Monday, March 12, 2012

အမျိုးပျောက်မှာ စိုးကြောက်စရာ ရှင်းလင်းချက် (၂)

အမျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်ပါ အချက်အချို့အား ရှင်းလင်းခြင်း-

နိုင်ငံနဲ့ လူမျိုးအပေါ်မှာ တစ်ကယ်စေတနာကြီးပြီး မေးတာလို့ ခံစားမိလို့ ညီလေးရဲ့ မေးခွန်းတွေကို ပြန်ဖြေပေး ပါမယ်။ နိုင်ငံနဲ့ လူမျိုးပျောက်ဆုံးရမှာကို ကြောက်သူများထဲမှာ အကိုလည်း ပါဝင်ပါတယ်။ ဒီလိုကြောက်ရွံသူများ အနေနဲ့- မိမိနိုင်ငံနဲ့ မိမိလူမျိုး မပျောက်ရအောင် ဘယ်လိုလုပ်မလဲပေါ့။ ဒါကို စဉ်းစားရမှာပါ။  ဒါပေမယ့် စဉ်းစား နည်းမှားယွင်းရင်- ပျောက်ဆုံးတာ ပိုမိုလျှင်မြန် သွားနိုင်ပါတယ်။

(၁) အကိုတို့ အနေနဲ့ လူမျိုးနဲ့ ဘာသာ ဆိုတာကို ခွဲခြားမြင်တတ်ဘို့ အရေးကြီးပါတယ်။ မမြင်တတ်ရင် ကိုယ့် လူမျိုးကို ကိုယ်ထိန်းသိမ်းစောင့်ရှောက်လို့ မရနိုင်ကောင်းပါ။

ဘာသာ- ဆိုတာက အယူဝါဒ ဖြစ်ပါတယ်။ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဓနရှင် ၀ါဒ မျိုး ဖြစ်တယ်။ လူ မျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံက မိမိနိုင်ငံရဲ့ လူသားများ တောင့်တမှုအလျှောက်၊ ဓလေ့ထုံးတမ်း အလျှောက် ကြိုက်ရာဝါဒကို ကူးပြောင်းလက်ခံနိုင်ပါတယ်။ ၀ါဒကို လက်ခံခြင်းကြောင့် လူမျိုး မပျောက်ဆုံးနိုင်ပါ။ ဥပမာ- ကရင်လူမျိုးတွေထဲမှာ- ဘယ်ဘာသာကိုမှ မကိုးကွယ်ရသေးတဲ့ တောတွင်းကရင်လူမျိုးတွေ ရှိတယ်။ ခရစ် ယာန်ကို ယုံကြည်သက်ဝင်သူ ရှိတယ်၊ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူရှိတယ်၊ အစ္စလာမ်ကို ယုံကြည် သက်ဝင်သူရှိတယ်။ ဒါပေမယ့် ကရင်က ကရင်ပါပဲ။ ၀က်သားစားတာနဲ့ မစားတာပဲ ကွာခြားပါတယ်။ သူတို့ တွေ က ဘာကိုမှ မပြောင်းသွားဘူး။

အလားတူပဲ ညီလေး ထောက်ပြခဲ့တဲ့ နိုင်ငံတွေကို ပြောမယ်။ အာရဗ်- သူတို့တွေက ဟိုစဉ်က အများစုကြီးက ခရစ်ယာန်များ၊ ဂျူးများ ဖြစ်ခဲ့တယ်။ အနည်းစုက ရိုးရာနတ်တို့၊ နတ်ကွန်းရုပ်ပွားတို့ကို ကိုးကွယ်သူများဖြစ် ခဲ့တယ်။ အဲ့ဒီမှာ အစ္စလာမ်သာသနာ ပေါ်လာတယ်။ သူတို့တွေက အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည် လာတယ် (အလွယ်တကူ လက်ခံလာတာ မဟုတ်ဘူးနော်၊ အစပိုင်းက အစ္စလာမ်ကို လက်ခံလာသူတိုင်း ညှင်း ဆဲ သတ်ဖြတ်ခံခဲ့ရတယ်။ တိုင်းပြည်က မောင်းထုတ်ခံခဲ့ရတယ်- သမိုင်းကိုသိလိုရင် နောက်ပိုင်း ရှင်းပြပါမယ်။) ဆိုလိုတာက အာရဗ်က ဂျူးဘာသာကို ယုံကြည်ရင်လည်း အာရဗ်ပဲ၊ ခရစ်ယာန်ဘာသာကို ယုံကြည်ရင်လည်း အာရဗ်ပဲ။ အစ္စလာမ်ကို ယုံကြည်တော့လည်း အာရဗ်ပဲ။ အဲ့ဒီသာသနာက စနစ်ကောင်းတယ်၊ အုပ်ချုပ်ရေး စနစ် လည်းကောင်းတယ်ဆိုတော့ အနီးအနားက လူထုက လက်ခံလာတယ်၊ လက်ခံလာတဲ့ လူထုက သူတို့ဘုရင် တွေကို တောင်းဆိုတယ် (ဒီမိုကရေစီ တောင်းဆိုသလိုပါ)။ ဒီမှာ အစ္စလာမ်က ကျယ်ပြန့်လာခဲ့တယ်။ ဘယ် လူမျိုးက အစ္စလာမ်ကို လက်ခံ လက်ခံ အဲ့ဒီလူမျိုးက အဲ့ဒီလူမျိုးသာ ဖြစ်ပါတယ်။ ဥပမာ ဗမာက ဗုဒ္ဓဘာသာကို လက်ခံလို့ နီပေါလ်လူမျိုး ဖြစ်မသွားဘူး၊ အလားတူ မွန်က ဗုဒ္ဓဘာသာကို လက်ခံလို့လည်း နီပေါလ်လူမျိုး ဖြစ် မသွားဘူးလေ။ မြန်မာနိုင်ငံပဲ ကြည့်ပါ- ဗုဒ္ဓဘာသာကို အဓိက လက်ခံတဲ့ လူမျိုးကြီး ငါးခု ရှိတယ်။ ရခိုင်၊ မြန်မာ၊ မွန်၊ ရှမ်း နဲ့ ပအို့ လူမျိုးတို့ ပါ။ ကျန် လူမျိုးများက ဗုဒ္ဓဘာသာ ရာနှုန်းမများဘူး- ခရစ်ယာန် ရာနှုန်းများတယ်။ ဘယ်လိုဖြစ်ဖြစ် မွန်က မြန်မာ ဖြစ်မသွားသလို၊ ရခိုင်ကလည်း မွန်ဖြစ်မသွားဘူး။ အလားတူ ခရစ်ယာန်ကို ကိုး ကွယ်တဲ့ ကချင်၊ ချင်း၊ ကရင် လူမျိုးများကလည်း အင်္ဂလိပ် ဖြစ်မသွားဘူး။

