝေါဟာရ မရှိသော
ကိုယ်တော်ဂေါတမသည် သူကိုယ်တိုင် တော်လှန်ခဲ့ သော ဗြဟ္မ၀ါဒမှ ဗြဟ္မာဟူသည့် ဝေါဟာရ အား
ပြန်လည် သုံးရလေတော့သည်။—-
အာရုံ
လူသားမဟုတ်သော
အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့မှ ကင်းသော- အသင်္ခတ ပရတ်ဖြစ်သော ပရမတ်ဘုရားအား နား လည်နိုင်ရန်
အဓိက ကျသော အချက်များအနက် တစ်ခုမှာ သတ္တလောကသားတို့၏ အာရုံ ဖြစ်တည်ရာ
ဇစ်မြစ် ကို သိရန် လိုအပ်ခြင်းပင် ဖြစ်သည်။
ပဌာန်း
၂၄ ပစ္စည်းတွင်- အာရမ္မဏ အာရုံဟူသည် စိတ်ခံစားမှုကို သိသာ ခံစားနိုင်စေရန်
လှုံ့ဆော်သော အရာ ဖြစ်ပြီး စိတ် ဖြစ်ပေါ် လာစေရန် မွေးဖွားပေးသော မိခင်လည်း ဖြစ်၏၊ ဟု
ဆရာတော် အများက ဖွင့်ဆိုကြပေ သည်။ တနည်းအားဖြင့် အာရုံ မရှိလျှင် (အာရုံ
မဖြစ်တည်လျှင် စိတ်လည်း မဖြစ်တည်လာနိုင်ချေ။)
အာရုံ
ဟူသည် နား၊ နှာခေါင်း၊ လျှာ၊ အထိအတွေ့၊ အတွေး၊ အမြင်များ (အာရုံနှင့် အာရာမဏိက
ပေါင်းစပ် မှု ကြောင့်) ဖြစ်ပေါ်သော ရသ
ဟု အများစုက နားလည်ထားလျှက် ရသ အာရုံ ၆ ပါး ရှိသည်ဟု ဆိုသည်။ သို့ သော်
ယခုသတ် မှတ်သော အာရုံ ခြောက်ပါး ဆိုသည်မှာ အာရုံနှင့် အာရာမဏိက (ဥပမာ- နားနှင့်
အသံ၊ နှ ခေါင်းနှင့် အနံ့) ပေါင်း စပ်ခြင်းကြောင့် ဖြစ် တည်လာသော အဖြေများသာ ဖြစ်၍၊
အကယ်၍ နှခေါင်း ရှိသော် လည်း အနံ့မရှိလျှင် အနံ့အာရုံ မဖြစ်နိုင်၊ အနံ့ရှိသော်
လည်း နှာခေါင်းမရှိလျှင်လည်း အနံ့အာရုံ မဖြစ်နိုင်သော– ရလဒ် များသာ ဖြစ်သည်။
သို့သော်
မည်သည့် အာရာမဏိက (ယခု နားလည်နေသည့် ထိတွေ့ပေါင်းစပ်ခံ) မျှ မရှိဘဲလျှက် ပကတိ
အာရုံ (မည်သည်နှင့် မပေါင်းစပ်ဘဲလျှက်- အာရုံကို အာရုံ အတိုင်း
တည်အောင်ထားနိုင်သော အာရုံ) ရသ ရှိနေသေး သည်ပင်။ ၎င်းမှာ လက်ရှိ လူသားများ နားလည်
နေသည့် အာရုံ ၆ ပါးအား ဖြတ်တောက်လျှက် တရား ဘာဝနာ ကျင့်ကြံချိန်- ဈာန်သမ္မာပါတ်
ကိန်းဆိုက်ချိန် ၌ ခံစားရသော အာရုံရသ ဖြစ်သည်။ ထိုအာရုံမျိုးကို စရထ ကျက် စားရာ
အာရုံဟု ခေါ်သည်။
ပဌာန်းတရားတော်အရပင်-
