Tuesday, September 11, 2012

မွတ်ဆလင်တွေက ဘာလုပ်နေလို့လဲ?

မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။

ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့တယ်။ ဟိန္ဒူဘာသာ ဟာ မြန်မာလူမျိုးတွေကို စာပေအမွေပေးခဲ့တယ်။ (မြန်မာစာပေဟာ တရုတ်စာပေက ဆင့် ပွား ဖြစ်တည်လာခဲ့တာ မဟုတ်ပါ။- ဟိန္ဒူ ဗြဟ္မီစာပေက ဆင့်ပွား ဖြစ်တည်လာခဲ့ခြင်း ဖြစ်တယ်။) ချက်ပြုတ်စား သောက်ခြင်းဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ ယဉ်ကျေးမှု ဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ တိုင်းပြည်တစ်ခု အဖြစ် ထူထောင်အုပ်ချုပ်နည်းပညာရပ်များကို ပေးခဲ့တယ်။

ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနောက်မှာ ရောက်လာခဲ့တယ်။ မြန်မာအင်ပါယာကို ထူထောင်တဲ့ မြန်မာဘုရင် ကိုယ်တိုင်က ဗုဒ္ဓဘာသာကို အားပေးကူညီခဲ့လို့ သူ့ရှေ့က ဟိန္ဒူဘာသာဟာ တိမ်ကောပျောက်ကွယ် သွားခဲ့ တယ်။ တနည်းအာဖြင့် နဂိုရှိရင်းစွဲ ဟိန္ဒူဘာသာဝင် လူသားများက ဗုဒ္ဓဘာသာ အဖြစ် ဘာသာပြောင်းလဲ သွား ခဲ့တယ်။ ဗုဒ္ဓဘာသာဟာလည်း မြန်မာလူမျိုးများ အတွက် ယဉ်ကျေးမှုကို သွန်သင်ပေးနိုင်ခဲ့တယ်။

မြန်မာအင်ပါယာရဲ့ ပထမဆုံး ပုဂံခေတ်ကတည်းက အစ္စလာမ် ဘာသာဟာ ဗုဒ္ဓဘာသာနဲ့ ခေတ်ပြိုင် မြန်မာပြည် ကို ရောက်လာခဲ့ တယ်။ ဘုရင်ကိုယ်တိုင်က အစ္စလာမ် သာသနာကို အားမပေးခဲ့လို့ အစ္စလာမ် သာသနာဟာ မြန်မာနိုင်ငံမှာ မကျယ်ပြန့်ခဲ့ပေမယ့်။ အစ္စလာမ် သာသနာဝင် မွတ်ဆလင်များဟာ ဘုရင်များနဲ့ လူထု ကိုယ် တိုင်က အားကိုးအားထား ပြုခဲ့ရသူများ ဖြစ်ခဲ့တယ်။ ဥပမာ ရွှေဖျင်းညီနောင်ကို ကြည့်ပါ။ မြန်မာပြည်သူများ ကိုယ်တိုင် ဒီနေ့အထိ အားထားကိုးကွယ်နေရတဲ့ မင်းနှစ်ပါး ဖြစ်နေခဲ့တယ်။

ဒီနောက်ပိုင်း ခေတ်မှာ ဘိုဘိုရှား ဆိုတဲ့ မွတ်ဆလင်ကြီးဟာလည်း မြန်မာလူမျိုးများ ကိုယ်တိုင် အားကိုးအား ထားပြုနေရတဲ့ ဘိုးဘိုးအောင် အဖြစ် အခုခေတ်ထိ မြန်မာတွေရဲ့ နှလုံးသားမှာ စွဲမြဲနေပါတယ်။ တစ်ကယ်လို့ မွတ်ဆလင်တို့သာ မြန်မာလူမျိုးများ အပေါ်မှာ ဗိုလ်ကျစိုးမိုးခဲ့မယ်၊ အတင်းအဓမ္မသာသနာပြုခဲ့မယ်၊ အယုတ် တမာတွေ လုပ်ခဲ့မယ် ဆိုရင် မြန်မာလူမျိုးတွေကိုယ်တိုင်က အဲ့လို ကိုးကွယ်ဆည်းကပ်မယ့် နေရာမှာ ထားပါ့ မလား။

မွတ်ဆလင်တွေဟာ ပုဂံခေတ်က စပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေမှာ ထမ်းဆောင်ခဲ့တယ်။ မင်းမှု ထမ်းတွေ၊ စစ်သားတွေ၊ စစ်သူကြီးတွေ၊ ဗိုလ်မှုးတွေ၊ ဗိုလ်ချုပ်တွေ အဖြစ် ထမ်းဆောင်ခဲ့တယ်။- အမြောက်တပ်၊ စက်သေနတ်တပ်၊ မြင်းတပ်၊ ကြည်းတပ်များကို ဦးစီးရတဲ့ ဗိုလ်ချုပ်ကြီးတွေ ဗိုလ်မှုးကြီးတွေ အဖြစ် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ခဲ့ပေမယ့်- တိုင်းပြည်ကို တော်လှန်ပုန်ကန်ခြင်း၊ အာဏာလုခြင်း၊ ပြည်သူများအပေါ် မတော်မတရား ဗိုလ်ကျခြင်းများ သမိုင်းမှာ ရှိခဲ့ပါသလား။