အစ္စလာမ်ကို လက်ခံတဲ့ နိုင်ငံများလည်း ဒီလိုပဲ။ ပါကစ္စတန်က ပထန်လူမျိုးများတယ်၊ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီ များတယ်၊ အင်ဒိုနီးရှားက မလိုင် လူမျိုးများတယ်၊ မလေးရှားလည်း မလိုင် လူမျိုးများတယ်။ (မလိုင် ဆိုတာက မ လက်ကာ ရေလက်ကြားဝန်းကျင် လူမျိုးကိုခေါ်တာပါ။) ဒါပေမယ့် နိုင်ငံတိုင်းမှာ လူမျိုးစုံ ရှိပါတယ်။ ဘာသာစုံ လည်း ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော် ဘာသာကြီး ငါးရပ်ထဲမှာ ဗုဒ္ဓဘာသာ ပါဝင်တယ်။

(၂) လူမျိုး- ဒါကိုခွဲခြား နားလည်ဘို့ လိုပါတယ်။ အကိုတို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး (နိုင်ငံတည်ရှိမှုဒေသ) က လူဦး ရေ အလွန်များတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ကြားမှာ ညပ်နေတယ်။ ဒီနိုင်ငံများက လူဦးရေ အကိုတို့ နိုင်ငံ ထဲကို ပြိုမကျစေဘို့ အရေးကြီးပါတယ်။

ဒီမှာလည်း မြန်မာနိုင်ငံက စီးပွားရေး ကောင်းလာပြီး ပတ်ဝန်းကျင်နိုင်ငံများက စီးပွားရေးကျနေ ရင်တော့ လုပ် ကိုင်စားသောက်ဘို့ လူတွေ ရောက်လာမှာပဲ။ အခုပဲကြည့်လေ- မြန်မာနိုင်ငံက စီးပွားရေးကျနေတော့ ထိုင်းနိုင်ငံ တစ်ခုတည်းမှာ မြန်မာနိုင်ငံသား ငါးသန်းကျော်ရှိနေပြီ။ မလေး၊ အင်ဒို၊ စင်္ကပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး တို့မှာလည်း အများကြီးပါ။ အနောက်နိုင်ငံများနဲ့ အမေရိကန်မှာလည်း မနည်းတော့ ဘူးဗျာ။ ဒီလို နိုင်ငံတကာကို ရောက်နေတဲ့ မြန်မာနိုင်ငံသားများက - နီးစပ်ရာနဲ့ အိမ်ထောင်ကျမယ်၊ မွေးလာတဲ့ ကလေးက လူသားပီပီ သူ့ကို မွေးခဲ့တဲ့ အရပ်မှာပဲ သူကပျော်မယ်၊ ခင်တွယ်မယ်- ဒီလိုနဲ့ နောက် နှစ် ၂၀ ကြာ ရင် အဲ့ဒီကလေးက မြန်မာပြည်ကို ပြန်လာရရင်တောင် သူမပျော်တော့ဘူး ဖြစ်သွားမယ်။ ပိုဆိုးတာက နောက် နှစ် ၅၀ ကြာရင် အဲ့ဒီကလေးကလည်း သူ့ကိုမွေးတဲ့ အရပ်မှာပဲ အိမ်ထောင်ကျ သား၊ မြေးရ မြန်မာပြည်ဆိုတာ သူ့အတွက် အတိတ်ရာဇ၀င်ထဲမှာပဲ ကျန်တော့မယ်လေ။ အလားတူပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က အာရှတခွင် မှာ မြန်မာက စီးပွားရေးကောင်းတယ်။ ဒီတော့ အိန္ဒိယသားတွေ၊ တရုတ်တွေ လာခဲ့တယ်။ သူတို့က မြန်မာပြည် မှာ နှစ်ပေါင်းများစွာ (အင်္ဂလိပ် အုပ်ချုပ်စဉ် နှစ်ပေါင်း ၆၀) လောက်နေလိုက်တော့ စတင်လာခဲ့သူက သေသွား ပြီ။ သူ့ သားမြေးတွေက မြန်မာပြည်ကလွဲ ဘယ်ကိုမှ သွားလာဘို့ မသိတော့ ဖြစ်သွားတယ်။ ဒီတော့ သူ့စိတ်ထဲ မှာ မြန်မာပြည်ဟာ သူ့ပြည် ဖြစ်ပါတယ်။ ဒါပေမယ့် လူဦးရေက မြန်မာကို မြိုပစ်နိုင်တဲ့ လူဦးရေ မရှိဘူး-၊ မြန်မာ ပြည်ကိုလာခဲ့တဲ့ နိုင်ငံခြားသား လူဦးရေက အများဆုံးရှိ လူ ၂ သန်း လောက်ပါ။ အခုခေတ်မှာ မြန်မာပြည်က လူများ ထိုင်းကို ရောက်နေတာလောက် မများပါ။ အခုခေတ်မှာ အိန္ဒိယ တရုတ်၊ ဘင်္ဂလားဒေ့ရှ်က မြန်မာပြည် ထက် စီးပွားကောင်းနေပါတယ်။ ဆက်လက် တိုးတက်နေပါတယ်။ ဒီတော့ မြန်မာပြည်သားများက လူသား ဆိုတော့ စီးပွားရှိရာကို သွားရောက် စီးပွားရှာစားကြတာပဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ ရခိုင်လူမျိုးတွေ သန်းချီပြီး ရှိနေပါတယ်။ ညီလေး လေ့လာကြည့်ပါ။ အလားတူ အိန္ဒိယထဲမှာလည်း သန်းနဲ့ချီ ရှိနေပါတယ်။

(၃) သို့သော် မိုးမပြို ပြိုခဲ့သည်ရှိသော်- လူဦးရေများတဲ့ နိုင်ငံက လူဦးရေနည်းတဲ့ နိုင်ငံကို လူတွေ ပိလာနိုင်ပါ တယ်။ ဒါလည်း မလွယ်လှဘူး။ လူဆိုတာ ဘယ်လောက်လူဦးရေများများ ကိုယ့်မြေ ကိုယ့်ရေကို ကိုယ်ချစ်တာ ပဲ။ ကိုယ့်အိမ်ကို ကိုချစ်တာပဲ။ ကိုယ့်အိမ်မှာ နောက်ထပ်ကလေး တစ်ဦး ထပ်မွေးလာလို့ အိမ်ကို စွန့်သွားသူ မရှိ ဘူး။ သူတို့တွေ သူတို့အရပ်မှာ ထမင်းရှိနေသ၍၊ နောက်နေရာကို ပြောင်းသွားဘို့ မလွယ်ဘူး။