ဟေတု ဟု ခေါ်သည့် အကြောင်းရင်း ဇစ်မြစ် မရှိဘဲလျှက် သဘာဝ အလျှောက် ဖြစ်တည်လာ
နိုင် ဘွယ်ရာ မရှိချေ။ သို့ဖြစ်လျှင် ထို စရထ ခေါ် ကျက်စားရာ အာရုံ
ဖြစ်တည်လာခြင်းသည် အ ဘယ်နေရာကနည်း ဟူမူ- ပိဋကတ်တော်၌- ဂေါစရေ ဘိက္ခဝေ စရထ သကေ ပေတ္တိကေ
ဝိသယေ၊ ဂေါစရေ ဘိက္ခဝေ စရန္တာ သကေ ပေတ္တိကေ ၀ိသယေ၊ အာယုနာပိ ၀ဍ္ဎိဿထ၊ ၀ဏ္ဏေနပိ ၀ဍ္ဎိဿထ၊
သုခေနပိ ၀ဍ္ဎိဿထ၊ ဘောဂေနပိ ၀ဍ္ဎိဿထ၊ ဗလေနပိ ၀ဍ္ဎိဿထ၊ “ရဟန်းတို့- အဘထံမှ
လာသော- မိမိတို့၏ ကျက်စားရာ အာရုံ၌ ကျက်စားကြကုန်လော့၊ ရဟန်းတို့ အဘထံမှ လာသော
မိမိတို့ ကျက်စားရာအာရုံ၌ ကျက်စားကုန်သော (သင် တို့သည်) အသက်အားဖြင့်လည်း
တိုးပွားကုန်လတ္တံ့၊ အဆင်း အားဖြင့် လည်း တိုးပွားကုန်လတ္တံ့၊ ချမ်းသာ အား ဖြင့်လည်း
တိုးပွားကုန်လတ္တံ့၊ စည်းစိမ်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့၊ ခွန်အား အားဖြင့်လည်း
တိုးပွားကုန် လတ္တံ့။” ဟု ဆိုထားပေသည်။ (သုတ်ပါထိက စက္က၀တ္တိသုတ္တ၊ ဘိက္ခုနော
အာယုဝဏ္ဏာဒိဝဍ္ဎန ကထာ)
အဆိုပါ
သုတ်တော်မှ အဘ (ပီတ)
ဟူသည်ကို ဆရာတော်ကြီးများ အဘဘုရားဟု
ပြန်ဆိုကြလျှက်- ကိုယ် တော်ဂေါတမ ကို ညွှန်းသည်ဟု ဖွင့်ဆိုမှုများ ရှိပေသည်။ ထိုသို့
ဖွင့်ဆိုနိုင်ရန်- ရဟန်းတို့- ဟူသော စကားလုံးကို လည်း သင်ချစ်သားတို့ ဟု
ကွင်းစကွင်းပိတ်ဖြင့် ထည့်သွင်း ဘာသာပြန်မှုများ ရှိတော့သည်။ သို့သော် သက် ဆိုင်ရာ
ဂိုဏ်းအယူများကို စောကြောနေ ရန် မလိုဘဲလျှက် မူရင်း ပါဠိလာ- စရထ သကေ ပေတ္တိကေ ၀ိသယေ
ကိုသာ ဆင်ခြင်ရမည် ဖြစ်သည်။
ပေတ္တိကေ-
ဖခင်၏
ဟူသည့် စကားလုံးမှာ အဘရင်း၊ ဇစ်မြစ်ကို ပြောဆိုခြင်း ဖြစ်၍- ဤနေရာ၌ တတိယ နာမ်စား ကို
ဖေါ်ညွှန်း သည်။ နင်- ငါ နာမ်စားဖြင့် တိုက်ရိုက် စကားပြော ဖြစ်သော ဤ၀ါကျတွင်
တတိယနာမ်စားမှာ စကားပြောသူ ကိုယ်တော်ဂေါတမ အား မညွှန်းချေ။ အကယ်၍ ညွှန်းသည်ထားဦး-
ရဟန်းဖြစ်စေ၊ လူဖြစ်စေ မည်သူတစ်ဦး၏ အာရုံ
