Showing posts with label ခေတ်ပြောင် ဟာသ. Show all posts
Showing posts with label ခေတ်ပြောင် ဟာသ. Show all posts

Tuesday, August 7, 2012

ရွှေနိုင်ငံနှင့် ရိုဟင်ဂျာ


ရွှေနိုင်ငံနှင့်ရိုဟင်ဂျာ
ကမ္ဘာ့အလည်တွင် ရွှေနိုင်ငံဟူသည် ပြိုင်စံရှား တစ်ခုတည်းသော တိုင်းပြည်ဖြစ်သည်။ ယင်းတိုင်းပြည်သည် အလွန်အင်မ တန်မှ သံယံဇတပေါကြွယ်ဝလှသည့်အပြင် မျိုးမြင့်မြတ်သော ပညာတတ်လူတန်းစားများ အများစု နေထိုင်ကြသည်။ ၂၁ ရာစုအထိ သိပ္ပံပညာရှင်ပေါင်းများစွာ၊ အသိပညာရှင်ပေါင်းများစွာ၊ နိုဘယ်လ်ဆုရှင်များစွာ၊ သမိုင်းပညာရှင်များစွာတို့အပြင် လူမျိုးစုနှင့် ယဉ်ကျေးမှုဆိုင်ရာ သရုပ်ခွဲပညာတွင်လည်း သူမတူအောင် ထူးချွန်သူများအား မွေးထုတ်ပြီးဖြစ်လေသည်။ ထို့ ကြောင့် နိုင်ငံတကာမှပင် အလွန်လေးစားအားကျအတုယူနေရသည်။ အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ် စသည် စသည်တို့ သည်လည်းပြိုင်စံရှား အထူးကောင်းမွန်လှသည့်အပြင် လူတစ်ဦးချင်းစီ၏ စည်းကမ်း၊ လူ့ဘောင် အသိုက်အ၀န်းအား အကျိုးပြုမှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့မှာလည်း စံနမူနာယူစရာအတိပင်ဖြစ်သည်။ ယင်းကဲ့သို့ ပြည့်စုံကောင်းမွန်လှသော တိုင်းပြည်သို့ လာရောက်လည်ပတ်ချင်သူ၊ လာရောက်အခြေချနေထိုင်လိုသူများစွာတို့ သည် ယင်းနိုင်ငံသို့ ရောက်ရှိအခြေ ချရန် အစဉ် မျှော်လင့် ကြိုးစားလျက်ရှိကြသည်။

သို့ သော် ဗီဇာစနစ် စည်းကမ်းတင်းကြပ်ပြီး လုံခြုံရေးစနစ် အားကောင်းလွန်းသောကြောင့် အနည်းငယ်မျှ ချမ်းသာရုံ၊ ပညာ တတ်ရုံဖြင့် ယင်းတိုင်းပြည်သို့ ခြေမချနိုင်ပေ။ ဤသို့ သောအခြေအနေတွင် ယင်းတိုင်းပြည်သို့ အလုံးအရင်းနှင့် ၀င်ရောက် လာ နိုင်သောသူများရှိလာခဲ့သည်။ ယင်းလူမျိုးတို့သည် အလွန်တရာမှဆင်းရဲ နုံချာပြီး ပညာမဲ့ ဥစ္စာမဲ့ အရုပ်ဆိုး အကျည်း တန် လူတန်းစားများဖြစ်ကြသည်။ ထိုလူတန်းစားမျိုးကို ရိုဟင်ဂျာဟု အမည်တွင်သည်။ ယင်းလူမျိုးတို့သည် သူတို့ ၏ ပင် ကိုယ် အရည်အချင်းကြိုးစားမှုကြောင့်မဟုတ်ပဲ ရွှေနိုင်ငံ၏ သနားကြင်နာတတ်သော၊ ဖေးမှကူညီတတ်သော ရွှေလူမျိုးတို့ သည် နယ်စပ်မှဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းရိုဟင်ဂျာလူမျိုးတို့ အခြေချခွင့်သည် ၂၀ ရာစုတွင်ပိုမိုလာသည်။ အဘယ် ကြောင့်ဆိုသော် ယင်းတို့  နေထိုင်ခွင့်ရကြသောပြည်နယ်သည် အင်မတန်မှ သံယံဇတပေါကြွယ်ဝသည့်အပြင်၊ တရားမျှတ သော အုပ်ချုပ်ရေးစနစ် နှင့်ကမ္ဘာ့ခေတ်အမှီဆုံးခေတ်ပေါ် ဆက်သွယ်ရေး နည်းပညာများဖြင့် ပြည်နယ်အတွင်း နေထိုင်ကြ သူများကို ထောက်ပံ့ပေးထားပြီးနေချင့်စဖွယ် ဖြစ်နေသောကြောင့်ဖြစ်သည်။