ဒါပေမယ့် စစ်ပွဲကြောင့် ထွက်ပြေးတိန်းရှောင်မှုများ ဖြစ်နိုင်တယ်။ ဒါက အသက်လုရတဲ့ အခြေအနေပါ။ ဒီအဖြစ် မျိုး ဒီဖက်သမိုင်းမှာ မြန်မာနိုင်ငံထဲကို နိုင်ငံခြားသား ၂ ကြိမ်ဝင်ဘူးတယ်။ ပထမအကြိမ်- တရုတ်ပြည်မှာ ကွန် မင်တန်၊ ကွန်မြူနစ် စစ်ဖြစ်တော့ ကွန်မင်တန်တွေရှုံးတယ်-သူတို့ကို တရုတ်ဖြူတွေလို့ခေါ်တယ်။ သူတို့က ထိုင် ၀မ်ကို ပြေးရတယ်။ ဒါပေမယ့် တရုတ်ပြည် အနောက်ပိုင်းက လူတွေက ထိုင်ဝမ်ကိုပြေးဘို့ ဝေးနေတော့ မြန်မာ ပြည်ကို ဖြတ်ရတယ်။ လာအိုကိုဖြတ်ရင် နီးပေမယ့် လာအိုကလည်း ကွန်မြူနစ်ကြီးစိုးတော့ မြန်မာပြည်ကိုပဲ ဖြတ်ပြီး မဲခေါင်မြစ်က ပြေးဘို့ စဉ်းစားတယ်။ ဒီတော့ ပြေးလာသူကများ ခရီးကကြန့်ကြာနဲ့ မြန်မာပြည်မှာ သောင်တင်သွားတယ်။ ၀င်လာတဲ့လူဦးရေက သန်းပေါင်းများစွာ ဖြစ်နေတယ်၊ မြန်မာအစိုးရက တရုတ်ဖြူ စစ် ဆင်ရေးလုပ်ပြီး ကာကွယ်ရတယ်။ နို့မဟုတ်ရင် လူဦးရေများသူက လူဦးရေနည်းတဲ့ မြန်မာကို မြိုသွားမှာ သေ ချာပါတယ်။ ဒါတောင် ၀ နယ်နဲ့ မြန်မာနိုင်ငံ အထက်ပိုင်းမှာ တရုတ်လူဦးရေက အတော်ကိုများသွားတယ်။

ဒုတိယ အကြိမ်က ၁၉၇၁- ၇၃ ထိ ဘင်္ဂလားဒေ့ရှ်မှာ လွတ်လပ်ရေးတိုက်ပွဲဖြစ်တယ်။ အဲ့ဒီအခါက ဘင်္ဂလားဒေ့ရှ် ကို ပါကစ္စတန်က အုပ်ချုပ်ထားတာပါ။ သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ စစ်ပြေးတွေက မြန်မာပြည်ထဲကို ၀င် လာတယ်။ ဒါကို အစိုးရက နဂါးမင်းစစ်ဆင်ရေး ဂဠုံမင်းစစ်ဆင်ရေးတွေနဲ့ လိုက်တားရတယ်။ အခုခေတ်မှာ မြန်မာပြည်က လူတွေက စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်ဘက်မှာ အများကြီးရှိ တယ်။ အပြန်အလှန်စဉ်းစားပါ။

သူတို့ရဲ့ ပြည်တွင်းစစ်အတွင်း ဘင်္ဂလားဒေ့ရှ်လူမျိုး တော်များများဟာ မြန်မာနိုင်ငံတစ်ခုတည်းကို မဟုတ်ဘူး နီး စပ်ရာ အိန္ဒိယနိုင်ငံထဲက အာသံ၊ မဏိပူရဘက်ကိုလည်း ပြေးရတာပဲ။ ဒီလို အခြေအနေမှာ နေရာတစ်ခုမှာ ကြာ လာတော့ အိမ်ထောင်ကျမယ်၊ ကလေးမွေးမယ်၊ အဲ့ဒီမှာ အခြေကျသွားတယ်။ အခုမြန်မာတွေ နိုင်ငံရပ်ခြား မှာ အခြေကျသွား သလိုပေါ့။

(၄) အခုခေတ်နောက်ပိုင်းမှာ- သူတို့နိုင်ငံအားလုံးက မြန်မာထက် စီးပွားရေးကောင်းနေတယ်၊ နိုင်ငံရေး တည် ငြိမ်နေတယ်။ ဒီတော့ လူဦးရေ မပြိုနိုင်သေးဘူး။ ဒါပေမယ့်- နိုင်ငံရေး တင်းကြပ်မှုရှိတဲ့ တရုတ်နိုင်ငံကို ထည့် စဉ်းစားထားရမယ်။ ဘင်္ဂလားဒေ့ရှ်ကို မေ့ထားဘို့ မဆိုလိုဘူးနော်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေး အခြေအနေက တရုတ်ထက် အနေချောင်တယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာနဲ့ ရခိုင်များက ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ လွတ်လပ် ခွင့် အပြည့်ရှိနေတယ်။ လူမျိုးစု လွှတ်တော်မှာ ဥက္ကဌထိ ဖြစ်နေတယ်။ ရခိုင်အမျိုးသမီး တစ်ဦးတောင် ၀န်ကြီး ဖြစ်နေတယ်။ ပြီးတော့ အမေရိကန်နဲ့ နိုင်ငံကြီးများက ဘင်္ဂါလီလူမျိုးတွေကို တရားဝင် သွားလာနေထိုင်ခွင့် ဗီဇာ ပေးထားတယ်။ မောလ်ဒိုက်နိုင်ငံက သူ့နိုင်ငံမှာ အချိန်မရွေးလာနေဘို့ ကမ်းလှမ်းထားတယ်။ နောက်ဆုံး သူ့နိုင်ငံမှာ လူဦးရေ သန်း ၁၀၀ လောက်ပဲရှိတာပါ။ မြန်မာပြည်ထဲကို ပြိုကျတယ်ထားဦး မီးကုန် ယမ်းကုန် ၁၀ သန်းပဲ- (ဒါတောင် မဖြစ်နိုင်ဘူး)။ သူ့နိုင်ငံနဲ့ တစ်ဆက်တည်း အိန္ဒိယပိုင် အနောက်ဘင်္ဂလား ပြည်နယ်က သူနဲ့ လူမျိုးတူတယ်၊ ဘာသာစကား တူတယ်၊ ယဉ်ကျေးမှုတူတယ်၊ ထိစပ်နယ်မြေ ပိုမိုကျယ်ပြန့်တယ်။ ၀င်ရော ပြိုကျ စရာရှိရင် သူတို့အနေနဲ့ အနောက်ဘင်္ဂလားဘက်ကိုပဲ ပြိုကျသွားမှာပါ။ တကယ်လို့ လူဦးရေ ၁၀ သန်းပြိုကျ တယ် ထားဦး- လူဦးရေ သန်း ၆၀ ရှိတဲ့ မြန်မာကို ဘယ်လိုမှ မဖုံးလွှမ်းနိုင်ဘူး။ မြန်မာကပဲ ပြိုကျတဲ့ လူတွေကို မြိုပစ်လိုက်မှာပါ။