သည် မျှ- ဖခင်ရင်းဖြစ်စေ၊ ဆရာဖြစ်စေ- အခြားလူသား တစ်ဦးထံမှ ရောင်ခြည်တော် ကွန့်မြူး
ဖြန့်ကျက်ပေးလျှက် ကူးစက် ဖြစ် တည်လာခြင်း မဟုတ်ချေ။ ဖခင်းအရင်းက သွန်သင်ပေး၍၊ ဆရာ
တစ်ဦးဦးက သွန်သင်ပေး၍- ထိုသွန်သင်မှုပေါ်၌ အခြေ တည်ကာ ဖြစ်လာသော အာရုံ- ဟု
ဆိုရန်လည်း ဤ သုတ်တော်ပါ စကားအရ မဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ကျက်စားရာ
အာရုံဟူသည်- အပြင်ဗဟိဒ္ဓမှ ထိတွေ့မှု အာရုံ ၆ ပါးအား ဖြတ်တောက်ထားသော ကာလ-
ဝေါဟာရမဲ့ရသ အာရုံကိုသာ ဆိုလိုခြင်း ဖြစ်သော ကြောင့်ပင်။
ဤစကားလုံး
အဘထံမှ (ဇစ်မြစ်ဘုရားထံမှ) ဖြစ်သော ကျက်စားရာ အာရုံ- စရထ သကေ ပေတ္တိကေ ၀ိသယေ
ဟူသည်ကို ပကတိဓမ္မသည်သာ ကိုးကွယ်ရာ ဖြစ်သည်ဟု ဟောကြားသော စက္က၀တ္တိသုတ်၊ အတ္တဒီပသဏတာ
(မိမိသည်သာ ကျွန်းကြီး သဖွယ် ကိုးကွယ်ရာ) ဟူသည့် သုတ်တော်၌လည်း ပြောဆိုထားပေသည်။
အဆိုပါ သုတ်တော်တွင် ပြောဆိုသော ဓမ္မ သည်လည်း ကိုယ်တော်ဂေါတမတည်း ဟူသော လူသား
မွေးဖွား ပေါ်ပေါက် လာမှ ဖြစ်တည်လာသော ဓမ္မမဟုတ်ဘဲလျှက် နဂိုရှိရင်းစွဲ ပကတိ ဓမ္မ
ဖြစ်၍၊- ထိုဓမ္မကိုသာ အားကိုးအားထား ပြု ထိုက်ကြောင်း ဟောထားသည့် သုတ်တော် ဖြစ်သည်။
ထို့ ကြောင့် ထိုပကတိဓမ္မ သည် ရဟန်းတို့ လူတို့ ကိုး ကွယ်ရာ ဖြစ်၍၊ ထိုဓမ္မအား
ကျက်စားရမည့် အာရုံသည် ဇစ်မြစ်ဘုရားထံ မှ လာသော အာရုံ ဖြစ် သည်ဟု ဆို သည်။
သို့ဖြစ်၍
ကိုယ်တော်ဂေါတမက ဟေတု ဟူသည့် အကြောင်းရင်း ဇစ်မြစ်ကို အ၀ိဇ္ဇာ ဖုံးကွယ်သောကြောင့်
မသိနိုင်ခြင်း ဖြစ်သည်ဟု မကြာခဏ ပြောဆိုသည်။ ထို့ကြောင့် ဖုံးကွယ်ထားသော အ၀ိဇ္ဇာအား
အလျှင်အဦး ဖယ်ရှားနိုင်ရန် ကျင့်ကြံ အားထုတ် ခိုင်းခြင်း ဖြစ် သည်။ ဖုံးကွယ်သည်
ဆိုခြင်းမှာ နဂိုက ရှိနေပြီးသား ဖြစ်၍သာ ဖုံးကွယ်ခြင်း ဖြစ်သည်။ နဂိုက မည်
သည့်အရာမျှ မရှိလျှင် ထိုမရှိ သည့် အရာကို မည်သည့်အရာကမျှ ဖုံးကွယ် ရန် အကြောင်း
မရှိသလို- ဖုံးကွယ်သည် ဟူ သော ဝေါဟာရကိုလည်း သုံးစွဲပြောဆို ရန် မလိုအပ်ပေ။
ယခုအခါ-