ယင်းပြည်နယ်တွင် ရွှေ၊ငွေ၊ကျောက်သံပတ္တမြားအပြင် ရေနံ၊သဘာဝဓာတ်ငွေ့ နှင့် အဆင့်မြင့်စိုက်ပျိုးရေး ထုတ်ကုန်များ အပြင် နည်းပညာမြင့် မော်တော်ယာဉ်များ၊လေယာဉ်ပျံများနှင့် အီလက်ထရောနစ် ပစ္စည်းထုတ်ကုန်တို့ မှာစုံလင်လှသည်။ ထို့ ကြောင့်ယင်းပြည်နယ်ရှိ ရွှေရခိုင်ဟုခေါ်တွင်သော မျိုးမြင့်မြတ်သော၊ လှပတင့်တယ်ပြီး ပညာတတ်ရည်မွန်သောသူများ သည်ရွှေကိုမြေလိုသုံး၊ ငွေကိုရေလိုသုံးနိုင်ကြသည်။ ရိုဟင်ဂျာများသည်ရွှေရခိုင်လူမျိုးတို့ အား အလွန်အမင်း မနာလိုစိတ် ရှိနေကြသည်။ သူတို့ ကဲ့သို့ ရွှေပန်းကန်များ၊ ရွှေခွက်များဖြင့်စားတော်ပွဲတွင်ရွှင်ပြလိုကြသည်။ ယင်းသို့ သော အခြေအနေ များက ငတ်ပြတ်စုတ်ပြတ်နေသော ရိုဟင်ဂျာများကိုယင်းပြည်နယ်တွင် အခြေချနေထိုင်လိုစိတ်ပြင်းပြ နေခြင်းဖြစ်သည်။
ရွှေနိုင်ငံမှရွှလူမျိုးတို့ သည် ယင်းရိုဟင်ဂျာများကို သနားသောအားဖြင့် နယ်စပ်ဂိတ်ပင်မထား၊ နိုင်ငံသားစိစစ်ရေးကဒ်ပင် မလို ဧည့်စရင်းဆိုသည်ကိုကြားဖူးသူဟူ၍ မရှိလောက်အောင် နေထိုင်သွားလာခွင့်ပြုပေးခဲ့ကြသည်။ နေအိမ်မရှိသော ရိုဟင်ဂျာများကို နေထိုင်စရာများစီစဉ်ပေးခြင်း၊ ပညာသင်ကြားပေးခြင်း၊ အစာရည်စာထောက်ပံခြင်း၊ သာသနာပြုခွင့်ပေး ခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများကို အလုပ်အကိုင်ဖန်တီးပေးခြင်းစသည်ဖြင့်ယင်းတို့ ဘ၀တွင်လူဖြစ်ရကျိုးနပ်အောင်ပင် လူသားခြင်းစာနာသောစိတ် အပြည့်ဖြင့် ကူညီပေးနေခဲ့သည်။ ဤသို့ နေထိုင်လာခဲ့ကြရာ ၂၁ရာစုအရောက် ၂၀၁၂ တွင် ရွှေလူမျိုးတို့ သည် ဆိုးသွမ်းရမ်းကားလာသော ရိုဟင်ဂျာလူမျိုးတို့ ကိုမဟာဗျူဟာကျကျနှင်ထုတ်ရန် ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှေနိုင်ငံတွင် မည်သည့်ရွှေလူမျိုးမှ မကျူးလွန်ဖူးသော မုဒိမ်းမှုကို ရိုဟင်ဂျာ (၃)ဦးတို့ က ဆန်းသစ်တီထွင်စွာ ကနဦး ကျူးလွန်မိကြခြင်းဖြစ်သည်။ မည်သို့ မှသီးမခံနိုင်သော ရွှေလူမျိုးတို့ သည် အမျက်ဒေါသ ချောင်းချောင်းထွက်လျက် ရွှေရခိုင်ပြည်နယ်သို့ လာရောက်သောရွှေနိုင်ငံ၏ အခြားမြို့များဖြစ်သော တောင်တွင်းကြီး၊ မြောင်းမြတို့  မှ (၁၀) ဦးပါဝင်သော(ရိုဟင်ဂျာတစ်ဦးမျှပင်မပါသော) မွတ်စလင်တရားဟောအဖွဲ့  အားအုပ်စုလိုက် ညင်သာ စွာ သုတ်သင်လိုက်ကြသည်။

