Tuesday, March 13, 2012

ရှင်ဂေါတမဗုဒ္ဓအား ပြတ်ချော်ပြောင်လှောင်သည့် NBC ရုပ်သံအားကန့်ကွက်ခြင်း (ကြေငြာချက်)

(၁) မတ်လ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ NBC ရုပ်သံတွင် ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ်သည့် Saturday Night Live (SNL) တွင် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ထုတ်လွှင့်သွားခဲ့သည်။ ၄င်း အစီအစဉ်တွင် ရှင်ဂေါတမအား ကာမဆန္ဒမြူကြွနေသူ အဖြစ် ပြက်ချော်ပြောင်လှောင်သည့် အခန်းပါဝင်သည်။

(၂) ဤတင်ဆက်မှုတွင် ကမ္ဘာကျော် မင်းသား မင်းသမီးများပါဝင်ပြီး ကမ္ဘာ့အ၀ှမ်း ထုတ်လွှင့်ခြင်းဖြစ်သဖြင့် ကမ္ဘာတလွမ်းရှိ ဗုဒ္ဓဘာ သာကို ယုံကြည်သူများအား အတိအလင်း မထီမဲ့ပြင်ပြုသည်ဟု ယူဆသည်။

(၃) လွတ်လပ်မှုနှင့် လူ့အခွင့်အရေးဟူသည့် ခေါင်းစဉ်အား အလွဲသုံးစားပြုလုပ်ပြီး ကမ္ဘာပေါ်ရှိ ဘာသာကြီးများ၏ ကိုးကွယ်ရာ၊ အ ထွတ်အမြတ်ထားရာများအား လှောင်ပြောင်စော်ကားခြင်းမှာ မတူဝါဒများအား အပြန်အလှန်လေးစားမှုမရှိဘဲ စော်ကားခြင်းဖြစ်သည်။

(၄) အစ္စလာမ်သာသနာ၏ ကျမ်းတော်မြတ်ကုရ်အာန်တွင် မည်သည့် ဘာသာတရားအား စော်ကားသည် ဖြစ်စေ- မိမိနှင့် မဆိုင် ဟု ဘေးထိုင်ပွဲကြည့်နေခြင်း မပြုရန် သွန်သင်ထားသည်နှင့် အညီ အရှင်ဂေါ်တမအား မထီမဲ့မြင် စော်ကားထားတဲ့ Rude Buddha အစီအစဉ်အား မိမိတို့  မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များအဖွဲ့ (Myanmar Muslim Student& Youth) မှ ကန့်ကွက်ပါသည်။

ရှင်ဂေါတမဗုဒ္ဓအား  ပြတ်ချော်ပြောင်လှောင်ထားသည့် သတင်းကို ဤနေရာ တွင်ဖတ်ပါ။

Source: MMSY

2 comments:

  1. ဗုဒ္ဒဘာသာဝင်တွေကတော့ သီးခံနိုင်ကြပါတယ် တချို့ဘာသာဝင်တွေတော့မပြောတတ်ပါဘူး အစော်ကားခံရမှု ဘာသာဝင်များပြားမှု ဒါတွေကအဓိကကြသလား နေပါစေလွှတ်ထားလိုက် တနေ့တော့အအေးမြဆုံး ဘာသာေ၇းက ကျန်ခဲ့ပါလိမ့်မယ် ။ကျန်ခဲ့မယ်ဆိုတာ နောက်ကိုပြောတာမဟုတ်ဘူး ကမ္ဘာပေါ်မှာရှိနေရစ်မှာ .တခြားဘာသာတွေ မရှိတော့။ ကြာလိမ့်မယ် မိတ္ဆာတောင်ကြီး အအိအိပြိုကြပြီး ပတ္တမြားဘဲကျန်သကဲ့သို့။

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)