ကုန်းဘောင်ခတ်မှာ ဘုရင်တွေကိုယ်တိုင်က ချီးမြှောက်အားထား ရာထူးတွေ တစ်သီတစ်တန်းကြီး ပေးထားတယ်၊ မန္တလေး မြို့တော်က စေတီပုတိုး ဘုရားရုပ်ပွားတိုင်း အနီးမှာ မွတ်ဆလင်တွေကို ရပ်ကွက်တည်- ဘုရား စောင့်အဖြစ် ခန့်အပ်ထားခဲ့တယ်။ ထင်ရှားတဲ့ စေတီပုတိုးနဲ့ ဘုရားဆင်းတု အနီးတိုင်းမှာ ဘုရားစောင့် မွတ်ဆ လင်တွေ ဘုရားဝတ်ပြုဘို့ ၀တ်ပြုဆောင် (ဗလီ) များ ဆောက်လုပ်ပေးထားတဲ့- ဒီနေ့ထိ သမိုင်းက ဖျောက်လို့ မပျက်နိုင်သေးဘူး။ မွတ်ဆလင်တွေဟာ သူတစ်ပါး ဘုရားကို မစော်ကား၊ ဌာပနာများကို ဖေါက်ထွင်းခိုးယူခြင်း မရှိ- သစ္စာရှိရှိ စောင့်ရှောက်ပေးခဲ့တယ် ဆိုတဲ့ သမိုင်းကို ရိုးသားတဲ့ သမိုင်း ပညာရှင်တိုင်း သိတယ်။ ရှေ့မှီနောက် မှီ ပညာရှိ သက်ကြီးရွယ်အို ဘုန်းကြီးတိုင်း သိတယ်။-

အင်္ဂလိပ် အုပ်ချုပ်စဉ်မှာလည်း လူမျိုးတစ်ရာ့တစ်ပါး မြန်မာနိုင်ငံထဲကို ၀င်လာခဲ့တယ်။- အဲ့ဒီ အထဲမှာ မွတ် ဆလင်တွေလည်း ပါဝင်ခဲ့တယ်။ မြန်မာပြည်ကို ၀င်လာခဲ့တဲ့ မွတ်ဆလင်တို့ရဲ့ သမိုင်းနောက်ခံကို ရိုးသားစွာ ပြန်ကြည့်ပါ။ မော်လမြိုင်ဈေးကြီး ကို ဆောက်ပေးခဲ့တယ်။ သိမ်ကြီးဈေးကြီးကို ဆောက်ပေးခဲ့တယ်။ မြန်မာနိုင်ငံ ကို ဈေးကွက်စီးပွားထွန်းကားအောင် ဆောင် ရွက်ပေးခဲ့တယ်။ လက်လုပ်လက်စား မွတ်ဆလင်များကလည်း ထီးချုပ်တယ်၊ ကွမ်းယာရောင်းတယ်၊ အထည်ရောင်းတယ်၊ လယ်ယာကိုင်းကျွန်း လုပ်စားတယ်၊ ဒီထက် ပိုပြီး ဆင်းရဲရင် ဖိနပ်ချုပ်တယ်၊ ဆံပင်ညှပ်တယ်၊ နောက်ဆုံး မစင်ကျုံးတဲ့ အလုပ်ကို လုပ်ခဲ့တယ်။- နိမ့်ကျတယ်လို့ ထင်မှတ်ဘွယ် ရှိပေမယ့်- မရှိဆင်းရဲလို့ ရိုး ရိုးသားသား လုပ်စားတာပဲ ရှိတယ်။ မြန်မာလူမျိုးများ စာရိတ္တပျက် စေအောင်- အရက်ဆိုင် ဖွင့်ခဲ့တာ ဘိန်းဆိုင် ဖွင့်ခဲ့တာ မရှိ။ အမျိုးသားကောင်း သမီးပျိုများ တန်ဘိုးမဲ့သွား အောင် အပျော်ရုံ ထောင်ခဲ့တာမရှိ။ မြန်မာလူမျိုးများဆီက ခေါင်းပုံဖြတ်စားဘို့ အပေါင်ဆိုင်ဖွင့်ခဲ့တာ မရှိ။-