ပရမတ်ဇစ်မြစ်ဘုရား (အာရ်ဗီအခေါ် အလ္လာဟ်) ဟူသည့် အကြောင်းကို တိုက်တိုက်ဆိုင်ဆိုင်
ပြော လာလျှင် ကျွန်ုပ်တို့၏ ဗုဒ္ဓဘာသာ ဓမ္မစရိယ (၀ိပဿနာ၌ ရင့်ကျက်သော ဆရာတော်များ
မပါဝင်ပါ)- ဆရာ တော်များက- ဘုရားမဲ့ ကွန်မြူနစ် အယူများ ကို ကိုးကားလျှက်
အတတ် နိုင်ဆုံးကာကွယ် ဖုံးဖိထားလျှက် ရှိ တော့သည်။ နောက်ဆုံး အခြေအနေ တွင်-
ဖုံးဖိထား၍ မရနိုင်တော့ သည့် အခါ-၊ ဖန်ဆင်းရှင် ဟူသည် ရှိချင် လည်း ရှိမည်-
သို့သော် လောလောဆယ် လူ့ဘ၀ ငြိမ်းချမ်းရေးက ပိုမို၍ အရေးကြီးသည် သို့ဖြစ်၍
“မြှားလာရာ ကို ကြည့်မနေနဲ့ လူနာကို အရင်ကု၊” ဟူသော ရှင်နာဂသေန၏ စကားကို သုံးလျှက်
ရှောင်ထွက်သွားသည် သာ ရှိတော့သည်။ (၀မ်းနည်းစရာပင်)
ကိုယ်တော်ဂေါတမကမူ-
ဇစ်မြစ်ဘုရား (အာရ်ဗီစကားဖြင့် အလ္လာဟ်)မှ လာသော ကျက်စားရာအာရုံမှ ကျက် စားမှ သာလျှင်-
အသက်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့၊ အဆင်းအားဖြင့်လည်း တိုးပွားကုန်လတ္တံ့၊
ချမ်းသာ အားဖြင့်လည်း တိုးပွားကုန်လတ္တံ့၊ စည်းစိမ်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့၊
ခွန်အား အားဖြင့်လည်း တိုးပွား ကုန်လတ္တံ့။” (သုတ်ပါထိက စက္က၀တ္တိ သုတ္တ၊ ဘိက္ခုနော
အာယုဝဏ္ဏာ ဒိဝဍ္ဎနကထာ) ဟု ဆိုထားသည်ကို မေ့ လျှောနေခြင်းလော၊ သို့မဟုတ် ကွန်မြူနစ်
အားသန် ၍ ဗုဒ္ဓဘာသာအား အမည် နာမ သုံးလျှက် ရိုးရိုးသားသား ယုံကြည်နေသူတို့အား
ကွန်မြူနစ်ဇတ်သွင်းနေခြင်းလော ဟူ သည်မှာ ဆင်ခြင်ဘွယ် ရာ ဖြစ်တော့သည်။
လူများ
တရားနိုင်၊ အာဏာဖြင့် အမှန်ကို ဖုံးထားသော အ၀ိဇ္ဇာ လောကကြီး၌- ၀ိပဿနာ အထုံရှိသော
ဆရာတော်ကြီးများ ချိုးနှိမ် ထားခြင်း ခံနေရသည်မှာလည်း စိတ်မကောင်းဘွယ်ရာပင်
ဖြစ်တော့သည်။
ပရမတ်ဘုရားရှင်
ဗြဟ္မကာယ၊ ဓမ္မကာယ
ကိုယ်တော်ဂေါတမက
သူ့ကိုယ်သူ ငါသည် ဗြဟ္မကာယ ဖြစ်၏၊ ဓမ္မကာယ ဖြစ်၏ ဟု ပါထိက၀ဂ်၊ အဂ္ဂညသုတ် ၁၁၈ တွင်
ဆိုသည်။ ထိုမျှမက- ငါသည် ဓမ္မဘူတ (ဓမ္မဇစ်မြစ်) ဗြဟ္မဘူတ (ဗြဟ္မဇစ်မြစ်) လည်း
