Thursday, December 27, 2018

တာမွေကဘရ်စတန် (သင်္ချိင်း) ၏ယနေ့ထိပိုင်ဆိုင်နေသော မြန်မာနိုင်ငံသား သူဌေးကြီး ME Mullah အကြောင်း တစ်စိတ်တပိုင်း

စူရတီပလီ့ဒကာ မူလ္လာအစ္စမန်အင် '

အမရပူရနေပြည်တော်တွင် သာယာဝတီထီးနန်းစိုးစံနေစဉ် အိန္ဒိယနိုင်ငံစူရတ်မြို့မှ အမရပူရမြို့သို့ကူးသန်းရောင်းဝယ်ရန်အတွက် ညီနောင် ၄ ဦးရောက်ရှိလာကြရာ
၎င်း ညီနောင် ၄ ဦး မှာ
မူလ္လာ ဟာရှင်
မူလ္လာ ကာစင်
မူလ္လာ အီဘရာဟင်
မူလ္လာ မာမက်တို့ဖြစ်ကြတယ်

၎င်း ညီနောင်၎ ဦးက သာယာဝတီမင်းထံသို့ ပိုးဖဲကတ္တီပါ နှင့် နန်းသုံးပစ္စည်းတွေဆက်သွင်းရတဲ့အသုံးတော်ခံတွေဖြစ်ကြတယ်
ညီနောင် ၄ ဦးအနက် မူလ္လာအီဘရာဟင်က ပိုမိုတတ်ကျွမ်းနားလည်တဲ့အတွက် သာယာဝတီမင်းက အကောက်ဝန် အခွန်ဝန် ရာထူးများကိုချီးမြှင့်မြှောက်စားခဲ့ပါတယ်

အကောက်ဝန်ရာထူးများချီးမြှင့်မြှောက်စားခဲ့ပြီးနောက်မူလ္လာအီဘရာဟင်ကို နန်းတွင်းအပျိုတော် ခင်စံပယ်နဲ့ထိမ်းမြားပေးခဲ့ပြီးနောက် သား ၄ ဦးဖွားမြင်ခဲ့ပါတယ်

မူလ္လာအစ္စမန်အင်
မူလ္လာဟူစိန်
မူလ္လာ မာမွတ်
မူလ္လာ အာရစ် တို့ဖြစ်ကြတယ်

သားအကြီးဆုံးဖြစ်တဲ့ မူလ္လာအစ္စမန်အင်ကို သာယာဝတီမင်းလက်ထက် ၁၈၃၉ ဂျူ  လိုင် ၂၁ ရက်နေ့မှာ အမရပူရမြို့ မန်ကျည်းပင်ဈေးရပ်မှာမွေးဖွားခဲ့ပါတယ်

သာယာဝတီမင်းနတ်ရွာစံပြီးနောက် သားတော်တွေဖြစ်တဲ့ပုဂံမင်းနဲ့မင်းတုန်းမင်းတို့လက်ထက်တွေမှာလဲ မူလ္လာအီဘရာဟင် ကဆက်လက်အမှုထမ်းခဲ့ပါတယ်

မင်းတုန်းမင်းလက်ထက်မန္တလေးမြို့သစ်နန်းသစ်တည်ပြီးနောက် မူလ္လာအီဘရာဟင်အား ယခု ၈၃ လမ်းကူးသန်းရောင်းဝယ်ရေးကျောင်းနေရာ ယခင် မူလ္လာဝန်မင်းကြီးဝင်းအား နေထိုင်ရန် ချီးမြှင့်ခဲ့ပါတယ်