မွတ်ဆလင်တွေဟာ သမိုင်းနဲ့ ချီပြီး မြန်မာပြည်အပေါ် သစ္စာရှိခဲ့တယ်။ မြန်မာလူမျိုးအပေါ် ကောင်းကျိုးပြုခဲ့တာ ပဲ ရှိတယ်။ ယိုးဒယား သွားတိုက်တော့လည်း မြန်မာမွတ်ဆလပ် စစ်သည်တွေက အယုဒ္ဓမြို့ရိုးကို အသေခံကျော် ဖြတ် မိုးထဲလေထဲ၊ ရွံထဲ ဗွက်ထဲမှာ နိုင်အောင်တိုက် ယိုးဒယားစစ်တပ်ကို ယိုးဒယား ဘုရင်ဆီက ဆင်ဖြူကို သိမ်း မိမိရဲ့ သခင် မြန်မာဘုရင်ကို ဆင်ဖြူရှင် အဖြစ် အသက်နဲ့လဲပြီး သိဒ္ဓိတင်ပေးခဲ့တယ်။

အင်္ဂလိပ်က မြန်မာကို နောက်ဆုံး သိမ်းတော့- မြန်မာအမတ်ကြီး ကင်းဝန်မင်းက အင်္ဂလိပ်ပေးတဲ့ ရာထူးကို လက်ခံယူပြီး မိမိ အတွက် ရာထူးကို မက်ခဲ့ပေမယ့်-၊ မြန်မာမွတ်ဆလင် စစ်ဗိုလ်ချုပ်ကြီး ၀လီခန်ကတော့ “ငါ့ သခင် (သီပေါမင်း) ကျွေးတဲ့ ထမင်း၊ ငါ့လည်ပင်းကို မကျော်သေးဘူး၊- ငါ့မှာ သခင်ဆိုတာ တစ်ပါးပဲ ရှိစေရမယ်၊ မင်းတို့ပေးတဲ့ ရာထူး (စစ်ဗိုလ်ချုပ်ကြီး အဖြစ် ပြန်လည် ခန့်အပ်ခြင်း) ကို ငါမမက်ဘူး၊” ဆိုပြီး- တိုင်းပြည်နဲ့ လူမျိုး အပေါ် ထားတဲ့ သစ္စာနဲ့ အင်္ဂလိပ်ပေးတဲ့ ရာထူးကို ဗြောင် ပါယ်ချခဲ့တယ် ဆိုတာလည်း သမိုင်းမှာ ငြင်းမရ နိုင်ဘူး။

သမိုင်း အဆက်ဆက် မွတ်ဆလင်တွေဟာ တိုင်းပြည် အပေါ်သစ္စာ ရှိခဲ့တယ်။ ခွဲထွက်ဘို့ အာဏာလုဘို့ သောင်းကျန်းခဲ့တာ မရှိဘူး၊ ဘယ်ဘာသာကိုမှလည်း မစော်ကားခဲ့ဘူး၊ ဘယ်ဘုန်းကြီးကျောင်းကိုမှလည်း မဖျက်ဆီးခဲ့ဘူး၊ ဘုရားဆင်းတုတွေကိုလည်း သစ္စာ ရှိရှို စောင့်ပေးခဲ့တယ်။

အခုခေတ်မှာလည်း ခွဲထွက်ရေးကို မတောင်းဆိုဘူး၊ ပါလီမန်မှာ လွှတ်တော်မှာလည်း သူများထက် ထူးပြီး ဘာညာ မတောင်းဆို ဘူး၊ ပြည်ထောင်စု ခိုင်မာစေဘို့၊ လွတ်လပ်သန့်ရှင်းတဲ့ ပြည်ထောင်စုကြီးပေါ်လာစေဘို့ပဲ ဦးတည်ခဲ့တယ်။--

မြန်မာမွတ်ဆလင်ဟာ မြန်မာပြည်ထဲမှာ ပြည်နယ်တိုင်းမှာ ရှိတယ်။ ပြည်နယ်တိုင်းမှာ ဒုတိယ လူဦးရေ အများ ဆုံး၊ တတိယ လူဦးရေ အများဆုံး အဖြစ် တည်ရှိနေတယ်။ သန်းခေါင်စာရင်းကို မလိမ်ကြစတမ်း ဆိုရင် မြန်မာ နိုင်ငံရဲ့ ဒုတိယ လူဦးရေ အများစု အသိုက်အမြုံ ဖြစ်တယ်။ ဒီ အင်အားစုကြီးက တိုင်းပြည်အပေါ် သစ္စာရှိနေတာ အပြစ်တစ်ခု ဖြစ်နေရောလား။

ဒါမှ မဟုတ် မြန်မွတ်ဆလင်တွေက သူများထက် ထူးပြီး ဘာတွေများ ဖေါက်ပြန်နေလို့- မွတ်ဆလင်တွေကို ပစ်မှတ်ထား မုန်းတီးနေရသလဲ။