ရင့်ကျူးခဲ့ သည်။ ဤသို့ရင့်ကျူးမှု၌ ဓမ္မဇစ်မြစ်၊ ဗြဟ္မ ဇစ်မြစ် ဟူသည်
အဘယ်အရာဖြစ်သနည်း၊ သူသည် မည်သည့် အခြေ အနေ၌ ထိုသို့ ရင့်ကျူးသနည်းဟူ သည်ကို
ဆင်ခြင်ရန် လိုအပ်ပေသည်။
ဗုဒ္ဓစာပေ
ဝေါဟာရအရ ဗြဟ္မ ဟူသည့် စကားလုံးမှာ အဓိပ္ပါယ်ပြားလျှက် ရှိသည်။ သို့သော် အဆိုပါသုတ်တော်မှ
ကိုယ်တော် ဂေါတမ ရင့်ကျူးသည့် ဗြဟ္မကာယ ဟူသည့် စကားလုံးသည် ဖန်ဆင်းရှင် ဗြဟ္မကို
ပြောဆိုကြောင်း- ထိုမတိုင်မှီ သုတ်တော် ၁၁၇ မှ ထောက်ပြလျှက် ရှိသည်။ အဆိုပါသုတ်တော်
(၁၁၇) တွင် ဗုဒ္ဓဘာသာ မတိုင်မှီ မှ ဖြစ်သော ရှေးဘာသာဝင် ဘုန်းကြီးလူတန်းစား
(ပုဏ္ဏား) တို့က သူတို့သည် ဖန်ဆင်းရှင် ဗြဟ္မ၏ ရင်မှဖြစ် သော၊ ဖန်ဆင်းရှင်ဗြဟ္မ၏
ခံတွင်းမှ မွေးသော ဗြဟ္မ၏ အမွေခံဖြစ်သော သားတို့ဖြစ်၏- ဟူသည်ကို တုံ့ပြန်သော
အားဖြင့်- ကိုယ်တော်ဂေါတမက ငါသည် ဗြဟ္မ ကာယ၊ ငါသည် ဓမ္မကာယ ဟု ရင့်ကျူးခြင်း
ဖြစ်သည်။ ထိုဝေါ ဟာရ အသုံးအနှုံးမှာ အစ္စလာမ့် ရှရီအတ်သ် ဘောင်မှ ကြည့်လျှင်
ကြီးစွာသော ရှရီးခ်က် (ရောပြွန်းကိုးကွယ်မှု) ဖြစ်ရန် အကြောင်းရင်း ဖြစ်သော်လည်း-
လက်ရှိ ဗုဒ္ဓဘာသာဝင်များ ခါးခါးသီးသီး ငြင်းဆန်နေသော ဖန်ဆင်းရှင် (ဗြဟ္မ) ရှိ၏
ဆိုသည့် စကားလုံး ဝေါဟာရအား ကိုယ်တော် ဂေါတမကိုယ်တိုင်က တိုက် ရိုက်ဝန်ခံခဲ့သော
စကား လုံး ဖြစ်ပေသည်။ (အစ္စလာမ့် ဆူဖီဇင်လောကတွင် မန်ဆူးအဟာမဒ်က အနလဟာ့က် ဟု
ရင့်ကျူးခဲ့သည်နှင့် ပုံစံတူသည်။)
ဗြဟ္မကာယ
ဟူသည့် ဝေါဟာရနှင့် တစ်ဆက်တည်း သုံးသော ဓမ္မကာယ (ဓမ္မကိုယ်ထည်) ဟူသည့် စကားလုံး သည်လည်း
နားလည်ရ လွယ်ကူသော စကားလုံးပင် ဖြစ်သည်။ ကိုယ်တော်ဂေါတမ ကိုယ်တိုင်သည် ဓမ္မ မ ဟုတ်ချေ။
သူသည် သစ္စာလေးပါး တည်းဟူသည့် ပရမတ်တည်မြဲသော ဓမ္မအား ကိန်းဆိုက်သိမြင်သူသာ ဖြစ် သည်။
ဓမ္မမှာ နဂိုပကတိ တည်ရှိနေသော အရာ ဖြစ် သည်။ ထိုသို့ ရင့်ကျူးသည့် အခြေအနေ
အခိုက်အတန့်မှာ သူသည် ဉာဏ်စဉ်နှင့် တစ်သားတည်းဖြစ်နေသော ကာလ ဖြစ်သည်။