ပြစ်မှုကျူးလွန်သော တရားခံ (၃) ဦးအနက် ပြစ်မှုထင်ရှားသော ထက်ထက်ဆိုသူမှာ ရွှေနိုင်ငံ၏ထောင်တွင်း၌ပင် မိမိကိုယ် ကို အဆုံးစီရင်သွားခဲ့သည်။ ထောင်တွင်း၌ မိမိကိုယ်ကိုအဆုံးစီရင်ရန်လွယ်ကူလောက်အောင် အထောက်အပံ့များရှိသည် မရှိသည်ဆိုသည်မှာ ယင်းရွှေနိုင်ငံ၏တာဝန်ရှိသူများသာ သိခွင့်ရကြမည်။  အကြမ်းဖက်သမား ဘင်လာဒင်ကဲ့သို့ ဆိုးသွမ်း ယုတ်မာသော ထက်ထက်ဆိုသည်ကိုလည်း သေသောအခါ မည်သူမျှအလောင်းမတွေ့ ရှိနိုင်တော့ပေ။ ရက်စက်ကြမ်း ကြုတ်သော ယင်းထက်ထက်ဆိုသည်ကို မည်သည့် ပြည်ပမီဒီယာမှမြင်တွေ့ ဖူးလိုက်ခြင်းမရှိပေ။ အဓိကဇာတ်ကောင်သည် ဤမျှနှင့်ပင် နိဂုံးချူပ်လေသည်။ ကျန်တရားခံနှစ်ဦးမှာ လည်းမီဒီယာရှေ့ တွင်ပေါ်ထွန်းလာပြီး မကြာမှီသေဒဏ်ဖြင့် ဇီဝိန် ချူပ် လေသည်။ (၁၀) ဦးအား ရွှေလူမျိုးများက ဒေါသအလျောက် ညင်သာစွာ ဆုံးမလိုက်သူများမှာတော့ ယနေ့ ရွှေနိုင်ငံ မီဒီယာ များတွင် ပျောက်ခြင်းမလှ ပျောက်ကွယ်နေလေသည်။ ယင်းနှင့်တစ်ဆက်တည်း ဆက်သွယ်ရေးနည်းစနစ် လွန်စွာ ကောင်းမွန်ပြီး အင်တာနက်စနစ်မြန်ဆန်သောရွှေနိုင်ငံ၏ အင်တာနက်စာမျက်နှာများတွင်လည်း ယင်းရိုဟင်ဂျာများနှင့် ပတ်သက်ပြီးရွှေလူမျိုးတို့ သိမ်မွေ့ စွာဆဲဆိုသံများ၊ ဘာသာတရားကို စော်ကားသော အဆင့်မြင့်လုပ်ကွက်များ၊ မဟာ ဗျူဟာ ကျကျပူပေါင်းပါဝင်သူများဖြင့်စည်ကားလျက်ရှိကြသည်။ ကမ္ဘာ့အင်တာနက် စာမျက်နှာများတွင်လည်း ရွှေနိုင်ငံမှ တရားဝင် အမှန်အကန်မထွက်လာသော အချက်အလက်များကြောင့် အကြံအဖန်အချက်အလက်များသာ ကြီးစိုးလာပြီး ကြိမ်းသူကကြိမ်း၊ ဆဲသူကဆဲ၊ စိန်ခေါ်သူကစိန်ခေါ်နေကြလေပြီ။ထို့ ပြင် ငတ်ပြတ်မွဲခြောက်နေကျသော ကမ္ဘာ့မီဒီယာများ သည်လည်း အလွန်ကြွယ်ဝချမ်းသာသော ရိုဟင်ဂျာများ၏လာဘ်ပေးမှုကိုရယူကာ ဘက်လိုက်ရေးနေကြလေသည်။ ရွှေ တိုင်းပြည်၏ ရွှေလူမျိုးတို့ ၏ သိက္ခာဂုဏ်သတင်းကာ ကမ္ဘာ့အလည်တွင်မွေးပျံ့ကျော်ဇောလျက်ရှိသည်။ ရွှေတိုင်းပြည်သည် မေတ္တာတရားကြီးစိုး အခြေခံနေကြသူများဖြစ်သဖြင့် ကမ္ဘာ့လူဦးရေ အတော်အများကပင် တန်ပြန်မေတ္တာဖြင့် ချစ်ခင်မပျက် ရှိနေကြသည်။  မကြာမှီကပင် 7day news ဟုခေါ်တွင်သော ရွှေမီဒီယာသည် အမည်၊ မှတ်ပုံတင်နံပါတ် နှင့် နေရပ်ဒေသ အပြည့်အစုံဖြင့် ကမ္ဘာ့အလည် မီဒီယာတွင် သတင်းထွက်ပြီးသော ညင်သာစွာ ဆုံးမသုတ်သင်ခံလိုက်ရသူ (၁၀) ဦးကို အိန္ဒိယနိုင်ငံတောင်ပိုင်းကဟု မီဒီယာတွင် ပါဝင်စေခဲ့ခြင်း အားဖြင့် ရွှေနိုင်ငံ၏ ရွှေမီဒီယာများကို ကမ္ဘာက မည်သို့ တုန့် ပြန် မည်ဆိုသည်မှာ နှင့်ရွှေလူမျိုးတို့ ၏ရိုဟင်ဂျာ နှင်ထုတ်သုတ်သင်ရေးဗျူဟာသည် စောင့်ကြည့်ရမည့် ကိုရီးယားဇာတ် လမ်း တွဲပင်ဖြစ်သည်။
ကနေဒါမှမေခလာ
၃.၈.၂၀၁၂