ပိုပြီး စိုးရိမ်ရတာက တရုတ်ပြည် ဖြစ်ပါတယ်။ နိုင်ငံရေးက တင်းကြပ်မှုရှိတယ်။ မတော်တဆ အသွင်ပြောင်းမှု ဖြစ်ရင် အချင်းချင်း စစ်ဖြစ်မယ်။ ဒီတော့ လူသားများ ထွက်ပြေးရမယ်။ ဒီလိုဆိုရင် သူတို့အနေနဲ့ မြန်မာပြည်ထဲ ကိုပြိုကျနိုင်တယ်။ တရုတ်နဲ့ မြန်မာ နယ်စပ်က မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ထက် အဆပေါင်း ၃၀၀ ကျော် ပိုမို ရှည်လားတယ်။ ယဉ်ကျေးမှု ပိုမိုနီးစပ်တယ်။ ရုပ်ရည် နီးစပ်မှု ရှိတယ်။ တရုတ်ပြည်ရဲ့ လူနေအထူထပ်ဆုံး အ ပိုင်းနဲ့ မြန်မာက ထိစပ်နေတယ်။ ဒီတော့ သူတို့က ပြိုကျရင် သန်း ၁၀၀ လောက်ပြိုကျနိုင်တယ်။ ဒီလိုဆိုရင် မြန်မာလူမျိုးကို သူတို့က ဖုံးလွှမ်းသွားနိုင်တယ်။ အဓိကပြသနာ တစ်ခုရှိသေးတယ်။ အဲ့ဒါက တရုတ်ပြည်မှာ သားထိန်း စနစ်ကြောင့် မိဘတွေက သမီးမိန်းကလေးကို မမွေးချင်ဘဲ ဖျက်ချခဲ့တာ- အခုဆို နှစ် ၆၀ ကျော်ပြီ။ ဒီ တော့ အခုခေတ် တရုတ်ပြည်လူဦးရေ စာရင်းကို စစ်တမ်းကောက်ကြည့်တော့ ယောက်ျားဦးရေက မိန်းမဦးရေ ထက် သန်း ၇၀ ပိုနေတယ်။ အဲ့ဒီမှာ အိမ်ထောင်ပြုနိုင်တဲ့အရွယ် ယောက်ျား သန်း ၄၀ အတွက် မိန်းမမရှိဘူး ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံက မိန်းကလေးတွေဟာ လူမှောင်ခိုလမ်းကတစ်ဆင့် အရောင်းစားခံနေရတာ များတယ်။ လောလောဆယ်ကို ဖြစ်နေတဲ့ကိစ္စကို ပြောတာပါ။ မြန်မာပြည်မှာကလည်း စီးပွားကကြပ်တည်း၊ နိုင်ငံခြားကို အထင်ကြီး- တရုတ်ပြည်ကလည်း တိုးတက်လာ- အဲ့ဒီ အခြေအနေမှာ မြန်မာမိန်းကလေး သန်း ၂၀ လောက်ဟာ ဆယ်နှစ်အတွင်း တရုတ်နဲ့ ငြားသွားနိုင်ပါတယ်။ အခု လက်ရှိစစ်တမ်းအရ ကုလားပြည်ဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှာက မိန်းမဦးရေပိုများတယ်။ ယောက်ျားတွေယူလို့ မကုန်လို့ ယောက်ျားတစ်ဦးကို မိန်းမ နှစ်ဦး သုံးဦး ယူနေရတယ်။ (ဟိန္ဒူရော- မွတ်စ်လင်ရော ကိုပြောတာနော်။ အိန္ဒိယ လူဦးရေ စစ်တမ်းကို ကြည့်ပါ။) နောက်ထပ်လည်း မြန်မာမိန်းကလေးတွေ ထိုင်းနယ်စပ်တွေဖြစ်တဲ့ မဟာချိုင်တို့ မဲဆောက်တို့မှာ ဘာတွေဖြစ်နေလဲဆိုတာ လေ့လာကြည့်စေလိုတယ်....

ဒီတော့ ညီလေးတို့ အစ်ကိုတို့ အနေနဲ့ တစ်ကယ့်လက်တွေ့ကို ဆင်ခြင်သင့်တယ်။ ဘင်္ဂလားဒေ့ရှ်က လူဦးရေ ပြသနာကို ညီလေးထက်စာရင် အကိုပိုသိနိုင်ပါတယ်။ အကိုက မိဘမျိုးရိုး ရခိုင်အစစ်ပါ။ အကိုတို့ရွာသားတွေရဲ့ ဓါတ်ခံစိတ်ကိုယ်က ကုလားမုန်းတဲ့ ရောဂါရှိပြီးသားပါ။ ဒါပေမယ့်- ဘင်္ဂလားဒေ့ရှ်က လူတွေ ရခိုင်ကို ၀င်နိုင်အား က တရုတ်ပြည်က လူတွေ ကချင်၊ ၀၊ ရှမ်း တို့ ကို ဖြတ်ပြီး ၀င်နိုင်အားထက် အဆ ၃၀၀ နည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့-

(၁) ရခိုင်နဲ့ ဘင်္ဂါလီ ရုပ်ရည်၊ ယာဉ်ကျေးမှု၊ ဓလေ့ မတူညီဘူး။

(၂) နယ်မြေဆက်စပ်မှုက အလွန်ကျဉ်းတယ်။
(၃) လောလောဆယ်မှာ စီးပွားရေးက သူတို့က သာနေတယ်။