လုံးဝသက်သက် မနာလိုစိတ်နဲ့ မုန်းတီးနေခြင်း သက်သက် ဖြစ်နေသလား--၊ ဆိုတာ-

မွတ်ဆလင်ကို မုန်းတီးသူတိုင်း မိမိကိုယ်မိမိ ပြန်ဆင်ခြင်ကြည့်ပါ။ မွတ်ဆလင်ကို မုန်းတီးသူတိုင်း “ငါ့ကို မွတ်ဆ လင် တွေက ဘာတွေ လုပ်ခဲ့သလဲ၊”လို့ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါ။ နို့မဟုတ်ရင် ဘုမသိ ဘမသိ မုန်းမိနေပြီး အလိုလိုနေရင်း- အကုသိုလ် သင့်နေပါဦးမယ်။

ဌေးလွင်ဦး
MMCRM

14 comments:

  1. မြန်မာကိုတော့ ဂျီဟတ်လုပ်လို့ မရတော့တာ ကတော့ စစ်သည်တွေဟာငါတို့ နဲ့ ချနေလို့ တောင်ကုန်းတောင်တန်းပေါများတဲ့ရခိုင်ပြည်ထက် စီးပွားရေး ယဉ်ကျေးမှုမြင့်တဲ့ ဥရောပကို မူဆလင်ဘုရင်တွေမျက်စိကနေလို့ အိသရေလလူမျိုးတွေက မုဟာမဒ် ကိုဖိနှိပ်ခဲ့လို့ သူတို့ကိုအရင်ရှင်းနေတာပေါ့ ဒါပေမဲ့ စည်းကမ်းမဲ့ တိုက်ခိုက်မှုကြောင့် ဥရောပနိုင်ငံတွေစုပေါင်းပြီး holly war ခရူးဆိတ်နဲ့ တားလိုက်တယ် ဒါပေမဲ့ ဗုဒ်ဓကိုကိုးကွယ်တဲ့ အင်ဒိုနီးရှား။မလေးရှားတို့ သမိုင်းကိုပြန်ကြည့်ပါ။ ယိုးဒယားတောင်ပိုင်းမှာအစွန်းရောက်တွေကို ကြည့်ပါ၊ အထင်ရှားဆုံးက မူဆလင်တွေအင်အားတောင့်လာရင် ဘာာဖြစ် တတ်လဲဆိုတာ အိန်ဒိယကနေ အာဖဂန်နဲ့ ပါကင်စတန် ကွဲသွားတာကိုကြည့်ပါ၊ အားမရှိသေးရင်တော့ဘာမှလုပ်ဦးမှာမဟုတ်ဘူးလေ နေသေးသပချုံထဲ ကပေါ့

    ReplyDelete
  2. ခိခိခိ - လိုရာဆွဲစကားတွေသိပ်ပြောတာပဲ
    အဓိက မွတ်စလင်အင်အားစု က အင်္ဂလိပ်ဝင်လာတာမှာပေါ်လာတယ်ဆိုတာကို မပြောဘူး ။
    ရှေးက ချစ်တီးတွေ ပဲ မွတ်စလင် တွေများတာ အရင်က ခေါ်လာတယ်ဆိုတာ ဂေါ်ရခါး တွေ ဆစ် ဘာသာဝင်တွေ ဟိနူ တွေ အများစု အင်္ဂလိပ်ဝင်လာတာမှာ မွတ်စလင် တစ်သိန်းလောက် လယ်ကုလား အနေနဲ့ သို့မဟုတ် အခြားနဲ့ရောက်လာတယ် နောင် India လွတ်လပ်ရေးရတော့ အနည်းငယ်ထွက်သွားတယ် အများစုကျန်ခဲ့တယ် paskistan ကွဲတော့ တသုတ်ကြီးထပ်ရောက်လာတယ် ဘင်္ဂလားမှာ အဆင်မပြေ ငတ်တော့ ရခိုင်ဘက်ကနေထပ်ဝင်လာတယ် ရှိနေတဲ့ လူမျိုးဘာသာတွေကို မလေးစား ဘူး ဘာလုပ်တယ်ညာလုပ်တယ် မပြောလိုဘူး သို့ပေတည့် သမိုင်းကို လိမ်လို့မရဘူး ။ စစ်အစိုးရလက်အောက်သမိုင်းဖျောက်ခံရတာကို အခွင့်ကောင်းယူနေတယ် ။ ရွှေဖျင်းညီနောင်ဆိုတာ ဗျတ်ဝိဗျတ်တ နှစ်ကောင် ရေမြောလာတာကို ဘုန်းကြီးက ကယ်ထားတာ က မယ်အိုဇာနဲ့ မွေးတဲ့ နှစ်ယောက် ဘုရင်က သနားလို့ မွေးစားတယ် ။ ကာပြန်ပြီး ဘုရားတည်တာကို ဂရုမစိုက် ပစ်ခါခါ လုပ်လို့ အမျက်ရပြီး ကွပ်မျက်ခံရတာ ။ ပါးစပ်ပုံပြင်နဲ့ သမိုင်းနဲ့ မရောနဲ့ ။ အာဖဂန်မှာ ဘာတွေဖြစ်ပြီး ဘာတွေလုပ်လိုက်တယ် ။ ဖိလစ်ပိုင်မှာ ခရစ်ယာန်တွေကို ချောင်းချောင်းသတ်နေတာ လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်လောက် ထဲက
    ထိုင်းမှာ ဘယ်လို အင်ဒို က လူသတ်ပွဲ .... အို စုံလို့ ။ မြန်မာတွေက သင်ကောင်းရင် ကျွန်တော် ကောင်းမည် သင်ဆိုးလျှင် သောက်ဂရုမစိုက်ဖူးဆိုတဲ့ အမျိုး ။