တနည်းအားဖြင့် ဓမ္မအား ဆိုက်မြိုက် လျှက် ခံစားနေသော အခိုက်အတန့်ဖြစ်သည်။ သို့သော်
အနိစ္စကိုယ်ထည်ကို ဆောင်နေသည့် လူသား ဂေါတမ သည် အချိန်မလပ် သူနှင့်
ဉာဏ်စဉ်တစ်သားတည်း ဖြစ်နေခြင်းကား မဟုတ်ချေ။ ထိုအချက်ကို မစ္ဈိမနိကယ် တေ ၀ဇ္ဇသုတ်၌ “ငါသည် အိပ်နေစဉ်၊ လျှောက်နေစဉ်၊
ထိုင်နေစဉ်- အစဉ်အမြဲ အချိန်မလပ် သိနေသည်၊ သဗ္ဗညုတ ဉာဏ်စဉ်ရထားသည်၊ ဟု ဆိုသူသည်
ငါနှင့်ပတ်သက်၍ မဟုတ်မမှန်ပြောသူ ဖြစ်၏၊ မဟုတ်မမှန် စွပ်စွဲ သူ ဖြစ်၏၊။”
ဟု အတိအကျ ၀န်ခံထားပေသည်။
သို့ဖြစ်၍
ဉာဏ်စဉ်ရ လူသားတစ်ဦး၏ နှတ်မှ “ငါ” ဟူသည့် အသုံးအား သုံးနှုံးဖွင့်ဟတိုင်းတွင်
သူ့ကိုယ်သူ ဖြစ် သည်ဟု အစဉ် သတ်မှတ်၍ မရနိုင်ချေ။ ကျွန်ုပ်တို့၏ ကျမ်းမြတ်ကုရ်အံ
တစ်အုပ်လုံးတွင် “ငါသည် ကိုးကွယ်ရာ အရှင်ဖြစ်၏၊ ငါ့အား သာကိုးကွယ် ကြကုန်လော့၊”ဟု
ပြောသမျှ စကားလုံးသည် ကိုယ်တော်မုဟမ္မဒ်ကြီး၏ နှတ်မှ ထွက်သော စကားလုံးများသာ
ဖြစ်ပေသည်။ သို့သော် အစ္စလာမ်၏ ခိုင်မာသော အုတ်မြစ် အလျှောက် ကိုယ် တော်မြတ်ကြီး
ဝဟီ (သဗ္ဗညုဉာဏ်စဉ်) ကိန်း ဆိုက်နေစဉ် နှုတ်မှ ထွက်သော “ငါ” ဟူသည် အလ္လာဟ် (ပရမတ် ဘုရားရှင်)
၏ နာမ်စားဖြစ်ကြောင်း နားလည်ပြီးသားပင် ဖြစ်သည်။ ထို့ပြင် အာရ်ဗီ စာပေသဒ္ဒါ၏
ခွဲခြားနားလည် စေမှုကလည်း အလ္လာဟ်နှင့် လူအကြား ခွဲခြားနားလည်မှုအတွက် တန်ဘိုး
မဖြတ်နိုင်သော အင်အား တစ်ရပ်ပင် ဖြစ်သည်။
ဗုဒ္ဓဘာသာသည်သာ
မက ရှေးကျသော ဘာသာအားလုံးတွင် စာပေသဒ္ဒါအရ အင်အား မခိုင်မာခဲ့သောကြောင့် လူသား
ဉာဏ်စဉ်ဆောင်ပုဂ္ဂိုလ်များနှင့် ဉာဏ်စဉ်၏ ဇစ်မြစ်၊ ဓမ္မ၏ဇစ်မြစ် အရာခပ်သိမ်းအား
ဖြစ်တည်စေသော ပရမတ်ဘုရားရှင် (အာရ်ဗီဝေါဟာရဖြင့် အလ္လာဟ်)နှင့်
အသုံးအနှုံးရောပြွန်းခဲ့ရသည်သာ ဖြစ်တော့သည်။ ထို့ အတွက် မံသမျက်စိဖြင့် မမြင်နိုင်
မမြင်အပ်သော ပရမတ်ဘုရားရှင် ရှိသည်ဟူခြင်းကို မည်သို့မျှ ပါယ်ဖျက်၍ မရ နိုင်ကောင်းချေ။
ခရစ်ယာန်တို့ လက်ခံထား သော သမ္မာကျမ်းစာ၏ ဓမ္မသစ် ရှင်ယောဟန်ခရစ်ဝင် ၁၀း၃၅၊ ၃၆ တွင်-