(၄) သူတို့ရဲ့ ယာဉ်ကျေးမှုအရ လူမျိုးခြားကို ယူတာနည်းတယ်။ (သူတို့ပြည်မှာလည်း မိန်းမက ပေါ လျှံနေတယ်) သူတို့ရဲ့ စစ်ပြေးကာလ မြန်မာ၊ မလေး၊ ယိုးဒယားကို ရောက်ပြီး ယူခဲ့တာက သမိုင်း တစ်ခုပါ။ သူတို့ပြေးလာ တော့ သူတို့မှာ မိန်းမ မပါဘူး၊ သူတို့အရပ်ကိုလည်း မပြန်နိုင်ဘူး၊ ရောက်ရာ အရပ်မှာ အခြေချရတယ်၊ ဒီတော့ သူတို့နဲ့ သဘောတူနိုင်တဲ့ မိန်းကလေးတွေကို လူ- လူချင်း အိမ်ထောင်ပြုခဲ့တယ်။ ဒါပေမယ့် အတင်းအဓမ္မ သိမ်းပိုက်ယူတာ၊ မုဒိန်းကျင့်တာ သမိုင်းမှာ မကြား ဖူးဘူး။ သူတို့က ရလာတဲ့ ကလေးတွေကို ဇာတ်ပျက်မှာ စိုး လို့ဆိုပြီး သူတို့လူမျိုးချင်းပဲ ပြန်လည်ပေးစားတာများတယ်။ အလွန်နည်းတဲ့ ရာနှုန်းလောက်ပဲ သူတို့အသိုင်း အ၀ိုင်းရဲ့ အပြင်ဘက်ကို ရောက်သွားပါတယ်။

(၅) လောလောဆယ်မှာ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ရခိုင်လူဦးရေထက် ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရခိုင် လူဦး ရေက ပိုများတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရခိုင်လူဦးရေဟာ- ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ မွတ်စလင် လူဦး ရေထက်လည်း ပိုများတယ်။ ညီလေးအနေနဲ့ နိုင်ငံလူဦးရေကို ပြန်လည် လေ့လာကြည့်ပါ။

(၆) တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂါလီတွေ ၀င်လာတယ်ထားဦး- သူတို့က မြန်မာပြည်ထဲမှာ ၀င် ရောရတာ မလွယ်ဘူး၊ သီးခြားဖြစ်နေတယ်။ တရုတ်တွေကျတော့ မြန်မာပြည်ထဲကို ၀င်လာတယ်ဆိုရင် သက် ဆိုင်ရာ အရပ်က ဘုန်းကြီးကျောင်းကို နည်းနည်းပါးပါး ပေးကမ်းလိုက်ပြီး ဘုန်းကြီးကို ကိုယ့်လူဖြစ်အောင် မွေး လိုက်တာပဲ- (တည့်တည့်ပြောတာနော်)၊ ဒီတော့ အဲ့ဒီဘုန်းကြီးက တရုတ်လူဖြစ်သွားတယ်။ တရုတ်ကြီးကို ဒကာကြီး ဒကာကြီး လုပ်ပြီး ကာကွယ်စောင့်ရှောက်တယ်။ မြန်မာလူမျိုးက နဂိုကတည်းက ဘုန်းကြီးပြီး- ပြီးတဲ့ လူမျိုးဆိုတော့ တရုတ်အတွက် သိပ်အနေရှောင်သွားတယ်။ ပြီးတော့ တရုတ်က မြန်မာနဲ့ ၀င်ရောရလွယ်တဲ့ လူ မျိုး ဖြစ်နေတယ်။ လောလောဆယ်တောင် မြန်မာပြည်မှာ ဘင်္ဂါလီစာဆိုတာ မရှိဘူး၊ တရုတ်စာနဲ့ တရုတ် ဆိုင်း ဘုတ်ကြီးတွေက နိုင်ငံအနှံ့ဖြစ်နေပြီဗျာ။

ဖြစ်နေပုံက အကိုတို့ မြန်မာနိုင်ငံသားတွေဟာ တရုတ်တို့ရဲ့ လှည့်စားခြင်းကို အပြီးခံနေရတာပါ။ ကုလားတွေ သူတို့ချင်းချင်း စားသောက်ရလွယ်ကူအောင် ၇၈၆ ဆိုတဲ့ ကဏန်းလေး သုံးလုံး ရေးထားတာပဲ မဲသဲပြီး အကြောင်းပြနေပြီး တစ်ဘက်မှာ တရုတ်စာ သောင်း၊ သန်း မက ဆိုင်း ဘုတ်တွေကို ကြောင်တောင်ကန်းနေ အောင် လုပ်ထားတယ်လေ။ ကုလားတွေမှာ ၇၈၆ ဆိုတာကိုတောင် ကုလားလို့ရေးထားတာ မရှိဘူး။ မြန်မာလို အများစု ရေးတယ်။ သို့မဟုတ် အင်္ဂလိပ်လို အနည်းအကျဉ်းရေးတယ်၊ အာရ်ဗီလို ရေးတာ အလွန့်အလွန်နည်း တယ်။ ညီလေးတို့ အနေနဲ့ တည့်တည့် တိတိကျကျ မြင်တတ်အောင် ကြည့်စေချင်တယ်။ နို့မဟုတ်ရင် ၁၁၊ ၁၂ ရာစုမှာ အာရဗ်တွေ ခံသလို ခံလိုက်ရလိမ့်မယ်။

၁၁၊ ၁၂ ရာစုလောက်မှာ မွတ်စလင် အာရဗ်တွေဟာ ဥရောပသားတွေနဲ့ တတိယ ကရူးဆိတ်ကို ရင်ဆိုင် ဖြစ်နေ ရတယ်။ (ကရူးဆိတ် စစ်ပွဲဆိုတာ ညီလေးအပါအ၀င် မြန်မာနိုင်ငံသားများ သိထားတာ သမိုင်းအမှား ဖြစ်နေ တယ်နော်၊ wiki ထဲမှာ Crusade war ကို ရိုက်ပြီး ရှာကြည့်လိုက်ပါ။ အဲ့ဒီမှာ အဲ့ဒီစစ်ပွဲကို ဘယ်သူက စခဲ့သလဲ၊ ဘာလို့ စခဲ့သလဲ- သိရလိမ့်မယ်၊ စတုတ္တ၊ ပဉ္စမ၊ ဆဌမ ကရူးဆိတ်များက ဥရောပသားတွေ မွတ်စလင်ကို တိုက်စရာမရှိလို့ သူတို့ချင်း ခရစ်ယာန် ဂိုဏ်းကွဲတွေ အာဏာလု တိုက်နေကြတဲ့ပွဲတွေဖြစ်တယ် ဆိုတာပါ သိသွားလိမ့်မယ်။) ကရူးဆိတ် စစ်ပွဲတိုင်းက အာရဗ်မြေပေါ်ကို ဥရောပသားတွေက လာတိုက်တာချည်းပဲနော်။ တတိယအကြိမ်မှာလည်း အာရဗ်မြေကို ကျူးကျော်လာတဲ့ ဥရောပသားတွေကို အာရဗ်တွေက တော်လှန်ခုခံဘို့ သဲကြီးမဲကြီး အာရုံပြုနေတုံး- နောက်ကျောကနေပြီး- မွန်ဂိုးလီးယားတွေက အာရဗ်ကို ၀င်သိမ်းပစ်လိုက်တယ်။ ဘက်ဒတ်က အဓိက တက္ကသိုလ်ကြီးကို ဖျက်ဆီးပစ်လိုက်တယ်။ မိန်းမတွေကို မယားငယ်၊ လိင်ကျေး ကျွန်လုပ် ပစ်တယ်။ မွန်ဂိုလီးယားဆိုတာ တရုတ်မျိုးနွယ်ပါ။ အိန္ဒိယ ကုလားများ မဟုတ်ဘူးနော်။ အလားတူပဲ အခုလည်း မြန်မာတွေက ဘင်္ဂါလီ နှစ်ယောက်တစ်ပိုင်းကို မျက်လုံးစပါးမွေးစူးနေတော့- နောက်ကျောက တရုတ်ကြီး ၀င်စီး ထားတာကို မေ့နေကြတယ်လေ။