Wednesday, June 6, 2012

မြန်မာပြည်က စတုထ္တမဏ္ဍိုင်

ငပလီကမ်းခြေ တနေရာတွင်  မိန်းမပျိုလေး တစ်ယောက်အား ခွေးရူး ၁ ကောင်က ကိုက်ဖို့ဟန်ပြင်နေစဉ် တာဝန်သိ လူငယ် ၄ဦးမှ ခဲများ ဒုတ်များဖြင့် ထိုခွေးရူးအား ဝိုင်းသမလိုက်ရာ ခွေးရူး သေဆုံးသွားပြီး မိန်းမပျိုလေးလဲ ခွေးရူးကိုက်ခံရမည့်ဘေးမှ လွတ်သွား သည်။ ထိုအချိန်တွင် နာမည်ကြီး ရခိုင် သတင်းဌာနမှ သတင်းထောက်တစ်ဦးလဲ အသင့်ေ၇ာက်ရှိနေလေရာ ထိုအဖြစ်အပျက်ကို အစအဆုံး ဓါတ်ပုံမှတ်တမ်းတင်ထားပြီး လူငယ်များကို အင်တာဗျူးလေတော့သည်။

” ညီလေးတို့ကို ချီးကျူးတယ်ကွာ အကို ဒီနေ့အတွက် Hot News တခုရသွားပြီး သတင်းခေါင်းစဉ်ကို ဒီလိုပေးရမယ်။ “

“တာဝန်သိ ရခိုင် လူငယ်လေးဦးမှ အမျိုးသမီးတစ်ဦးအား ကိုက်လုဆဲဆဲ ခွေးရူးကို သတ္တိရှိရှိ နှိုမ်နင်းလိုက်ခြင်း”

“ကျနော်တို့ ရခိုင်ပြည်နယ်က မဟုတ်ဘူးခင်ဗျ။ ရန်ကုန်ကပါ။ ဒီကို ခဏ အလည်လာတာ။”

“ရပါတယ် ဒါဆို ဒီလိုရေးလိုက်မယ်လေ။”

“တာဝန်သိ ဗုဒ္ဓဘာသာ လူငယ်လေးဦးမှ အမျိုးသမီးတစ်ဦးအား ကိုက်လုဆဲဆဲ ခွေးရူးကို သတ္တိရှိရှိ နှိုမ်နှင်း လိုက်ခြင်း။ “

“အဲ.. ကျနော်တို့ ဗုဒ္ဓဘာသာလဲ မဟုတ်ဘူး ခင်ဗျ.. ကျနော်တို့က မြန်မာမွတ်စလင်မ်တွေပါ ငပလီကို အပမ်းဖြေခရီး ထွက်လာ တာပါ”
 

ထိုအချိန်တွင် သတင်းထောက်သည် ဪဟုတ်လားဟု ပြောခါ လစ်သွားလေသည်။

နောက်နေ့တွင် ထိုသတင်းဌာန၏ Website တွင် ထိုကိစ္စ ခေါင်းစီးသတင်းအဖြစ်ပါလာလေသည်။

ဘင်္ဂလားဘက်မှ ခိုးဝင်လာသည်ဟု ယူဆရသော ဘင်ဂါလီ လေးဦးမှ အပြစ်မဲ့ ခွေးတစ်ကောင်အား လူမြင်ကွင်းတွင် ရက်ရက်စက်စက် ဝိုင်းသတ်လိုက်ကြခြင်း။

ထို့နောက်တွင်ကား ထိုသတင်းကို Facebook တွင် Share ကြပြီးသကာလ အွန်လိုင်းအစွန်းရောက် အရိုင်းအစိုင်းများမှ အစ္စလာမ် ဘာသာဝင် မြန်မာမွတ်စလင်မ်များကိုပါ သိမ်းကြုံး၍ ဆဲကြလေတော့သည်။

ဖတ်ဖူးသော အင်္ဂလိပ်ဟာသတခုကို လက်ရှိအနေအထားနှင့် လျှော်ညီအောင် ဘာသာပြန်ထားပါသည်။

Credit: Awesome Geek
Source: MMSY

ကုလား ပုံပြင်

အင်း ကုလားဆိုတဲ့ အသုံးအနှုံးလေးတွေ့မိတော့ ၀င်ရေးမယ်နော်... သူငယ်ချင်းတယောက်ရဲ့ အတွေးပါ...
သူက ဒီလိုဆိုပါတယ်-