သင်တို့ လက်ခံထားသော ရှေးကျမ်းများ၌ ဘုရား သခင်၏ ဗျာဒိတ်တော်အား
လက်ခံရရှိသူတို့အား ဘုရား
ဟူ၍ ခေါ်ဝေါ်ကြလျှင်– ဘုရားသခင်က သန့်ရှင်းစေ၍ လောကသို့
စေလွှတ်သော သူက ငါသည် ဘုရား သခင်၏ သားဟု ဆိုခြင်းကြောင့် အပြစ်ရှိသလော- ဟု
ကိုယ်တော်ယေရှုက သူ့ကိုယ် သူကာကွယ်ပြော ဆိုထား ပေသည်။ ထိုကျမ်းချက်အရလည်း
ရှေးဘာသာဝင်များသည် သူတို့၏ ဉာဏ်စဉ်ဆောင် ပုဂ္ဂိုလ်တို့အား ဘုရား ဟူ ၍ပင် ပြောဆို
သုံးစွဲခဲ့ကြောင်း သက်သေတစ်ရပ်ပင် ဖြစ်သည်။
သို့သော်
စာပေသဒ္ဒါအရ တိကျပြတ်သားစွာ ခွဲခြားထားမှု မရှိသော ရှေးဘာသာဝင်များ အနေဖြင့် ပရမတ် ဘုရားနှင့်
လူသား ဉာဏ်စဉ်ဆောင် ပညတ်ဘုရားတို့အကြား ခွဲခြား နားလည်နိုင်ရန်မှာ ဓမ္မအား
တိကျပြတ်သား စွာ သိနားလည်ရန် လိုအပ်ပေသည်။ သို့ဖြစ်၍ ကိုယ်တော်ဂေါတမက ရှင်ဝက္ကလိအား
“ဓမ္မကို မသိလျှင် ငါ့ကို မြင်သော်လည်း ငါ့ကို မြင်ခြင်း မဟုတ်၊” ဟု ဆိုခဲ့ခြင်း
ဖြစ်သည်။
ရှေးကျသော
သက်ဆိုင်ရာ ဉာဏ်စဉ်ဆောင် ပုဂ္ဂိုလ်များ အနေဖြင့် လူသားများ ဖွံ့ဖြိုးတိုးတက်မှု
အားနည်းသေး သော ခေတ်ကာလ တွင် ပေါ်ထွန်းခဲ့ရသည် ဖြစ်သောကြောင့် သူတို့အနေဖြင့် အစ၊
အလယ်၊ အဆုံး ကောင်းမွန် တိကျပြတ်သားသော ကမောက်ကမ ကင်းသော တရား (ဓမ္မ)ကို သွန်သင်ရန်
နောက်ဆုံးပွင့် ဉာဏ်စဉ်ဆောင် ပွင့်ပေါ်ဦးမည်ဟု ခိုင်မာစွာ ပြောခဲ့ ခြင်းပင်–၊
(ပါတိက၀ဂ်- စက္က၀တ္တိသုတ် ၁၀၇)။
(လူသားမဟုတ်သော- ဓမ္မ၏ ဇစ်မြစ်ဖြစ်သော
ပရမတ်ဘုရားရှင် ဟူသည်နှင့် စပ်လျှဉ်း၍ တင်ပြမှုမှာ- ဤမျှ ဆိုလျှင်- အတော် အတန်
လုံလောက်ပြီ ဟု ဆင်ခြင်မိပါသည်။)
လိုရာရောက်အောင်ဆွဲပြောတာကတော့ တကယ်တော်ပါပေတယ် တကယ်တမ်းပြောသင့်တာက ဘယ်ဘာသာကောင်းကြောင်းဆိုတာထက် လူ့ဘဝသက်တမ်းတစ်လျှောက်ဘယ်လိုကောင်းအောင် နေထိုင်ကျင့်ကြံသင့်ကြောင်း ပြောပြနိုင်ရင် ပိုသင့်တော်မှာပါ
ReplyDeleteMaymyo Thar သို့
ReplyDeleteဒီ site ရဲ့ ရည်ရွယ်ချက်ကို သိသင့်ပါတယ်။