၁၉၈၈ အရေးအခင်းပြီး- မြန်မာပြည်စီးပွားရေးကျနေစဉ် ကာလမှာတောင် တရုတ်က မြန်မာပြည်ကို ၀င်လာတဲ့ ဦးရေ သုံးသန်းက ငါး သန်းထိ ရှိတယ်။ immigrant into Burma လို့ ရိုက်ပြီး အင်တာနက်မှာ ရှာကြည့်ပါ။

အကိုက အမှန်တွေကို ပြောတာနော်- ညီလေး လူမျိုးမုန်းတီးရေးကို လှုံဆော်တာ မဟုတ်ဘူး၊ လူ - ဆိုတာ လူ ပါပဲ အချင်းချင်း မုန်းတီး ရန်ဖြစ်၊ သတ်ဖြတ်နေဘို့ မလိုဘူး။ မိမိလူမျိုး မပျောက်ပျက်ရေးဆိုတာက ဘာသာတ ရား အယူဝါဒနဲ့ မဆိုင်ဘူး-ဆိုတာပဲ နားလည်စေချင်တယ်။ ကချင်တွေ အများစုက ခရစ်ယာန်ကို ကိုးကွယ် တယ် ဒါကြောင့် ကချင်က လူမျိုးပျောက်သွားတာ မဟုတ်ဘူးဆိုတာ ညီလေး မြင်တတ်အောင်ကြည့်ပါ။ အလား တူ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာကို မကိုးကွယ်မှီကလည်း အင်ဒိုနီးရှားလူမျိုးပဲ။ ဗုဒ္ဓဘာသာမှ တစ်ဆင့် အစ္စလာမ် ကို ကူးပြောင်း သွားတော့လည်း အင်ဒိုနီးရှားလူမျိုးပဲ- အာရဗ်တွေလို နှခေါင်းရှည်လာတာ မဟုတ်သလို မျက် လုံးကျယ်လာတာလည်း မဟုတ်ဘူး၊ အာရဗ်စကားလည်း မတတ်ဘူး၊ သူတို့ဓလေ့နဲ့ သူတို့လူမျိုးဟာ သူတို့ လူမျိုးပါပဲ။

လူမြိုမှ လူမျိုးပြုတ်နိုင်တာပါ၊ ဘာသာမြိုလို့ လူမျိုးမပြုတ်နိုင်ဘူးဆိုတာကို နားလည်စေချင်တယ်။ ဘာသာက တော့ လူသား ဆိုတာ ကြိုက်တာကို လက်ခံမှာပဲ။ လူမြိုမှာကြောက်လို့ လူမျိုးကို ကာကွယ်ရင် ကာကွယ်သူ ဟာ သမိုင်းမှာ သူရဲကောင်း ဖြစ်ပါတယ်။ အယူဝါဒမြိုမှာစိုးလို့ အယူဝါဒကို တားဆီးရင် သမိုင်းမှာ လူယုတ်မာ ဖြစ်တတ်တယ်။ ဥပမာ- ဒီမိုကရေစီဝါဒကို ကာကွယ်တားဆီးနေသူနဲ့ ခံစားကြည့်ပါ။ သို့မဟုတ် ရှင်အရဟံက သာသနာလာပြုတော့ ခုခံကာကွယ်ခဲ့တဲ့ အရည်းကြီးရဟန်းများနဲ့ နှိုင်းယှဉ်ခံစားကြည့်ပါ။

အစ္စလာမ့်သမိုင်းကို ရေးနေရင်တော့ စာက သိပ်ရှည်သွားလိမ့်မယ်။ ဖြစ်နိုင်ရင် ညီလေးအနေနဲ့ Wiki မှာ ဖတ်ကြည့်ပါ။ သို့မဟုတ် ဘာသာပြန်ဖတ်လိုရင် အကို့ဆိုက်မှာ ဖတ်ပါ။ အတတ်နိုင်ဆုံး ဘက်မလိုက်မိအောင် ဘာသာ သုံးခုလုံးရဲ့သမိုင်းကို ဘာသာပြန်ပေးထားပါတယ်။ သုံးခုလုံးကို ဖတ်မှ ဇတ်ရည်လည်နိုင်မယ် ညီလေး။

လေးစားလျက်-


အစ္စလာမ်-မြန်မာ



မျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ် စာမျက်နှာ (၁၉) ပါ (၁၆-၃-၁၉၇၉) ထုတ် TIME MAGAZINE ဆိုသည် မှာ ဖော်ပြပါ ထိုနေ့ ထိုရက်ထုတ် TIME MAGAZINE လုံးဝမရှိပါကြောင်း အောက်ဖော်ပြပါ လင့်ခ်ကို ကလစ်နှိပ် ကာ စာဖတ်သူများကိုယ်တိုင် ၀င်ကြည့်ခြင်းဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ…. ဒီလောက်ဆိုရင်ဘဲ မျိုးပျောက် မှာ စိုးကြောက်စရာ ဆိုတဲ့ စာအုပ်ရဲ့ လိမ်ညာဖော်ပြမှု့ကို စာဖတ်သူများ နားလည်သိရှိ သဘောပေါက်နိုင်မှာဖြစ်ပါတယ်….