"မြန်မာအစ တကောင်း က" တဲ့။ သမိုင်းသင်တဲ့ ဆရာမ က သင်ပေးခဲ့တာ။ မြန်မာစာ ဆရာမလည်း ခဏခဏ ပြောဖူးတယ်။ ဟိုးရှေးရှေးတုန်းက........ အိန္ဒိယပြည် (မြန်မာတွေ ရဲ့ အခေါ်အရ ကုလားပြည်ပေါ့) မှာ ဘုရင် နှစ်ပါး စစ်ဖြစ်ကြတယ်တဲ့။ အဲဒီမှာ သာကီဝင် မင်းမျိုးဘုရင်က စစ်ရှုံးပြီး သူ့ရဲ့ မိဘုရားတွေ၊ မောင်းမတွေ၊ သားတော်တွေ၊ သမီးတော်တွေ၊ ဝန်ကြီးမှူးမတ်တွေ၊ စစ်သည်တော်သူရဲကောင်းတွေ၊ နန်းတွင်းသူ၊ နန်းတွင်း သားတွေခြွေရံသင်းပင်း အားလုံးနဲ့အတူ အိန္ဒိယပြည် အရှေ့ဘက် နယ်မြေကို အသက်လုထွက်ပြေး လာခဲ့ရသတဲ့။ အဲဒီလို ပြေးလာရင်း ခု မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသကို ရောက်တော့ အဲဒီဒေသမှာ နေကြတဲ့ မြန်လည်းမြန် မာလည်းမာတဲ့ လူတွေကိုတွေ့သတဲ့။ အဲဒီလူတွေက မြန်တယ်၊ မာတယ် ဒါပေမဲ့ မယဉ်ကျေး ဘူးတဲ့။ အဲဒီ သာကီဝင်ဘုရင်က အဲဒီမြန်ပြီးမာတဲ့ မယဉ်ကျေးတဲ့လူတွေကို ယဉ်ကျေးအောင်သင်ပေး အုပ်ချုပ် မင်းလုပ် တိုင်းနိုင်ငံ ထူထောင်လိုက်သတဲ့ကွယ်။ နန်းစိုက်ရာမြို့ကို "တကောင်း" လို့ သမုတ်ပြီး အဲဒီ အချိန်က စပြီး ယဉ်ကျေးတဲ့ လူမျိုးတစ်မျိုးနဲ့ ယဉ်ကျေးမှုအသစ်တစ်ခုဟာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာတော့သတဲ့။ အဲဒါ မြန်မာလူမျိုးနဲ့မြန်မာ့ယဉ်ကျေးမှု အစတဲ့။ အဲလိုနားရည်ဝနေရင်း........

ကလေးဆိုတော့လည်း ကလေးအတွေးလေးနဲ့ ဆက်စပ်တွေးမိတာပေါ့နော်........။ တင်ပြသူ ကလေးဘဝက သုတေသန ပြုခဲ့တဲ့သမိုင်းဆိုရင်လည်း မမှားပါဘူး။ ကလေးသမိုင်းပေါ့။ ကလေး တင်ပြသူ အတွေး သမိုင်း ကို ပြောပြမယ်နော်...... နားထောင်ကြပါနော်......။

သာကီဝင် ဘုရင်ဟာ အဲလို စစ်ရှုံးပြီးထွက်ပြေးလာပေမယ့်လည်း ဘုရင်တို့ရဲ့ အဆောင်အယောင် အပြည့်နဲ့ ပေါ့။ သန်လျှက်ကြီးကိုင်၊ ရွှေထီးဆောင်း၊ ပြိုးပြိုးပြက်ပြက် တွေဝတ်၊ အနားမှာ ဒူးထောက်ခစားသူတွေ အပြည့် နဲ့။ ထွက်ပြေးရင်း မြန်မာပြည် မြစ်ကမ်းဘေးတစ်နေရာထဲ ကို ရောက်တော့ နေလောင်ထားတဲ့ ကြေးနီရောင် မျက်နှာကြီးတွေနဲ့ အဝတ်ကပ်ရမှန်းတောင် မသိဘဲအပေါ်ပိုင်း ဗလာကျင်း နေတဲ့ ဒေသခံ ယောက်ျား မိန်းမ တွေဟာ အဲဒီ ခမ်းနားလှတဲ့ သာကီဝင်ဘုရင့် အရှိန်အဝါကိုမြင်ပြီး၊ မြေကြီးပေါ်ဒူးထောက်၊ မှောက်ရက်လှဲ၊ မော် တောင် မကြည့်ဝံ့ဘဲ ရှိခိုးကြတော့တာပေါ့။ အဲဒါနဲ့.....ဘုရင် က သူ့မှူးမတ်တွေဘက်လှည့် ဂုဏ်ယူဝင့်ကြွား စွာနဲ့ ကုလားလို "ဟမ် အဘီ ဘီ ရာဂျာဟယ်" (ငါ ဟာအခုထိ ဘုရင်ဘဲ) လို့ မိန့်တော်မူလိုက်တာပေါ့။ အဲဒါ ကိုကြားပြီး မြန်လည်းမြန် မာလည်းမာတဲ့ လူတွေက "ဟာ-ဒါဆို ဒီဘုရင်ကြီး ရဲ့ ဘွဲ့တော်ဟာ "အဘိရာဇာ" နဲ့တူတယ်လို့ထင်မှတ်လိုက်ကြပါလေရော။