မူလ္လာအီဘရာဟင်က မင်းတုန်းမင်း လက်ထက် အသက် ၆၄ နှစ်အရွယ်မှာကွယ်လွန်ခဲ့ရာ သူ့ရဲ့နေရာတွင် သားကြီးဖြစ်သူ မူလ္လာအစ္စမန်အင်အား ဆက်လက်အမှုတော်ထမ်းရွက်စေခဲ့ရာ တာဝန်ကျေပြွန်စွာ တတ်သိနားလည်ကျွမ်းကျင်လိမ္မာသည့်အတွက် ကုလားဝန်မင်းခန့်အပ်ပြီး သူဌေးတို့၏ အစီးအနင်းအဆောင်အယောင် နှင့်တကွ မဟာဘောဂဓနရာဇာဘွဲ့နှင့် သူကောင်းပြုခြင်းခံခဲ့ရပါတယ်

မူလ္လာအစ္စမန်အင် တွင် ဒေါ်လှမင်း နှင့် ဒေါ်ဒေါ်သိုက် ဇနီးနှစ်ယောက်ရှိခဲ့ပြီး မွေးဖွားခဲ့သောသားသမီးများမှာ
ဘိလပ်မောင်မောင်
ခင်လေးကြီး
မောင်မောင်ဘ
ရေနံချောင်းခင်လေးငယ်
မောင်မောင်လတ်
မူလ္လာမောင်မောင် တို့ကိုဖြစ်ကြတယ်

မင်းတုန်းမင်းက မန္တလေးဈေးချိုသစ်ကြီးဆောက်လုပ်ပြီးစီးသောအခါ မူလ္လာအစ္စမန်အင်အား အကောက်စားစေခဲ့သောကြောင့် အရင်တုန်းက မန္တလေးဈေးချိုအား ကုလားဝန်မင်းဈေး မူလ္လာအစ္စမန်အင်ဈေးလို့လဲခေါ်ခဲ့ကြပါတယ်

ဈေးချိုနားမှာပဲမူလ္လာအစ္စမန်အင်က သူရဲ့ကုသိုလ်ကောင်းမှု စူရတီပလီကြီးကို မန္တလေးမြို့တည်တဲ့နှစ် ၁၈၅၉ မှာ မြန်မာမှုလက်ရာ ကျွန်းသားပလီကြီးအဖြစ်ဆောက်လုပ်လှူ  ဒါန်းခဲ့ပါတယ်

မင်းတုန်းမင်းနတ်ရွာစံပြီးသားတော်သီပေါမင်းလက်ထက်မှာလဲ မူလ္လာအစ္စမန်အင်အား ဆက်လက်ချီးမြှင့်မြှောက်စားခဲ့ရာ မြန်မာသက္ကရာဇ် ၁၂၄၄ သီတင်းကျွတ်လဆန်း ၁၄ ရက်တွင်ပြန်တမ်းထုတိပြန်ခဲ့ပါတယ်

၎င်းပြန်တမ်းအရ မူလ္လာအစ္စမန်အား အကောက်ဝန် အခွန်ဝန် ကျောက်ရဲမြို့စား လောကဗိမာန်လှေတော်အုပ်  မဟာဘောဂဓနရာဇာဘွဲ့ မင်းလှစည်သူဘွဲ့များကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်

ကျောက်ရဲမြို့မှာ ရေနံချောင်းမြို့အထက် ၇ မိုင်တွင်ရှိ၍ ရေနံထွက်ရှိပြီး သဘောင်္ဆိပ်မြို့လဲဖြစ်ခဲ့ပါတယ် မူလ္လာအစ္စမန်အင်မှာ ရေနံချောင်းမြို့တွင် ရေနံတွင်း ၁၀၀ ခန့်နှင့် ကျောက်ဆည်ခရိုင်အတွင်း လယ်ဧက ၅၀၀ ကျော်ခန့်ပိုင်ဆိုင်သူဖြစ်ပါတယ်

ယခု ဧရာဝတီရုံးနေရာ ၈၃ လမ်း ကူးသန်းရောင်းဝယ်ရေးကျောင်းနေရာနှင့် ဈေးချိုမြောက်ဘက်တိုက်တန်းကြီးမြေနေရာများမှာလည်း မူလ္လာအစ္စမန်အင်ပိုင်ဆိုင်ခဲ့သောနေရာများဖြစ်တယ်