 




Ebook အနေနှင့်- (တခြား ရှင်းလင်းချက်များပါ ထည့်သွင်းရေးသားထားသည်)

6 comments:

  1. ဘယ်လိုပဲဖြစ်ဖြစ် အစ္စလာမ်တွေက ဘာသာရေးနဲ့ ပတ်သက်လာရင် နယ်ချဲ့တာကတော့ အမှန်ပါပဲ.. စစ်ရေးအရပါ နယ်ချဲ့ကြတာပါ။။ ဗုဒ္ဓဘာသာမှာ ဘာသာရေးအတွက် စစ်တိုက်ပြီး နယ်ချဲ့တာ မရှိသလောက်ပါပဲ။

    ReplyDelete
  2. နယ်စပ်ကနေ ခိုးခိုး ၀င်လွန်းအားကြီးလို့ အစိုးရက နယ်စပ်ကနေ စနစ်တကျ ခြံစည်းရိုးခတ်လိုက်ချိန်မှာ ဘင်္ဂလားဒေ့ရှ်က မကျေလည်တဲ့အသံတွေ တော်တော် ကျယ်လောင်လာပါတယ်။ မြန်မာတွေ ယိုးဒယားကို နည်းလမ်းပေါင်းစုံနဲ့ ချောင်းကူး မြောင်းကူးဝင်တာပါပဲ။ ယ မှာနေ ယ မှာကြီးတဲ့ မြန်မာတွေ အများကြီးပါ။ မြန်မာနိုင်ငံသားလို့ အသိအမှတ်အပြုမခံရတဲ့ မောင်သောင်းဒီလို လူတွေ အများကြီးပါ။ ဘယ်သူများ သူတို့ကိုယ် သူတို့ ယိုးဒယား နိုင်ငံသားအဖြစ် တောင်းဆိုပါသလဲ။ လက်ရှိကို နိုင်ငံသားဖြစ်ခွင့် မဲ့နေတဲ့ မောင်သောင်းဒီလို လူမျိုးတွေကို ဘာကြောင့်များ လူ့အခွင့်အရေးသမားကြီးတွေ မျက်ကွယ်ပြုနေကြပါသလဲ။

    ReplyDelete
  3. တိဗက်လူမျိုးဆိုတာ တရုတ်လူမျိုးမဟုတ်ပါ။ အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေက ဘာသာရေးနဲ့ ပတ်သက်လာရင် နယ်ချဲ့တယ် ဆိုတာ ငြင်းမရတဲ့ အချက်ပါ။ ဥပမာ - အစ္စလာမ်ဖြစ်သွားတာနဲ့ စားနေကျအစားအစာတွေ စားလို့ မရတော့တာ၊ ဟာလာဖြစ်ခြင်းကိုမှ စားရတာ။ အ၀တ်အစားကိုလည်း အစ္စလာမ်ဘာသာအဆုံးအမ တကိုယ်လုံးဖုံးပြီး ၀တ်ရတာတွေဟာ ရှိပြီးသား ယဉ်ကျေးမှုကို ၀ါးမြိုလိုက်တာပါပဲ။ ၇၈၆ ဆိုမှ ၀င်စားလို့ရခြင်းဟာ စီးပွားရေးအရ ဈေးကွက်အသာစီးရအောင် နယ်ချဲ့ခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ ဥပမာ - အစၥလာမ္ဘာသာလိုပဲ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာဟာလည်း တိုင်းတပါးက ရောက်လာတာပါပဲ။ ဒါပေမယ့် ဗုဒ်ဓဘာသာဝင်တွေရဲ့ ယဉ်ကျေးမှုက ဟိနဒူယဉ်ကျေးမှု မဖြစ်သွားပါဘူး။ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်တဲ့သူတွေကလည်း အရှေ့အလယ်ပိုင်းဒေသကလူတွေလို မ၀တ်စားသွားဘူး၊ မပြောင်းသွားပါဘူး။ ဆိုလိုတာက သက်ဝင်ယုံကြည်မှုဟာ ရှိပြီးသား ယဉ်ကျေးမှုကို မ၀ါးမြိုသွားဘူး၊ နယ်ချဲ့မှု မပြုပါဘူး။ ဒါပေမယ့် အစၥလာမ္ဘာသာကေတာ့ တကမ္ဘာလံုး ပံုစံတူပါတယ္။ အစၥလာမ္ဘာသာကို သက်ဝင်ယုံကြည်လာတဲ့ နိုင်ငံ သို့မဟုတ် လူမျိုးတိုင်းဟာ ဘာသာရေးအရ သူတို့ရဲ့ ရှိပြီးသား ယဉ်ကျေးမှုတွေ အားလုံး နယ်ချဲ့ ၀ါးမြိုခံရတာချည်းပါပဲ။ မကြိုက်မှန်း သိပေမယ့် ထောက်ပြတာပါ။

    ReplyDelete
    Replies
    1. အတော်လေး စိတ်ဝင်စားစရာ ထောက်ပြမှုပါပဲ။ မိတ်ဆွေအနေနဲ့- အာရဗ်ကမ္ဘာက အရေးအခင်း ဓါတ်ပုံတွေနဲ့ မြန်မာနိုင်ငံက အရေးအခင်း ဓါတ်ပုံတွေကို ယှဉ်ပြီး မကြည့်မိဘူး ထင်ပါတယ်။ အဲ့ဒီမှာ လူအုပ်ကြီး အလွှာ ပေါင်းစုံက လူထုကြီးကို ရိုက်ထားတဲ့ မြင်ကွင်းကို မြင်ရလိမ့်မယ်။ အာရဗ်ကမ္ဘာက လူထုကြီးထဲမှာ မိတ်ဆွေခံစား နေရတဲ့ မွတ်စလင်ဝတ်စုံ ဆိုတာမျိုး ၀တ်ထားတာ ရာခိုင်နှုန်း ဘယ်လောက် ပါဝင်ပါသလဲ။ မြန်မာနိုင်ငံက လူအုပ်ကြီးထဲမှာ သင်္ကန်းဝတ်ထားတာ ရာနှုန်းဘယ်လောက် ပါဝင်ပါသလဲ- ယှဉ်ပြီး လေ့လာ ကြည့်ရင် အ၀တ်အစား ပြသနာ ရှင်းသွားပါလိမ့်မယ်။