    ReplyDelete
  3. စာဖတ်သူ၏သဘောထားရေးရန် ( ကွန်မင့်ကွက် ပါလို့ရေးလိုက်မည်)
    သနားစရာအနေနှင့် ကိုယ်ချင်းစာပါတယ် ဋ္ဌေးလွင်ဦး ရေ
    ပုဂံခေတ်ကတည်းက မွတ်ဆလင်တွေ ရောလာခဲ့တယ် ဘုရင်က အားမပေးလို့သမိုင်းမှာ မကျယ်ပြန့်ခဲ့ရတာ လို့ရေးထားတယ်နော် ( ဋ္ဌေးလွင်ဦး ..ဘုရင်တွေက ငပေါတွေမှ မဟုတ်ထာပဲလေ ) ကောင်းမကောင်းသိလို့ အားမပေးခဲ့တာလေ ။ ဋ္ဌေးလွင်ဦးပြောတဲ့ဘုရင်တွေ အဆက်ဆက်မှာ ကုလားစစ်သားတွေ ရှိခဲ့တာကို မေး လိုက်ပါ့မယ် ဗမာ့အမျိုးသားအရေးအတွက် လုပ်ခဲ့တဲ့စစ်သားတွေလား ကြေးစားတွေလား အဲဒါကို ခွဲပြီး ပြောပါ ၊ ကြေးစားတွေပါလို့ပြောလျှင် ငြင်းနိုင်မလား ။ ( တယေက်နှစ်ယောက်စသဖြင့် လက်ချိုးရေလို့ ရ နိုင်တဲ့ ကုလားတော့ ရှိကောင်းရှိနိုင်ပါ တယ် ၊ အဲဒီသူတွေအတွက် ခံစားခွင့်တောင်းလျှင်တော့ တောင်း ပေးပေါ့ ။
    မော်လမြိုင်ဈေးနှင့်သိမ်းကြီးဈေး ကို ဆောက် ပေးခဲ့တာတွေက မေတ္တာထားပြီး ကုလားတွေက အိပ်စိုက်ပြီး ဆောက်ပေးခဲ့တာလား ။ ဗမာတွေလည်ပင်းကို အင်္ဂလိပ်က တက်နင်းထားတဲ့ အချိန်ကို အခွင်းကောင်းယူပြီး ဆောက်ခဲ့တဲ့ဈေးတွေပါ ။ အဲဒီသိမ်ကြီးဈေးရဲ့အောက်ကိုရောက်သွားခဲ့ရတဲ့၊ဘယ်တော့ပြန်ပြီးပေါ်မ လာ နိုင်တဲ့ယခုမြင်နေရတဲ့ ဆူးလေ စေတီတော်လောက်ရှိတဲ့ ( ကျိုက်မြတ်သံချို ) စေတီတော်ကို ဖျက်ဆီးခဲ့တာ မင်းတို့ မွတ်ဆလင် ပိုင် ( စူလတန် ကုမ္ပဏီ )မဟုတ်ဘူးလား ။ ဆူးလေတောင်မှ လက်ကတယားယား ဖြစ်နေခဲ့တယ် မဟုတ်လား ၊အင်္ဂလန်က ဒါတော့ထားလိုက်လို့ အမိန့်ပေးလို့ ကျန်ခဲ့ရဒါ မဟုတ်ဘူးလား ။
    ကျိုက်မြတ်သံချို စေတီကို ဖျက်ပြီး ၊ ဆူးလေစေတီတော်ပိုင် မြေထဲမှ ယခု ဆူးလေအနီးက ဗလီကိုဆောက်ခဲ့တာ မဟုတ်ဘူးလား ။ ထားပါတော့ ပြောစရာတွေ များမှများစွာရှိထားပါတယ် ဒါပေမဲ့ စာရှည်မှာစိုးလို့ တခုပဲမေးလိုက်တော့မည် ( ၁၉၄၂ -ခုနှစ် ) မှာ ဗမာတိုင်းရင်းသား ရခိုင်တွေကို မင်းတို့ မွတ်ဆလာမ်တွေ ဘာလုပ်ခဲ့လဲ ( ခင်ဗျားတို့ ရခိုင်တွေကို ကျွန်တော်တို့ မွတ်ဆလာမ်တွေက ဆလာမ် ပေးပါတယ်လို့ ပြောခဲ လုပ်ခဲ့လား ။ ဋ္ဌေးလွင်ဦးကို အကြံပြုချင်တာက စာများများဖတ်ပါ ဖတ်ပြီးလျှင်လည်း ကျန်းမာရေးကောင်းတဲ့ ဦးနှောက်နှင့် စဉ်းစားပါလို့ပြောလိုက်ပါရစေ ။