အဲဒီလို နဲ့ သူတို့ဟာ ဘုရင်ကြီးသွားရာနောက် တစ်ကောက်ကောက်လိုက်၊ ဘုရင်ကြီးအတွက် နေထိုင်ဖို့ အိမ်တစ်လုံးဆောက်ပေး အဲဒါတွေလုပ်ပေးကြတာပေါ့။ ဘုရင်ကြီးနဲ့ နောက်ပါတွေဟာအလွန်ယဉ်ကျေးမှုမြင့် တဲ့ အိန္ဒိယလူမျိုး တွေဆိုတော့ မြန်လည်းမြန်၊ မာလည်းမာတဲ့ လူတွေအတွက်ဘုရင်ကြီးနဲ့ နောက် ပါတွေရဲ့ နေထိုင်ပြု မူ ပြောဆိုဝတ်စားဆင်ယင်ပုံတွေဟာ မြင်မြင်သမျှ အဆန်းကြီးဖြစ်နေ တော့တာပေါ့နော်။ 

ဒီလိုနဲ့ နေလာကြရင်း ဒေသခံတွေကအချင်းချင်းတိုင်ပင်ကြတယ်၊ ဘုရင်ကြီး နဲ့ သူ့လူတွေ ရဲ့ လူမျိုး ကို ဘယ်လိုခေါ် ကြမလဲပေါ့။ တစ်ယောက်ကပြောတယ် သူတို့ကကွာတဲ့။ ဒေသကူးမြစ်ကူး ပြီးလာကြတာဆိုတော့ "ကူးလာ" လို့ခေါ်ကြရအောင်တဲ့။ အားလုံးကသဘောတူကြတယ်။ နောက်နောင်အချင်းချင်းပြောရင် "ကူးလာ" လို့ ရည်ညွှန်းသုံးနှုန်း ကြတာပေါ့နော်။ အဲ......ကာလရွေ့လျားလာတော့ အသံတွေပြောင်းပြီး"ကူးလာ" က နေ "ကုလား" လို့ ဖြစ်သွားတာပေါ့။ အိန္ဒိယ လူမျိုးဆိုရင် ကုလား ပေါ့။

အဲဒီလို နဲ့ တစ်နေ့ကျတော့ ဘုရင်ကြီးရဲ့ နောက်ပါတွေနေတဲ့ အဆောင်ဘက်ကို မြန် ၊ မာတဲ့ လူတွေက ဘာများအထူးအဆန်းတွေ့ ရမလည်းလို့ သွားချောင်းကြပါလေရော။ အဲလိုချောင်းကြည့်တော့ ဘာတွေ့ရ သလဲဆိုရင်၊ ကုလား၊ မိန်းမတွေဟာ သစ်သားနဲ့လုပ်ထားတဲ့ ထိုင်စရာတွေပေါ်မှာ အခန့်သားဟန်ကျပန်ကျ နဲ့ထိုင်နေတာကိုတွေ့ပြီး သဘောကျကြတာပေါ့။ အဲဒါကို ဘယ်လိုခေါ်ရင် ကောင်းမလဲ စဉ်းစားကြတယ်၊ တစ်ယောက်ကပြောတယ် ကုလားတွေထိုင်တာဆိုတော့ "ကုလားထိုင်" လို့ခေါ်ရအောင်ကွာတဲ့။ အိန္ဒိယ လူမျိုး တွေဆိုတာက အရမ်းအရှက်အကြောက်ကြီးတာဆိုတော့ သူတို့ရဲ့အိမ်ကို လာချောင်းတာကိုတွေ့သွားပြီး သူတို့ရဲ့အိမ်ထဲကို အပြင်ကနေ မမြင်အောင် ပါလာတဲ့ ပိတ်စကြီးတွေနဲ့ ကာလိုက်ကြရော။ အဲဒါကို မြင်ပြီး ဒေသခံတွေက "ဟာဘာကြီးတွေနဲ့ ကာလိုက်တာလဲ" လို့ အံ့အားသင့်ရေရွတ်မိကြတာပေါ့။ အဲဒီအခါ တစ်ယောက် က "ဪမင်းတို့ကလဲကွာ၊ ကုလားတွေကာတဲ့ ဟာတွေဆိုတော့ ကုလားကာပေါ့ကွာ" လို့ ပြောလိုက်တယ်လေ။ အဲဒီအချိန်ကစပြီး ဒီနေ့အထိ "ကုလားကာ" တဲ့ ခေါ်ဖြစ်သွားကြတာ။ အဲဒီ ကုလား
တွေဟာ ဟိန္ဒူတွေ ၊ဆိုတော့ ဟိန္ဒူ ကုလားတွေဟာ ဘာသာတရား ရှိကြတော့ ဘုရားကျောင်းကြီးတွေ ကို လည်း ဆောက်ကြတယ်လေ။ ဘာကျောင်းဆောင်တွေလဲပေါ့။ "ဟာ-ကုလားတွေဆောက်တဲ့ ကျောင်းဆောင် ဆိုတော့ "ကုလားကျောင်း" ပေါ့ကွာတဲ့။ ဟိန္ဒူကုလားတွေဟာ သူတို့ ဘုရားရှိခိုး ပူဇော်ရာမှာ ခေါင်းလောင်း တွေကို သုံးတတ်ကြပေမယ့်၊ ခေါင်းလောင်းလုပ်ဖို့ ကြေးမရှိတော့ သစ်တုံးကိုထွင်းပြီး အသံမြည်အောင်ခေါက် ကြတယ်လေ။ အဲတော့ ဒေသခံတွေကထုံးစံအတိုင်း အံ့အားသင့်ကြတာပေါ့။ တုံတုံ နဲ့ခေါက်နေတာ ဘာလဲ ပေါ့။ တစ်ယောက် က "အိုကွာ-ကုလားတွေ ဘုရားတက်ရင် ခေါက်တာဆိုတော့ "ကုလားတက်" ပေါ့ကွာတဲ့။
 