      ပြောစရာတော့ ရှိတာပေါ့ဗျာ- လက်ရှိ မြန်မာနိုင်ငံက လူတွေက မြန်မာပြည်မှာ ရှိတဲ့ မွတ်စလင်တစ်ချို့ ၀တ်စား တာတွေကိုပါ။- ဒါတွေက အိန္ဒိယဘာသာရေး ယဉ်ကျေးမှု ၀တ်စုံတွေ ဖြစ်ပါတယ်။ အဲ့ဒါကို ဆရာတော်တွေက “လူတစ်ဦးချင်းစီရဲ့ စာရိတ္တကို ထိန်းဘို့ ခွင့်ပြုထားတာပါ။” ဆိုလိုတာက လူတစ်ဦးဟာ ဥပမာ သင်္ကန်းဝတ်ထား တယ် ဆိုပါတော့- သူဟာ သောက်စား၊ ပျော်ပါး၊ မြူထူးနေဘို့ သူ့ကိုယ်သူ ချင့်ချိန်ရပါတော့တယ်။ ဒီလိုပဲ မွတ်စ လင်တွေကို စာရိတ္တပိုင်းဆိုင်ရာ ထိန်းဘို့ “အရက်သောက်ခြင်း၊ ပြည့်တန်ဆာရုံကို သွားခြင်း”မျိုး မဖြစ်ရအောင် သူ့ကိုယ်သူ ထိန်းသိမ်းအောင် ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ အ၀တ်အစားကို ဆင်တူ ၀တ်စေခိုင်းလို့ နယ်ချဲ့တာ လို့ သတ်မှတ်ရင် ကိုယ်တော်ဂေါတမလည်း သားတော်ရာဟုလာကို သာသနာ့အမွေကိုသာ ပေးမယ် ဆိုပြီး ရဟန်းခံစေခိုင်းခဲ့တာပဲ။ (သင်္ကန်းဝတ်စေခဲ့တာပဲ) ဒါဆို ကိုယ်တော်လည်း နယ်ချဲ့တာပဲလားလို့ မေးစရာ ဖြစ်လာဦးမှာပါ။

      Delete
    2. ၇၈၆ ဆိုတဲ့ ဆိုင်းဘုတ်က- ဘယ်လိုနယ်ချဲ့သလဲ ကျွန်တော် နားမလည်ပါ။ သို့သော် အနည်းငယ်တော့ ရှင်းပြ လိုပါတယ်။ ၇၈၆ ဆိုတဲ့ ဆိုင်းဘုတ်ကို မြန်မာပြည်မှ အပ တွေ့ရမှာ မဟုတ်ပါ။ မြန်မာမွတ်စလင်တွေဟာ နိုင်ငံခြားကို အားမပေးပါ။ အားမကျပါ၊ ဒါကြောင့် မြန်မာမွတ်စလင် ၉၉ ရာနှုန်းက ကုလားလို မတတ်ပါ။ မိတ်ဆွေ မြန်မာတစ်နိုင်ငံလုံးကို လိုက်ကြည့်ပါ။ ကုလားစာနဲ့ ဆိုင်းဘုတ် ဘယ်လောက်တွေ့ရသလဲ၊ တရုတ်စာနဲ့ ဆိုင်းဘုတ် ဘယ်လောက်တွေ့ရသလဲ ကိုယ်တိုင်ဆင်ခြင်ကြည့်ပါ။ အာရ်ဗီစာ ဆိုတာကိုတော့ ဘာသာရေးစာ အဖြစ် သင်ယူပါတယ်။ အာရ်ဗီစာက မိတ်ဆွေတို့ သတ်မှတ်နေတဲ့ ကုလား (အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်) စာများ မဟုတ်ပါ။ ပါဠိ စာ သဘောမျှ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အာရဗ်လူမျိုး တစ်ဦးမှ မရှိပါ။ ဒါကြောင့် မြန်မာမွတ်စလင်တွေကို သိစေဘို့ အာရ်ဗီစာနဲ့ ဆိုင်းဘုတ်ရေးရင်လည်း အသုံးမ၀င်ပါ။ ရေးလည်း မရေးပါ။

      မွတ်စလင်များက သူတို့ဘာသာအလျှောက် စိတ်သန့်သန့်နဲ့ စားသုံးနိုင်ဘို့ သူတို့ဟာ သူတို့ သင်္ကတ အဖြစ် ၇၈၆ ဆိုတာကို ရေးသားခြင်း ဖြစ်ပါတယ်။ ဒီလို ရေးသားထားခြင်းဖြင့် ဂျူးများ ခရစ်ယာန် စနေအသင်းသားများ လည်း စိတ်သန့်သန့်နဲ့ စားသုံးနိုင်ပါတယ်။ တစ်ကမ္ဘာလုံးကတော့ ဟာလာဟ် လို့ ရေးပါတယ်။ ဒါဟာ စီးပွားရေး နယ်ချဲ့တယ် ဆိုရင် ဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်တဲ့ ထိုင်းနဲ့ တရုတ်ကို အရင်ပြောရပါမယ်။ သူတို့က အာရဗ်နိုင်ငံများနဲ့ အခြားသော မွတ်စလင်နိုင်ငံများကို ဖြန့်ချီဘို့ သူတို့ရဲ့ အစားအသောက် ပို့ကုန်တွေမှာ ဟာလာဟ် တံဆိပ်ကို ရေးသားပါတယ်။ အခုဆိုရင် ဗီယက်နာမ်လည်း ရေးနေပါပြီ။ မွတ်စလင်များက နယ်ချဲ့ရင် အဲ့ဒီ တံဆိပ်ကို ဘယ်ရေးပါ့မလဲ။ တရုတ်တို့၊ ဗီယက်နာမ်တို့ ထိုင်းတို့က ဟာလာဟ် ဆိုတဲ့ တံဆိပ်မြင်ရင် တောင် သိပ်မှ မကြိုက်ချင်ဘဲလေ။ စီးပွားရေး နယ်ချဲ့သူဟာ ရောင်းလိုအားကိုပဲ ကြည့်ပါတယ်။ ၀ယ်သူရဲ့ demand ပေါ်မူတည်ပြီး ၀ယ်သူကြိုက် ရောင်းပါတယ်။ အခု ဟာလာဟ် တံဆိပ်က မွတ်စလင်တွေကို ရောင်းဘို့ မွတ်စလင်တွေဆီကို စီးပွားရေး နယ်ချဲ့ဘို့ တပ်ခြင်းသာ ဖြစ်ပါတယ်။- သေချာဆင်ခြင်စေလိုပါတယ်။

      Delete
    3. ဂျူးတွေဆီကို ဖြန့်ရင်တော့ kochar ကိုရှာ လို့ ရေးပေးပါတယ်။ မိတ်ဆွေအနေနဲ့ စီးပွားရေး ပညာကိုလည်း လေ့လာစေလိုပါတယ်။

      Delete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)