    သံတူ ( ငယ်မည် )

    ReplyDelete
  4. မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖေါ်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်...
    ( အဆင့်အတန်းမရှိသည့်ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည်မဟုတ် ပါ ) လို့ရေးထားချက်က မှန်ကန်ပါသလား ။ ကိုယ်ရေးချင်သလိုရေးမယ် သူများရေးမှာကိုတော့ကြောင်နေသလား ကြောက်နေသလား ၊သတ``တိ မရှိရင် ဒီအလုပ်မလုပ်နဲ့ ။

    သံတူ (ငယ်မည် )

    ReplyDelete
  5. ((((( မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။))))))

    ဗုဒ္ဓဘာသာသည်...နီပေါ..အိန္ဒယဇာတိခရစ်ယန်ဘာသာသည်... ဂျေရုဆလင်ဇာတိ...မွတ်ဘာသာသည်..ဆော်ဒီ ဇာတိ... အဲ့တာဘာဖြစ်လို့လဲရှင်.... ကျန်တဲ့ဘာသာတော့ စိတ်မ၀င်စားလို့ မသိဖူးရှင်... မြန်မာဗုဒ္ဓဘာသာ ကတော့...မြတ်ဗုဒ္ဓကို...အရင်ဆုံးဖူးခွင့်ရသူ...တဖုဿ နဲ့ပလ္လကာ ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင်က ....မြတ်ဘုရား ဆံတော်တွေကို ပင့်ခဲ့ပြီးး... ဥက္ကလာပမင်းကြီးဆီ ဆက်သခဲ့ ရာက ...ယ္ခုလက်ရှိ အားလုံးဖူးမြော်ရပါသော.. .နှစ်ပေါင်းး ၂၅၀၀ကျော်သက် တမ်းရှိ ရွှေတိဂုံစေ တီတော်မြတ်ကြီးကို.... အားလုံးဖူးမြင်နေရတာ သက်သေပါ... ဒီအချိန်တွေက မွတ်မပြောနဲ့.. ခရစ်ယန်ဘာသာတောင်... မမွေးသေးပါ။

    ((((ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့တယ်။ ဟိန္ဒူဘာသာ ဟာ မြန်မာလူမျိုးတွေကို စာပေအမွေပေးခဲ့တယ်။ (မြန်မာစာပေဟာ တရုတ်စာပေက ဆင့် ပွား ဖြစ်တည်လာခဲ့တာ မဟုတ်ပါ။- ဟိန္ဒူ ဗြဟ္မီစာပေက ဆင့်ပွား ဖြစ်တည်လာခဲ့ခြင်း ဖြစ်တယ်။) ချက်ပြုတ်စား သောက်ခြင်းဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ ယဉ်ကျေးမှု ဆိုင်ရာ အမွေများကို ပေးခဲ့တယ်။ တိုင်းပြည်တစ်ခု အဖြစ် ထူထောင်အုပ်ချုပ်နည်းပညာရပ်များကို ပေးခဲ့တယ်။)))))))

    ဟုတ်ကဲ့ရှင် ^^^^^ဆိုတဲ့
    ကိုရ်အန်ကလွဲလို့ ဘာမှမသင်ဖူး.. မလေ့လာဖူး... ဘာလောကဓါတ်... သိပ္ပံမှမသင်ဖူးရှာတဲ့ ...အသိ ပညာနုံချာလှတဲ့... မွတ်တွေကို ပြောသလိုတော့... အရူးချီးပန်းရှောက်မပြောသင့်ပါရှင်... ရှင်ရေးတဲ့အဲ့ဒီ၂ပိုဒ် အတွက်... အကိုးအကား သမိုင်းအထောက်အထားတော့ပြမှပေါ့... မိုဟာမက်ခေတ် မဟုတ်တော့ဖူးရှင်... ကမ္ဘာကြီးမပြားတော့ပါဘူး.... ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေက မြန်မာ နိုင်ငံကို...အိန္ဒိယဘုရင်ခံ လက်အောက်ကနေ အုတ်ချုပ်စေတဲ့အတွက်... ဟန္ဒူတွေအလုံးအရင်းး ရောက်လာတာ.. သမိုင်းအထောက် အထားအပြည့်အစုံ ရှိနေပါတယ်... အဲ့သည်တော့ မြန်မာစာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှု ဘယ် ကစလာလဲဆိုရင်.... ကျမ်းကိုး (၂၀)နဲ့ခိုင်ခိုင်မာမာရှင်းပြထားတဲ့... ဒီလင့် မှာသွားကြည့်ရှင်။
    http://moenatvilla.blogspot.com/2013/08/blog-post_16.html