ဒီလိုနဲ့ တစ်နေ့ကြတော့ အဲဒီကုလားတွေက ဒေသခံတွေကို သူတို့လက်ရာစားဖူးအောင် ဖွယ်ဖွယ်ရာရာ ကျွေးမယ်ဆိုပြီး အိန္ဒိယကနေရိက္ခာအဖြစ်ပါလာတဲ့ ပဲ တစ်မျိုး ကို ရေဆေး ကြတယ်လေ။ ဒေသခံတွေက အဲဒီ ပဲကို တစ်ခါမှ မမြင်ဖူးကြတော့ ဘာပဲလဲပေါ့။ ထုံးစံအတိုင်း အတွေးကောင်းတဲ့ တစ်ယောက်က "ကုလားတွေ စားတဲ့ ပဲ ဆို ကုလားပဲ" ပေါ့ကွာတဲ့။ ဟင်းတွေကျက်ပြီ ၊ စားဖို့လာကြတော့လို့ ခေါ်လိုက်တော့ ဒေသခံတွေက ဝမ်းသာအားရနဲ့ပြေးလာပြီး အားရပါးရတွယ်ကြတယ်လေ။ အဲဒီဟင်းကို အရမ်းကို ကြိုက်သွားကြတယ်။ အဲဒါနဲ့ ကုလားတွေချက်ကျွေးတဲ့ ပဲဟင်းကို "ကုလားဟင်း" လို့ ခေါ်စပြုလာကြတယ်။ ဪ အဲဒီ ဟင်းနဲ့ အတူစားဖို့ မရန်းသီး၊ သရက်သီး စတာတွေကို ဆီ၊ မဆလာတွေနဲ့သမပြီးစိမ် အချဉ်တည်ထားတဲ့ အစားအစာ တစ်မျိုး လည်းပါသေးတယ်။ အဲဒါ ကို လည်း ဒေသခံတွေ က အရမ်းအရသာတွေ့ပြီး "ကုလားတွေ တည်ထား တဲ့အချဉ် ဆိုတော့ "ကုလားတည်" ကွာလို့ ဝမ်းသာအားရ တစ်ညီတစ်ညွတ်တည်း ကင်ပွန်း တပ်လိုက်ကြ လေရဲ့။

အဲ.......ဒေသခံတွေ နဲ့ အတူ ကုလားတွေကလည်း စားသောက်ကြတယ်လေ။ အဲလို စားရင်း ကုလားတွေက အစိမ်းရောင် အတောင့်လေးတွေ ကို ကိုက်ကိုက်စားပြီး "အိုး-မာတာ၊ အရေး မာတာ" (အမလေး၊အမေရေ) လို့အော်ကြတယ်။ အဲဒါကိုမြင်ပြီး ဘာလေးတွေလည်းပေါ့၊ အတောင့်လေးတွေ။ တစ်ယောက်က "အယ်...... မင်းတို့ကလဲ၊ ကုလားတွေစားပြီးအော်တဲ့ အသီးလေးတွေကို "ကုလား အော်သီး" လို့ခေါ်ကြမယ်တဲ့လေ။ အဲလိုနဲ့ ထမင်းစားပွဲလည်းပြီးရော ဒေသခံတွေက ကိုယ့်အိမ်ကိုမပြန်သေးဘဲ သူတို့အကျင့်အတိုင်း အစားအစာတွေကို အိမ်ကိုပါသယ်ဖို့ စောင့်နေကြတာပေါ့။ ထမင်းတွေဟင်းတွေ အများကြီး ချက်ဧည့်ခံရတဲ့
အတွက် ကုလားတွေဟာ ပင်ပန်းပြီး ခြေပစ်လက်ပစ် အိပ်သွားကြပါလေရော။ဒေသခံတွေဟာ ကုလားတွေ ခြေပစ်လက်ပစ် အိပ်တာမြင်ပြီး ခွက်ထိုးခွက်လန်ရယ်ကြရင်း "ကုလားတွေအိပ်တာ သေနေသလိုဘဲ" လို့ လှောင်ပြောင်ပြောဆို ကြတယ်လေ။ ပြီးတော့ "အဲလို အိပ်တာမျိုး ကို ကုလားသေ ကုလားမော" လို့ ပြောကြရ အောင်လို့ အချင်းချင်းလက်ကုပ် သဘောတူကြတယ်။