ဗုဒ်ဓဘာသာဝင်များက မွတ်စလင်တွေရဲ့ ယုံကြည်ချက်ကိုမှားနေတယ်လို့ ထင်နေကြတဲ့အတွက် ဖြေရှင်း နှိုင်းယှဉ်တင်ပြနေခြင်းသာ ဖြစ်ပါတယ်။ တရားဟောနေခြင်းမဟုတ်ပါ။ ဒီ comment သည် စာရေးသူနဲ့ မဆိုင်ပါ။ ကျွန်တော်၏ ပြောဆိုမှုသာဖြစ်သည်။
ဟုတ်ပါမလားရှင် http://specialanalysisgroup.blogspot.com/2013/10/blog-post.html
Deletehttp://specialanalysisgroup.blogspot.com/2014/08/2.html
DeleteThis comment has been removed by the author.
ReplyDeleteဝိဘဇ္ဇ ဝါဒီ
ReplyDelete6 hours ago
http://islaminmyanmar.blogspot.com/2012/03/blog-post_4099.html မှ A Muslim ဆိုသူ သိစေရန် ။ (https://www.facebook.com/IslamInMyanmar?fref=nf)
““ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကိုဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ““ဤစကားသည် ဤအကြောင်းကြောင့်လည်းမဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ”” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ဖြေရှင်းရမည်။”” (ဒီဃနိကာယ်၊ သီလက်္ခန်ပါဠိတော်၊ ဗြဟ်္မဇာလသုတ်)
( အပိုင်း ၁ ) http://specialanalysisgroup.blogspot.com/2014/08/1.html
( အပိုင်း ၂ ) http://specialanalysisgroup.blogspot.com/2014/08/2.html
— with Kyaw Oo and 19 others.
http://specialanalysisgroup.blogspot.com/2014/08/1.html
ReplyDeletehttp://specialanalysisgroup.blogspot.com/2014/08/2.html
ReplyDeleteကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက်ပေါ့
ReplyDeleteတကယ်နားလည်မှုရှိချင်လျှင် ကျုပ်ကို ဆက်သွယ်ပါ
09421770908
အခမဲ့ လာရောက် ရှင်းပြပေးမည်
ကကြီး ခခွေး မတတ်ဘဲ မဝေဖန် ပြပါနဲ့
ကျ ဖို့ ချရတယ်
ကျန်ဖို့ ချန်ရတယ်
ကျိုးဖို့ ချိုးရတယ်
ကျဉ်းဖို့ ချဉ်းရတယ်
ဒါ ဗုဒ္ဓရဲ့ အခြေခံဆိုတာ မြင်အောင် ပြပါ့မယ်
ကျမ်းကို ကိုး၍ လိုရာရေး
အနတ္တနဲ့ အတ္တလွဲ
သင်ဖတ်ဖူးတာ သေးသေးလေး