သီပေါမင်းက မူလ္လာအစ္စမန်အင်အား ရာထူးများတိုးမြှင့်မြှောက်စားခဲ့ရာ ဈေးချိုခွန် ရေနံခွန် အောက်စုန်ခွန် ရတနာပုံအကောက်ခွန် ငပိရိုင်းခွန်များကို အကောက်စားစေပြီး ဘုရင့်ထံ အခွန်သေဆက်သွင်းခဲ့ရပါတယ်

သီပေါမင်းရဲ့မိဖုရားခေါင်ကြီးမြတောင်စုဖုရားလတ်က မြတောင်ကျောင်းတိုက်ကြီးဆောက်လုပ်နေတဲ့တစ်ချိန်ထဲမှာပဲ မူလ္လာအစ္စမန်အင်က ဒေးဝန်းအရပ် ကိုးလုံးတကာရဲ့တောင်ဘက်မှာလည်း ထင်ရှားကျော်ကြားလှတဲ့ အကောက်ဝန်မင်းကျောင်းတိုက်ကြီးကို ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးများအတွက် တစ်ဦးတည်းဆောက်လုပ်လှူ  ဒါန်း ခဲ့ပါတယ်

ဒါ့အပြင် မော်လမြိုင်မြို့မှာလဲ စူရတီပလီနှင့် သချို  င်္င်းမြေနေရာ ကိုလည်းလှူ ဒါန်းခဲ့ပါတယ် သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရ လက်ထက်မှာလည်း ခနှ်ဟာဒူး ဘွဲ့ကို ချီးမြှင့်ခံခဲ့ရပါတယ်

ခရစ်နှစ် ၁၈၈၈ မှာ မန္တလေးစူရတီပလီ ကို မူလ ကျွန်းသားပလီအဖြစ်မှ အခုလက်ရှိ အုတ်ကျောင်းပလီအဖြစ် ဆောက်လုပ်လှူ ဒါန်းခဲ့ပါတယ်

နာမည်ကောင်းများစွာနဲ့မင်းအဆက်ဆက်ချီးမြှင့်မြှောက်စားခံရပြီး ကိုယ့် ဘာသာအတွက်သာမက ဗုဒ္ဓဘာသာအတွက်ပါ များစွာသော ကုသိုလ်ကောင်းမှုတွေလုပ်ဆောင်ပေးခဲ့တဲ့  အခွန်ဝန် အကောက်ဝန် ကျောက်ရဲမြို့စား လောကဗိမာန်လှေတော်အုပ်  မဟာဘောဂဓနရာဇာဘွဲ့ မင်းလှစည်သူဘွဲ့ ခန်ဗဟာဒူးဘွဲ့များ ခံ စူရတီပလီနှင့် အကောက်ဝန်မင်းကျောင်းတိုက်ဒကာ မူလ္လာ အစ္စမန်အင်သည် ၁၉၀၅ နိုဝင်ဘာ ၂၇ ရက် အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ရာ ၎င်း ၏ ကောင်းမှုကုသိုလ် စူရတီပလီဝင်းအတွင်းတွင် မြှု ပ်နှံ သဂြို ဟ် ထား၍ ယခုထက်တိုင်တွေ့မြင်နိုင်ပါသေးကြောင်းနှင့် မန္တလေးသူမန္တလေးသားများ၏ ကောင်းမှုကုသိုလ်များထဲတွင် သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်

Hj ထက်နောင်ဦး
ကိုးကား ( ရွှေဘိုဦးဘဦး ရွှေမန်းနှစ်တစ်ရာပြည့်မြန်မာမွတ်စလင်တို့၏ အတ္ထု ပတ္တိ ).
မြို့နယ်အစ္စလာမ်သာသနာရေးရာ ကောင်စီ
ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့ ၏ဖေါ်ပြချက်အား ကူးယူတင်ပြအပ်ပါသည်


No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)