အဲဒီ သာကီဝင် ကုလားဘုရင်ကြီးမှာ သားတော်နှစ်ယောက် ရှိတယ်လေ။ ကုလားစကားနဲ့ ဘုရင့်သားတွေ ကို "ရာ့ခ်ျ ကုမာရ်" (ရာဇ ကုမာရ်) (မင်းသား) လို့ခေါ်တယ်။ ဘုရင်ကြီးကတော့ ချစ်စနိုးနဲ့ သူ့သားတွေကို "ရာဂျာ" (မင်းသား) လို့ ခေါ်လေ့ရှိတယ်။ တစ်နေ့ဘုရင့်သားအကြီးက ဘုရင့်အနားမှာထိုင်နေရင်း ရုတ်တရက် ထထွက်သွားတယ်။ ဘုရင်က သူ့သားကို "ကဟာန် ရာဂျာကြီး" (ဘယ်တုန်း မင်းသားကြီး) လို့ လှမ်းမေးတာ ပေါ့။ အဲဒါကိုကြားတဲ့ ဒေသခံတွေက မင်းသားအကြီးရဲ့နာမည်ဟာ "ကံရာဇာကြီး" ဘဲလို့ မှတ်ထင်လိုက် ကြတယ်။ ("ကဟာန် ရာဂျာကြီး" ကို သူတို့နားနဲ့ ကံရာဇာကြီး လို့ကြားကြတာကိုး)။ ဒီတော့ မင်းသားကြီးက "ကံရာဇာကြီး" ဆိုရင် မင်းသားငယ်က "ကံရာဇာငယ်"ပေါ့လို့ သူတို့ဟာသူတို့ ယူဆလိုက်ကြပြန်တယ်။

ဩ......ဪ.....ပြောဖို့တစ်ခု ကျန်သွားတယ်။ အဲဒီ ကုလားတွေက အိန္ဒိယ ကနေ မြန်မာပြည်ဘက် လာတော့ သူတို့ရဲ့ ပစ္စည်း ပစ္စယ တွေကို ကျောကုန်းမှာ ဘုကြီးတွေပါတဲ့ တိရိစ္ဆာန် တွေပေါ် အဝတ်တွေ နဲ့အုပ်ပြီး တင်လာကြတယ်လေ။ အဲဒီ တိရိစ္ဆာန်မျိုးကို မမြင်ဖူးတဲ့ ဒေသခံတွေက အလွန်အံ့အားသင့်ခဲ့ ကြတယ်။ ဘာတိရိစ္ဆာန်လဲပေါ့။ တစ်ယောက်က "အေးကွာ.......ထူးတော့ထူးဆန်းတယ်၊ တစ်ခါမှ မမြင်ဖူးဘူး၊ ဘယ်လိုတိရိစ္ဆာန် မှန်းမသိဘူး၊ အိုဘာပဲဖြစ်ဖြစ်ကွာ၊ ကုလားတွေအုပ်ပြီး ခေါ်လာတဲ့ တိရိစ္ဆာန်တွေဆိုတော့ ခပ်လွယ်လွယ် "ကုလားအုပ်" လို့ခေါ် ကြတာပေါ့" လို့ပြောလိုက်လေရဲ့။ ကဲ....... တင်ပြသူကလေး ငယ်ငယ် ဘဝ အတွေးသမိုင်းလေးထဲက အတော်များများ ကို ပြန်ပြောင်းအောက်မေ့ ပြောပြပြီးပါပြီ။ အရွယ်ရောက်လာ တော့လည်း သမိုင်းကျွမ်းကျင်သူ၊ မြန်မာစာကထိက အတော်များများကို ဒီအကြောင်းပြောဖူးသေးတယ်။ အဲဒီ အတွေး ပြောပြတာ ပါးစပ် အဟောင်းသားလေးနဲ့ နားထောင်ကြရှာတယ်လေ။ ပြီးတော့ ဝါးလုံးကွဲအောင် ရယ်ကြတယ်။ပြီးတော့ပြောကြတယ်ဗျ"ဖြစ်နိုင်တယ်ဗျ" တဲ့။


Credit: ကျာကျာကြီး