    ReplyDelete
  6. ((((( အစ္စလာမ် သာသနာဝင် မွတ်ဆလင်များဟာ ဘုရင်များနဲ့ လူထု ကိုယ်တိုင်ကအားကိုးအားထား ပြုခဲ့ရသူများ ဖြစ်ခဲ့တယ်။ဥပမာ ရွှေဖျင်းညီနောင်ကို ကြည့်ပါ။ မြန်မာပြည်သူများ ကိုယ်တိုင် ဒီနေ့အထိအားထားကိုးကွယ်နေရတဲ့ မင်းနှစ်ပါး ဖြစ်နေခဲ့တယ်။ )))))

    KoeKoe ရဲ့ကွန်မန့်ကိုပဲ နဲနဲပြန်ပြင်ပေးလိုက်ပါ့မယ်.... ဗျတ်ဝိဗျတ်တ နှစ်ကောင် ရေမြောလာတာကို ဘုန်းကြီးက ကယ်ထားတယ်.....သူတို့နှစ်ယောက်ဟာဘုန်းကြီးကျောင်း...ဝေယျာဝစ္စလုပ်တယ်.... ဘုရားဝေယျာဝစ္စတွေလုပ်တယ်... သာသနာတော်ပြန့်ပွားရေးအတွက် ပိဋကတ် ( ၃ ) ပုံပင့်တဲ့ထဲမှာကူညီခဲ့တယ်... ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြတယ်... ဗုဒ္ဒဘာသာကိုသက်ဝင်ယုံကြည်တဲ့ အာဖဂန်ကုလားမျိုးတွေဖြစ်ကြတယ်... ကဲပြော...ဘယ်မှာလဲမွတ်စလင်... ဘယ်ကျမ်းကိုးနဲးများစွပ်စွဲလိုက်တာတုန်း....အသားမစားပဲ...အသီးအ
    ရွက်ပဲစားတဲ့မွတ်စလင်... အများကြီးရှိသလို...၀က်သားစားတဲ့မွတ်စလင်လဲအများကြီးပါ.... ၀က်သားမစားတဲ့ ဗုဒ္ဓဘာသာဝင်တွေလဲအများကြီးပါ... ၀က်သားမစားတိုင်းမွတ်ဇတ်သွင်းတာလွန်တာပေါ့... ဂျူးတွေလဲဝက်သားမစားပေါင်....။ အဲ့ဒီဗုဒ္ဓဘာသာဝင် ကုလား နှစ်ယောက်ထဲက...ညီတော်ဗျတ္တ ကမယ်ဝဏ္ဍ(မယ်အိုဇာ)အကြောင်းပါပြီး မွေးလာတဲ့ သားနှစ်ယောက် ဖြစ်တဲ့ ရွှေဖျင်းညီနောင်... သူတို့ကို.... ဘုရင်ကချစ်လို့သနားလို့ မွေးစားတယ်။ ဘုရားတည်ခိုင်းတယ်....ခလေးတွေပီပီ... လောင်းကစားအပျော်အပါးမက်တော့ဘုရားတည်တာမှာ ဂရုမစိုက်ပဲ ပစ်ခါခါ လုပ်လို့အမျက်ရပြီး ကွပ်မျက်ခံရတာ ။ ပါးစပ်ပုံပြင်နဲ့ သမိုင်းနဲ့ မဆိုင်ပါရှင်။

    ReplyDelete

  7. (((( ဒီနောက်ပိုင်း ခေတ်မှာ ဘိုဘိုရှား ဆိုတဲ့ မွတ်ဆလင်ကြီးဟာလည်း မြန်မာလူမျိုးများ ကိုယ်တိုင် အားကိုးအား ထားပြုနေရတဲ့ ဘိုးဘိုးအောင် အဖြစ် အခုခေတ်ထိ မြန်မာတွေရဲ့ နှလုံးသားမှာ စွဲမြဲနေပါတယ်။ တစ်ကယ်လို့ မွတ်ဆလင်တို့သာ မြန်မာလူမျိုးများ အပေါ်မှာ ဗိုလ်ကျစိုးမိုးခဲ့မယ်၊ အတင်းအဓမ္မသာသနာပြုခဲ့မယ်၊ အယုတ် တမာတွေ လုပ်ခဲ့မယ် ဆိုရင် မြန်မာလူမျိုးတွေကိုယ်တိုင်က အဲ့လို ကိုးကွယ်ဆည်းကပ်မယ့် နေရာမှာ ထားပါ့ မလား။ ))))))

    ဘိုးဘိုးအောင်မှာ....မြန်မာသက္ကရာဇ် (၁၁၀၀) က တောင်တွင်းကြီးမြို့အနောက်ဖက်...ခရီး(၅)တိုင်အကွာ လက်ပံရှည်ရွာ သူကြီးး ဦးဘိုးနှောင်း-မယ်အိမ်ဖြူ နှင့် ဦးဘိုးပြည့်-မယ်အိမ်... တို.ရဲ့မြေး ဖြစ်ပြီး... ဘိုးမြတ်ညိုစံ-မယ်ငြိမ်းရာ တို့၏ ..သား ( ၃ ) ယောက်ဖြစ်သော....ဘိုးဒင်...ဘိုးအောင်.... မင်းရာင်ဟူသော...သား(၃)ယောက်အနက်မှ...ဘိုးအောင်မှာ... နောင်ဘိုးဘိုးအောင်ဖြစ်လာမည့် ပုဂ္ဂိုလ်ဖြစ်ပါသည်...။ ဘိုးဘိုးအောင်သည် အိမ်ထောင်မပြုသည့်အတွက်... သူ၏သားချင်းများမှမွေးသော... တူ ( ၅ ) ယောက်၊ တူမ ( ၄ ) ယောက်... တူ တူမ ပေါင်း ( ၉ ) ယောက် ရှိနေခဲ့ပါသည်။ထို့ကြောင့် တူ တူမ များမှ ဆက်လက်ပေါက်ဖွားလာသူများမှာ...ယ္ခုလောလောဆယ်ပင်လျှင်..ပြည်မြို့နှင့် တောင်တွင်းကြီးမြို့နယ်တို့တွင်...ရှိနေကြပြီး...သူတို့မှလည်းသူတို့၏ဘိုးဘေး...တော်စပ်သူ ဘိုးဘိုးအောင်အကြောင်းကို ယ္ခုထက်တိုင်အပ်ကျ..မှတ်ကျ ပြောနေနိုင်ကြတုန်းဖြစ်သည်။
    အောက်လင့်မှာတော့..သုတေသီ ဆရာဇော်ရဲ့ ဘိုးဘိုးအောင်၏အတ္ထုပတ္ထိစာအုပ်ပါ.... ကိုယ်တိုင်လေ့လာပြီးး...မြန်မာပြည်မှာလဲကိုယ်တိုင်လိုက်မေးလို့ရနေပါသေးတယ်... သာသနာပြု ပု၈္ဂိုလ်တစ်ယောက်ပါ...။
    http://www.myanmarebooks.net/archives/7288

    သမိုင်းကို... ကိုယ်တိုင်လဲ... လိမ်ချင်တိုင်းလိမ်ပြီး... လိမ်တာကိုဇွတ်မှိတ်ယုံတတ်တာ... .မြတ်ဗုဒ္ဓရဲ့သာသနာတော်ဝင်တွေ... မဟုတ်ပါရှင်....။
    ကာလာမသုတ္တံကို... လက်ကိုင်ထားတဲ့မြန်မာမှာ ဘယ်သမိုင်းမှလိမ်လို့မရဖူးရှင်...နော်။

    နောက်ပိုင်းလက်ကျန်စာတွေအတွက်တော့...သံတူရဲ့ ကွန်မန့်နဲ့တင်ပြည့်စုံပါတယ်....ကျမရှင်းပြဖို.မလိုတော့ပါဖူး......
    အော်.....နောက်တခု...ဘိုင်ဆတ်က ဘုရင်ကိုအယုံသွင်းပြီး.....ဘုရင့်အမိန့်နဲ့ဦးဘိန် ကို တံတားဆောက်ခိုင်းတာ...မွတ်စလင်တွေကိုခိုးသွင်းဖို.နော်စစ်ရေးအတွက် ... သမိုင်းထပ်လိမ်မယ့်အစီအစဉ် များရှိနေရင်.... ဒီမယ်အထောက်အထားရှိတယ်ဆိုတာပြောပြတာပါ...။

    ReplyDelete
  8. (((((မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)))))
    ကိုယ်နဲ့မဆိုင်တဲ့...ကိုယ့်ဘာသာမဟုတ်ပါပဲ..သူများသမိုင်း..သူများသာသနာတော်တွေကို...လိုက်ပြီးပုတ်ခတ်...လိမ်လည်နေခြင်းကသာ...ယုတ်ညံ့ခြင်းလို့မြင်မိပါတယ်ရှင်...ကျမတို့ကတော့...သူများဘာသာအကြောင်းသိလဲမသိသလိုစိတ်လဲမ၀င်စားပါဖူး.... ချမ်းမြေ့ပါစေ။

    ReplyDelete
  9. http://moenatvilla.blogspot.com/2013/08/blog-post_9585.html

    ˜º̶̶Ʒမိုးနတ်ဂေဟာƸ̶º˜˜ : မွတ်ဆလင်တွေက ဘာလုပ်နေလို့လဲ?

    ReplyDelete
  10. အဆင့်အတန်းမရှိတဲ့ ရေးသားချက်ပါ
    သမိုင်းအထောက်အထားမရှိဘဲ
    ကျမ်းဂန်အထောက်အထားမရှိဘဲပြောဆိုခြင်းဟာ
    လူ့အဆင့်အတန်းပြည့်မှီသောလူများ၏နှုတ်မှမထွက်

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)